Chapter - 23

2.7K 381 55
                                    

လီဆာ့အိမ်ရဲ့ သုံးခြံကျော်မှာနေတဲ့ အသက် ၂၅ နှစ်အရွယ် ကောင်မလေးတစ်ယောက်က မနေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။ သူမ သေဆုံးချိန်က ည ၈ နာရီ။

တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ညမှာပဲ လမ်းထိပ်က စတိုးဆိုင်မှာ လီဆာ ဝိုင်တွေသွားဝယ်ပြီးအပြန် အဲ့ဒီကောင်မလေးနဲ့ တွေ့ဖြစ်ခဲ့သေးတယ်။ သူတို့အိမ်ရှေ့ကနေ ဖြတ်သွားရတာဆိုတော့ ခြံရှေ့မှာ ငုတ်တုတ်ထိုင်နေတဲ့ သူမကိုမြင်ပြီး အဆင်မပြေဘူးမလားလို့ လီဆာ လှမ်းမေးလိုက်မိသေးတာ။ အဆင်ပြေလားလို့ မေးစရာမှမလိုတာပဲ။ သူ့ပုံစံကြည့်တာနဲ့ လောကကြီးကို အရှူံးပေးချင်နေတဲ့ လူတစ်ယောက်မှန်း သိသာထင်ရှားနေတာ။

ကူညီနိုင်တာများရှိမလားဆိုပြီး မေးလိုက်တာမှန်ပေမယ့် သူမ ပြန်ဖြေလာတဲ့ စကားလုံးတွေကြောင့် လီဆာ ကြက်သေသေသွားမိတယ်။

"အဆင်ပြေသွားပါပြီ။ ကျွန်မ လွတ်မြောက်သွားပြီ"လို့ပြောပြီး လီဆာ့ကို ပြုံးပြရင်းနဲ့ ကျောခိုင်း ထွက်သွားခဲ့တယ်။ မှတ်မှတ်ရရ ဖုန်းကနာရီကို ထုတ်ကြည့်လိုက်တော့ အချိန်က ည ၁၁ နာရီ။ သူမဟာ သေဆုံးပြီးသွားပြီဆိုတာကို လီဆာ နောက်တစ်ရက်ရောက်မှသိခဲ့ရတာ။

သေဆုံးခြင်းနဲ့ အဆုံးစီရင်ခြင်းဟာ တကယ့်လွတ်မြောက်ခြင်းများလား။ ထွက်ပေါက်လို့ထင်နေကြတဲ့ အဲ့ဒီလမ်းကို လီဆာ ကိုယ်တိုင်လည်း ကျောခိုင်းပစ်ခဲ့တာ ကြာပါပြီ။

လတ်တလောကမှ ကြည့်လိုက်မိတဲ့ ရုပ်ရှင်ကလဲ all the bright places. ထိုရုပ်ရှင်ထဲကလိုမျိုး ကိုယ့်ကို ပျော်အောင် နည်းမျိုးစုံနဲ့ ဖန်တီးပေးနေသူရဲ့မပျော်ရွင်ရခြင်းတွေ၊သူ့ရဲ့ အမှောင်ဘက်ခြမ်းတွေကို မသိလိုက်ဘဲ နောင်တတွေနဲ့ ကျန်ရစ်ခဲ့ရမယ့် အဖြစ်မျိုးကို လီဆာ ကြောက်ရွံမိတယ်။

ရေကန်ထဲ ခုန်ဆင်းသွားသူကတော့ အမှန်တကယ်ရော လွတ်မြောက်သွားရဲ့လား မသိပေမယ့် ကျန်ခဲ့ရသူမှာတော့ အဆုံးစီရင်ခြင်းကို ရွံရှာပြီး နောင်တတွေနဲ့ နေရတော့မှာပဲဆိုတဲ့အတွေးမျိုး ဝင်လာတော့ ယခင်က ကိုယ့်ကိုယ်ကိုယ်တောင် အပြစ်တင်မိပါရဲ့။

If you stay (The women)Where stories live. Discover now