Chapter - 5

6K 899 172
                                    

ဆရာမ Jennie Ruby Jane ဟာ အရမ်းကိုသိုသိပ်လွန်းပြီး သူ့ရဲ့ဘဝအကြောင်းကို အရေးတယူလုပ်ပြီး ထုတ်ပြောလေ့မရှိတဲ့အပြင် နားလည်ရ ခက်ခဲလှတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ဟန်တူသည်။ စကားလည်း အရမ်းနည်းသည်။ တစ်ယောက်ထဲ နေရတာကို သဘောကျပုံလည်း ပေါ်သည်။ ဒီလိုတသီးတသန့်ဆန်တဲ့ အမျိုးသမီးကိုမှ လီဆာတည်းနေတဲ့ ဟိုတယ်အခန်းဆီသို့ ခေါ်လာဖြစ်ခဲ့တယ်။

အပြင်လောကဟာ သိပ်ကိုကြောက်စရာ ကောင်းမှန်း လက်တွေ့သိသွားခဲ့တော့ "ကိုယ် တည်းနေတဲ့ ဟိုတယ်ကိုလိုက်ခဲ့ပေးပါလား" ဆိုတဲ့ လီဆာ့ရဲ့ ရဲတင်းလှသည့်ကမ်းလှမ်းမှုကို သူမဟာ ငြင်းဆိုခြင်းမရှိခဲ့ပေ။

ဘဝအဆက်ဆက် သံသရာအဆက်ဆက်ဆိုတဲ့ စကားလုံးတွေနဲ့ စိတ်ကိုထွေပြားအောင် လုပ်နိုင်ခဲ့တဲ့အပြင် လီဆာနဲ့အတူ ကိုရီးယားကိုပြန်လိုက်ခဲ့ဖို့ သူမ ဘက်ကနေ ဖွင့်ဟ့ပြောဆိုလာတဲ့ အဲ့ဒီအချိန်တခဏတာမှာ ရူးမတက်ကို ပျော်ရွင်သွားခဲ့မိတာပါ။

အခုလဲ ဟိုတယ်အခန်းအတွင်းက မှန်တွေနဲ့ကာထားတဲ့ ပြတင်းပေါက်နားမှာ သူမ မတ်တပ်ရပ်ပြီး အပြင်ဘက်ကို ငေးနေပြန်ပါတယ်။ လွမ်းမောစွာနဲ့သက်ပြင်းတွေ ချနေတဲ့ သူမဆီမှာ ဘယ်လိုသောကတွေများ ရှိနေခဲ့တာလဲ။ သိခွင့်လေးသာ ရှိနေမယ်ဆိုရင် လီဆာ တကယ်သိချင်မိပါတယ်။

"ကော်ဖီသောက်ချင်လား"

လီဆာ ရှိရာဆီသို့ လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေဟာ ရွာချတော့မည့်ဆဲဆဲ မိုးတိမ်မိုးသားတွေလို အုံမှိုင်းနေသည်။ အယ်လီဇယ်တုန်းကလဲ ဂရုဏာတွေသက်ပြီး လီဆာဟာ အရူးအမူး စွဲလမ်းခဲ့ရတာ။ အခုလဲ ဒီအမျိုးသမီးအပေါ် ဂရုဏာတွေ သက်မိတော့မယ်ထင်ပါရဲ့။

"ကျွန်မ ဗိုက်ဆာနေလို့ အဆင်ပြေတာလေး တခုခု လုပ်ကျွေးလို့ရမလား လီဆာ"

ရင်ထဲလှပ်ခနဲ ဝမ်းသာမိရတဲ့အခိုက်အတန့်လေးပါပဲ။ သူမ ဆီက ဒီလိုတောင်းဆိုမှုကို လက်ခံရရှိတာဟာ လီဆာ့အတွက် ကံကောင်းမှုတစ်ခုပဲမဟုတ်လား။

သို့ပေမယ့် စိတ်မကောင်းဖြစ်မိလဲ အမှန်ပါပဲ။ အစားဆင်းရဲ အနေဆင်းရဲ အဖြစ်နဲ့ ရန်လိုတိုက်ခိုက်ချင်နေကြတဲ့ မကောင်းဆိုးဝါးတွေဆီကနေ ရှောင်ပြေးရင်း ဒီရက်တွေမှာ သူမ သိပ်ကို ပင်ပန်းနေခဲ့မှာ အသေအချာပါပဲ။

If you stay (The women)Where stories live. Discover now