Chapter - 38

2.5K 326 26
                                    


"လီဆာရှီး ..."
"မနေ့က instagram မှာ တင်ထားတဲ့ ကောင်မလေးရဲ့ဖုန်းနံပါတ်လေး ပေးလို့ရမလား"

"ဟုတ်တယ် ဟုတ်တယ် ကျွန်တော့်ကိုရော ပေးပါလား။ သူ့ပုံလေးမြင်လိုက်တာနဲ့ လုံးဝကို ဖူးစာရှင်လိုမျိုး ခံစားလိုက်ရတာ"

ချယ်ယောင်းအပါအဝင် နောက်ထပ် မော်ဒယ်တစ်ယောက်ရဲ့ Fashion Magazine အတွက် လီဆာကိုယ်တိုင် ဦးစီးပြီး ရိုက်ပေးနေရတဲ့ ရှူတင်အတွင်းဖြစ်သည်။

"အဲဒီကောင်မလေးကို မြင်မြင််ချင်း ချစ်မိသွားလို့ လီဆာသာ ကူညီမယ်ဆိုရင် ဒီကျေးဇူးကို တသက်မမေ့ပါဘူး ..."

ဝန်ထမ်းကောင်လေးတွေရဲ့စကားကို ပြုံးပြရုံသာ တုံ့ပြန်နေမိပေမယ့် စိတ်အတွင်းမှာတော့ ရှိရှိသမျှ ဆဲနည်းပေါင်းစုံနဲ့ ကျိန်ဆဲပြီးနေပြီဖြစ်၏။

"အဲ့ဒီကောင်မလေးက တအားချေတာ။ သူ့ကို ig ကနေ စကားသွားပြောထားတာ ဝင်လဲမဖတ်ဘူး"

"ကူညီပါ။ လီဆာသာ ဖုန်းနံပါတ်ပေးရင် ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

ထွက်လာတဲ့ ဒေါသတွေက ငယ်ထိပ်တည့်တည့်ကို ရောက်နေပြီဖြစ်သည်။ အဲ့တာကြောင့် ဘေဘီ့ပုံကို မတင်ချင်တာ။ တနှာရူးနဲ့ နှာဘူးတွေက ခပ်များများရယ်။

"ဖုန်းနံပါတ်ပေးလိုက်တော့ရော ဂျဲန်းနီကင်မ်က လက်ခံစကားပြောမယ်လို့ ထင်နေတာလား။ အဲ့လို မျှော်လင့်ချက်နဲ့ဆိုရင် အခုကတည်းက လက်လျော့လိုက်တာ ပိုကောင်းပါတယ်။ ကဲ အခု အလုပ် စလိုက်ကြတာပေါ့။ ကိုယ့်နေရာ ကိုယ်ပြန်သွားလို့ရပါပြီ"

ချယ်ယောင်းကတော့ ဘာမှဝင်မပြောဘဲ သူ့နေရာမှာသာ ရေသောက်ရင်းနဲ့ ဖုန်းကြည့်နေလေသည်။ လီဆာသည်လည်းဘဲ လက်ရည်အတော်တက်နေပြီမို့ နာရီပိုင်းအတွင်း ရှူတင်ကို အဆုံးသတ်လိုက်နိုင်၏။

"လီဆာ့ လက်ရာတွေကို အရမ်းစိတ်တိုင်းကျလို့ ဖုန်းနံပါတ်ပေးထားလို့ရမလား"

"ရပါတယ် ..."

မော်ဒယ်မလေးရဲ့ ဖုန်းထဲကို နံပါတ်တခု ရိုက်ထည့်ပေးလိုက်သည်။

"ဒါဆို ညကျရင် ဆက်လိုက်မယ်နော်"

"အလုပ်ကိစ္စရှိရင်ပေါ့။ အဲ့တာ ကိုယ့်မန်နေဂျာရဲ့ ဖုန်းနံပါတ်ပါ"

If you stay (The women)Where stories live. Discover now