Chapter - 40

3K 382 47
                                    

လူတစ်ဦးချင်းစီတိုင်းမှာ အချိန်တိုင်း ပြန်လာစေချင်တဲ့ တစ်စုံတစ်ယောက်ကတော့ ရှိတက်ကြစမြဲပါပဲ။ လူ့ဘဝဆိုတာဟာ အကြောင်းတခုခုကြောင့်နဲ့တော့ ခက်ခဲပင်ပန်းစွာနဲ့ ရှင်သန်ကြရပါတယ်။ ထိုပင်ပန်းမှုတွေကို လူတွေက ဒီလိုမျိုး လှလှပပလေး နာမည်ပေးတက်ကြတယ်။

အချစ်ဦးတဲ့။

လီဆာ့အတွက်ကတော့ သုံးနှစ်သုံးမိုးဆိုတဲ့ အချိန်ကာလတစ်ခုမှာ နာကျင်မှုတွေ နောင်တတရားတွေနဲ့ နေသားကျသွားတယ်ဆိုပေမယ့် နေနိုင်သွားတာမျိုးတော့ မဟုတ်ပါဘူး။ စောင့်နေမိတဲ့ တစ်စုံတစ်ယောက်သောသူ တကယ်ပြန်မလာတော့ဘူးဆိုတဲ့ အသိနဲ့ နာကျင်မှုဒဏ်ကို ခံနိုင်သွားတယ်ဆိုရုံပါပဲ။

စောင့်နေမယ်လို့ မပြောလိုက်ဘဲ စောင့်နေမိမှတော့
ပြန်မလာတော့တဲ့ တစ်စုံတစ်ယောက်ကိုလည်း အပြစ်မဆိုနိုင်ခဲ့ပြန်ဘူး။

မေ့လုနီးနီးဖြစ်နိုင်ကောင်းပါရဲ့လို့ စိတ်ဆိုးဒေါသထွက်စွာ တွေးခဲ့ဖူးပေမယ့် တကယ်တမ်းကျတော့ နာရီလက်တံတွေ ရွေ့လျားနေသမျှ သတိရစိတ်တွေဟာ တရိပ်ရိပ်တက်နေရဆဲပါပဲ။

"ထင်တဲ့အတိုင်း ဒီကိုရောက်နေတာပဲ။ နည်းနည်းပါးပါး လျော့သောက်ပါဦး လီဆာရယ်"

"နောက်ဆို ကိုယ့်ကို လိုက်မရှာပါနဲ့။ တစ်ယောက်ထဲပဲ နေချင်တယ်"

"လိုက်မရှာလို့ ရမလား။ ကြာလာရင် နင့်အသည်းတွေလဲ ရစရာရှိမှာကို မဟုတ်တော့ဘူး"

"ဘေဘီ့ကိုချစ်တဲ့ ကိုယ့်နှလုံးသားကတော့ အကောင်းအတိုင်းရှိနေပါသေးတယ် ချယ်ယောင်းရယ်"

လီဆာသည် Private bar တခုမှာ အမြဲလိုလို လာသောက်နေကြဖြစ်ပြီး အခုချိန်ထိ စကေးမတက်သေးတဲ့ ချယ်ယောင်းမှာတော့ ၂ ခွက်လောက်နဲ့တင် ရီဝေဝေဖြစ်တက်တာမို့ မသောက်တော့တာ ကြာခဲ့ပြီ။ တကယ်တော့ အရက်မူးလာရင် အိမ်ပြန်ပို့ပေးမယ့်လူဟာ ချယ်ယောင်းဘဝထဲ မရှိတော့တာ အတော်ကိုကြာခဲ့ပါပြီ။

"ကိုယ် မှတ်မိနေတုန်းပဲ ချယ်ယောင်း"

"ဘာကိုလဲ"

"သူ့ကို ဘယ်တော့မှ မမေ့နိုင်တော့ဘူးဆိုတဲ့ အရင်တုန်းက အသိတရားတခုကို ကိုယ် အခုချိန်ထိ အမှတ်ရနေဆဲပဲ။ ရက်ရက်စက်စက် စွန့်ပစ်သွားခဲ့တာတောင်မှလေ။ ဘေဘီနဲ့ပတ်သက်လာရင် ကိုယ့်နှလုံးသားက သူမှသူပဲ ဖြစ်နေခဲ့တာ"

If you stay (The women)Where stories live. Discover now