Chapter - 27

3.8K 387 44
                                    


အမှိုက်ပုံးထဲ ရောက်သွားရသည့် ဟင်းပွဲတွေမှာ ဒါနဲ့ဆို ၂ ပွဲခန့်ရှိပြီဖြစ်သည်။ ဟင်းမချက်တာ ကြာနေပြီဖြစ်သောကြောင့် လီဆာ့မှာ မီးဖိုချောင်ထဲ ဂဂျောင်ရိုက်နေရတော့၏။

သုံးပွဲမြောက်ဟင်းပွဲမှာတော့ အောင်မြင်သည်ဟု ဆိုရမည်။ မြည်းစမ်းကြည့်သည့်အခါ စားလို့ရတဲ့ အနေအထားပေမို့ လီဆာ ခပ်မြန်မြန်လေး လတ်စသတ်လိုက်ရတော့သည်။ ဂျဲန်းနီ မျှော်နေမှာကိုသိနေတော့ စိတ်တွေက လိုတာထက်ပိုပြီး လောနေတာလည်း အမှန်ပင်။

"ဒေါက် ဒေါက် ဒေါက်"

ဆေးရုံသို့ရောက်သည့်အခါ အခန်းတံခါးကို ခေါက်လိုက်ပေမယ့် အခန်းအတွင်းမှ ဂျဲန်းနီရဲ့ပြန်ထူးသံကို လုံးဝမကြားရ။

"ဒေါက် ဒေါက်"

အိပ်ပျော်နေတာလား။ ဒါမှမဟုတ် ဂျဲန်းနီ စိတ်တိုနေတာများလား။ မြန်မြန်ပြန်လာခဲ့ဖို့ သူနာပြုကိုတောင် ဖုန်းဆက်ပြီး မှာခိုင်းထားတဲ့ကြားကနေ နေ့တဝက်နီးပါးလောက်အထိ ကြာသွားခဲ့တာဆိုတော့။

"ဒေါက် ဒေါက် "

"အရွန်ပါ အစ်မ"

ထိုကဲ့သို့အသံပြုလိုက်တော့မှ "ဝင်ခဲ့"ဆိုတဲ့ အသံနဲ့အတူ တံခါးဖွင့်ဖွင့်ချင်းမြင်ရသည်မှာက လူနာကုတင်ပေါ်ကနေ လီဆာ့ကို လှမ်းကြည့်နေတဲ့ ခပ်စူးစူးမျက်ဝန်းညိုတွေ။ သိပ်ချစ်တာပဲ အဲ့မျက်ဝန်းသွယ်တွေကိုလေ။

"အရွန် ဟင်းတွေအများကြီးချက်ခဲ့တယ်။ အစ်မ ကြိုက်မလားတော့မသိဘူး"

ဂျဲန်းနီဟာ မျက်နှာလွှဲသွားပြီး အပြင်ဘက်က ညအမှောင်ကိုသာ ငေးနေဆဲပင်။ ဟင်းပွဲတွေ နေရာချပြီးမှ ဂျဲန်းနီနားကိုလာကာ ဘေးနားကပ်ထိုင်လိုက်တော့ တဖက်ကို သိသိသာသာတိုးသွားတာ။

ဒါ... စိတ်ကောက်နေတဲ့သဘောပေါ့လေ။
ဂျဲန်းနီကင်မ် ဂျဲန်းနီကင်မ် ... တကယ် ချစ်စရာပဲ။

"ဗိုက်ဆာနေရောပေါ့။ စားရအောင်လေ အစ်မ။ စားပြီးရင် ဆေးလဲသောက်ရဦးမယ်"

"လူနာရှင်နေရာမှာ ဘာလို့ လာလီဆာမဟုတ်ဘဲ ကင်မ်ဂျီဆူးဖြစ်နေရတာလဲ"

If you stay (The women)Dove le storie prendono vita. Scoprilo ora