Chapter - 8

3.7K 681 91
                                    

"ဆိုမင် . . . အစ်မဒီမှာ"

လက်လှမ်းပြလိုက်သည်နှင့် အနားကိုပြေးလာတဲ့ ကလေးမလေးဟာ ပြုံးရွင်လို့နေသည်။ ဆိုမင်လေးက လီဆာ့ကိုတော့ တကယ်ခင်တွယ်ရှာသည်။

"အစ်မ ပိန်သွားသလိုပဲ။ အစာ မစားဘူးလား။ ခေါက်ဆွဲတွေပဲ စားနေခဲ့တာမလား"

ဆိုမင်ဆီ ဒိုင်းခနဲရောက်ရှိသွားတဲ့ မျက်စောင်းတွေရဲ့ဖြစ်တည်လာရာဟာ လီဆာ့ရဲ့နံဘေးနားကဖြစ်သည်။ ဂျဲန်းနီက ဆိုမင်ကို မကြည်ကြည့်နဲ့ ဘုကြည့် ကြည့်နေတော့ လီဆာ့မှာ အလယ်ကနေ နေရတွေခက်လှပါတယ်။

"ဒါတွေနောက်မှပြောရအောင်ပါ။ အခု အစ်မကို အိမ်အရင်ပြန်ပို့ပေး။ နားချင်လို့"

လီဆာဟာ ဆိုမင်နဲ့ ဂျဲန်းနီကြားမှာဖြစ်သည်။ ဂျဲန်းနီကတော့ တည်ကြည်နေတဲ့မျက်နှာထားမျိုးနဲ့ လက်ပိုက်ကာ ဘေးဘီဝဲယာကို အကြည့်လွှဲနေသည်။

"ဟုတ်အစ်မ။ အစ်မအတွက် လက်ဆောင်လဲပါတယ်"

ဆိုမင်စကားကြောင့် လီဆာ့မှာ တအံ့တဩ။

"လက်ဆောင်ကို အစ်မကပေးရမှာလေ ဆိုမင်ရဲ့"

ပြုံးပြပြီး အရှေ့ကနေ ပြေးထွက်သွားတဲ့ ဆိုမင်ဟာ လီဆာ့ရဲ့ခရီးဆောင်လက်ဆွဲအိတ်ကိုပါ ကားရှိရာဆီ မနိုင့်တနိုင်နဲ့ သယ်သွားသေးတာ။ ညီမလေးတစ်ယောက်ကို အစ်မတစ်ယောက်က ချစ်စနိုးနဲ့ကြည့်သလိုမျိုး လီဆာလည်း ဆိုမင်ကို ပြုံးရင်းနဲ့သာ ကြည့်နေမိတော့သည်။

ထိုအချိန်မှာဘဲ ပတ်ဝန်းကျင်ကိုသာ အာရုံပေးနေခဲ့တဲ့ ဂျဲန်းနီက လီဆာ့အနားကို ရောက်လာတယ်။

"ကောင်မလေးက သွက်သွက်လက်လက်နဲ့ ချစ်စရာလေးပဲ။ ရှင့်ကို သဘောကျနေတဲ့ အရိပ်အရောင်တွေလဲ တွေ့နေရတယ်"

"မဟုတ်တာနော်။ ဆိုမင်က ကိုယ့်ကို သူ့အစ်မလိုမျိုး ခင်တွယ်နေရှာတာပါ"

ထိုသို့ပြောလိုက်သည့်အခါ လက်ပိုက်ပြီး လူကိုစိုက်ကြည့်လာတဲ့ ဂျဲန်းနီရဲ့ အကြည့်စူးစူးတွေနဲ့ တွေ့ဆုံမိချိန်မှာတော့ အနည်းငယ် မျက်ခုံးပင့်သွားမိသည်။ ဂျဲန်းနီရဲ့ တည်နေတဲ့မျက်နှာထားကြောင့် ဘာပြောမလဲဆိုတာကို လီဆာ စိတ်ဝင်စားမိသည်။ ထို့ကြောင့် နားစွင့်နေမိသည်။

If you stay (The women)Where stories live. Discover now