Chapter - 21 // 80's 🌻

3.6K 426 37
                                    


၁၉၈၇ ခုနှစ်။ဆောင်းဦးရာသီ။

🌻

"အရွန် "

"ရှင် "

"အရွန် ကျင်လည်ရဦးမယ့် ပတ်ဝန်းကျင်က နောက်ဆိုရင် ဒီထက်ပိုပြီး ကျယ်ပြန့်လာတော့မှာ။ တကယ်လို့များလေ ထပ်ချစ်ရမယ့်လူများ ပေါ်လာခဲ့ရင် ..."

"အရွန်က အပျော်ရည်းစားတွေလည်း မထားခဲ့ဖူးတော့ အစ်မ စိုးရိမ်နေတာကို သိပါတယ်။ သိပေမယ့် အစ်မတစ်ယောက်ထဲကိုပဲ ချစ်ဖူးတာမှန်ပေမယ့် အစ်မတစ်ယောက်ထဲကိုပဲ ဆက်ပြီးချစ်နေမယ့်လူပါ။ ဒီလိုပြောလို့လည်း စကားအနေနဲ့ပါလို့မထင်ဘဲ အရွန်ကိုယုံကြည်ပြီး စောင့်ကြည့်စေချင်တယ်"

"သိနေတာလား။ အစ်မ စိုးရိမ်တာတွေကို"

မျက်နှာချင်းဆိုင်လှဲအိပ်နေမိသည့်အလျောက် တစ်ယောက်ရဲ့လက်တွေဟာ တစ်ယောက်ရဲ့ မျက်နှာထက်မှာ။

"အရွန် ကျောင်းသွားတဲ့အခါတိုင်း အရွန် အလုပ်သွားတဲ့အခါတိုင်း အစ်မ မျက်နှာလေး ညိုးညိုးပြီးကျန်ခဲ့တာကို"

"ဘာလို့ ဒီလောက်ထိ ချစ်မိသွားလည်းဆိုတာ အစ်မကိုယ်တိုင်လည်း မသိတော့ပါဘူးကွယ်"

"မသိလိုက်ခင်မှာ ငြှိတွယ်သွားတာက တကယ့်အချစ်စစ်မဟုတ်ဘူးလား။ တဖက်လူဆီကနေ အချစ်ကိုသေချာပေါက် မျှော်လင့်ပြီး ဖြစ်တည်လာတဲ့ လုပ်ရက်တွေနဲ့ သူ မချစ်လည်း ရပါတယ် ငါကချစ်နေရရင်ပြီးရောဆိုတဲ့ လူတစ်ယောက်ရဲ့အပြုအမူတွေက အချစ်လို့ ပိုပြီးခေါ်ထိုက်တယ်မလား"

"အရွန်က အစ်မပြန်ချစ်မယ်လို့ နည်းနည်းလေးမှ မထင်ခဲ့ဘူးပေါ့"

"ရယူလိုစိတ်နည်းပြီး ဖြူဖြူစင်စင်နဲ့ချစ်မိခဲ့တာမို့လို့ပါ"

"အခုကျတော့ရော"

"စင်္ကြဝဋာတခုလုံးမှာ အရွန်က အပျော်ရွင်ရဆုံး လူတစ်ယောက်လိုပဲ"

"အရွန် သိလား။ အရွန်ကလေ အစ်မထက်တောင် ပိုပြီးရင့်ကျက်နေတယ်။ တခါတလေ အစ်မကိုယ်အစ်မ ကလေးလေးလို ခံစားမိတဲ့အထိပဲ"

"အစ်မက အရွန်အတွက် ကလေးလေးလိုပါပဲ"

"အရွန် "

If you stay (The women)Where stories live. Discover now