Chapter - 4

5K 939 131
                                    

"လုလီလေးကို ဒီရက်ပိုင်း ဆက်ပြီး ထိန်းပေးထားပါဦး။ အစ်မ ခရီးသွားစရာရှိလို့"

အဝတ်အစားတွေကို Luggage အိတ်ထဲ ခပ်မြန်မြန်ထည့်နေရင်း ပုခုံးနဲ့ ပါးကြားမှာ ဖုန်းကိုဖိထားလျက်နဲ့ ဆိုမင်ဆီ ဖုန်းခေါ်ပြီး အပူကပ်ရလေပြီ။

" ဘယ်သွားမလို့လဲ အစ်မ။ ရုတ်တရက်ကြီး"

"အင်း စိတ်ပြေလက်ပျောက်အနေနဲ့ပါ။ သိပ်တော့ကြာမယ်မထင်ဘူး။ သုံးလေးရက်လောက်ပဲ"

"ဂရုစိုက်နော် အစ်မ။ တစ်ခုခုဆို ညီမဆီ ဖုန်းဆက်"

" အင်း "

အဝတ်အစား လဲပြီးသည်နှင့် အဌားကားဖြင့် လေယာဉ်ချိန်မှီအောင် သွားမိတာက အလောတကြီး။ လေယာဉ်ပေါ်မှာလဲ အတွေးပေါင်းစုံဖြင့် တမှေးတောင်မှ မှေးစက်ခွင့် မရခဲ့ပေ။ ပြင်သစ်ကိုရောက်တော့ ညသန်းခေါင်နီးပါး။ ဟိုတယ်မှာ အဝတ်အစား အိတ်ကိုထားပြီး အပြင်ကို ပြန်ထွက်ခဲ့မိတဲ့ ခြေလှမ်းတွေဟာ အယ်လီဇယ်နဲ့တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေအပြည့်နဲ့။

Eiffel Tower နဲ့ နီးတဲ့ ဟိုတယ်ကို ရွေးချယ်ထားတာမို့ လမ်းလျှောက်ရင်းနဲ့သာ အိမ်မက်ထဲ ရိပ်ခနဲမြင်လိုက်မိတဲ့ နေရာတစ်ခုကို လီဆာ အရောက်သွားနေမိပြန်တယ်။

အိမ်မက်ထဲက အဲ့ဒီခုံတန်းလျားလေးဟာ အပြင်မှာတကယ်ရှိလား မရှိလားလဲ လီဆာ မသိ။ အတည်ပြုချင်သည့် ကိစ္စတစ်ခုကြောင့်သာ ထိုနေရာအထိ အရောက်လာနေခဲ့မိတာ။

၁၂ နာရီထိုးဖို့ မိနစ် ၂၀ အလို။

Eiffel Tower ကိုရှင်းရှင်းလင်းလင်းမြင်ရသည့် ပန်းခြံတစ်ခုအတွင်းကို လီဆာ ရောက်လာခဲ့ပြီ။ ဒူးခေါင်းအထိဖုံးတဲ့ Coat အကျီအနက်ရောင်နဲ့ ပုခုံးထက်သာရှိတဲ့ ဆံနွယ်တွေ။ လီဆာဟာ မိန်းမဆန်ဆန် နွဲ့နှောင်းပြီးနေရတာကို ဘဝင်မတွေ့တဲ့ မိန်းမမျိုးဖြစ်သည်။

အလယ်တည့်တည့် ခွဲထားသည့်ဆံပင်ကိုမှ နဖူးပေါ် ဟိုဘက် ဒီဘက် ဝဲကျနေတဲ့ ဆံစတွေနဲ့ ရုတ်တရက်ကြည့်လိုက်မိလျှင် ယောင်္ကျားလေးတစ်ယောက်နှင့်အသွင်တူသည်။ မြင့်မားလှတဲ့ အရပ်အမောင်းနဲ့ အချိုးအဆစ်ပြေပျစ်ပြီး ခန့်ညားလှတဲ့ မျက်နှာကျဟာ မိန်းကလေးတွေရဲ့ စိတ်ဝင်စားခြင်းကို များစွာရရှိနေတဲ့ အကြောင်းအရင်းသာဖြစ်သည်။

If you stay (The women)Dove le storie prendono vita. Scoprilo ora