Chapter - 24

3K 443 57
                                    



"လီဆာ !"

"လီဆာ စိတ်ကိုထိန်းထားလေ"

ဂျီဆူးရဲ့ဆွဲထူပေးမှုကြောင့် လီဆာ အားကုန်သုံးကာ မတ်တပ်ထရပ်လိုက်ပြီး ဆေးရုံသုံး လူနာကုတင် ၂လုံးအနားကို တုန်ရီစွာနဲ့ ချဉ်းကပ်လာခဲ့မိသည်။

အပြင်ဘက်နဲ့ဆန့်ကျင်လွန်းစွာ သန့်ရှင်းတောက်ပြောင်နေသည့် ထိုအခန်းအတွင်း၌ လူနာကုတင်၂လုံးလဲရှိနေ၏။ တဖက်မှာတော့ ဆေးပိုက်တွေ တန်းလန်းနဲ့ ချယ်ဟီးဖြစ်ပြီး ကျန်တဖက်မှာတော့ ဆေးပိုက်တွေအပြင် အောက်စီဂျင်တွေပါ ပေးထားရတဲ့ ဂျဲန်းနီဟာ ရက်ရက်စက်စက်ကို ပိန်လှီးလို့နေသည်။ ပါးတွေဆို ပါးရိုးတွေပါ ချောင်ကျလုနီးနီးအထိပင်။ 

"ဂျဲန်းနီ ဂျဲန်းနီ "

"ဂျန်းနီ ကိုယ်ခေါ်နေတယ်လေ"

ဂျဲန်းနီရဲ့ပါးနှစ်ဖက်ကို အသာအယာပုတ်နိုးနေသည့် လီဆာ့ရဲ့ပြာယာခတ်မှုတွေသည် မျက်ရည်အသွင်သွင် စီးကျရသည်အထိ ပျော်ရွင်မှုနှင့် ဝမ်းနည်းမှုတွေဟာ
ရောထွေးနေတော့၏။

"ဘုရားရေ ! ဂျဲန်းနီက အသက်ရှိနေသေးတာပဲ။ ဟင် သွေးပေါင်ချိန်တွေလဲ တအားကို ထိုးကျနေပါလား"

ဂျဲန်းနီရဲ့ လက်ကောက်ဝတ်ကို သွေးခုန်နှုန်း စမ်းလိုက်မိတဲ့ ဂျီဆူးသည်လည်းဘဲ ပြာယာခက်သွားရတော့သည်။

"ဟယ်လို "

"အေး ငါပါ ဆေးရုံကား အမြန်လွှတ်လိုက်။ ဂျဲန်းနီကိုရှာတွေ့ပြီ။ ပြီးတော့ နောက်ထပ်လူနာလည်းရှိတယ်။ မြန်မြန်နော်"

ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ဂျီဆူးဟာ ဆေးပိုက်တွေကို အသည်းအသန်ဆွဲဖြုတ်နေတဲ့ လီဆာ့ကိုမြင်ပြီး လျင်မြန်စွာပင် ဖမ်းတားလာတော့သည်။

"နင် အရမ်းတွေမလုပ်နဲ့။ ဆေးပိုက်တွေမှာ အပ်တွေနဲ့ဆိုတာ မေ့နေလား။ ဒီလိုအချိန်မှာ သွေးထွက်လွန်သွားလို့ မဖြစ်တာကို"

"ဆောရီး သတိလက်လွတ်ဖြစ်သွားလို့"

"ဒီအတိုင်းထားနော်။ လုံးဝ မ မ,လိုက်နဲ့။ လှဲနေရတာ ကြာနေတဲ့လူနာကို ရုတ်တရက် မ,လိုက်ရင် အရိုးတွေ တခုခုဖြစ်သွားနိုင်တယ်။ ငါ နီးစပ်ရာ ဆေးရုံကို အကူအညီတောင်းထားတာမို့ သူတို့မလာခင်အထိ နင်ဘာမှ မလုပ်ဘူးလို့ ဂတိပေး"

If you stay (The women)Where stories live. Discover now