Chapter - 7

4.8K 788 183
                                    

"ဓာတ်ပုံထဲက ကျွန်မနဲ့တူတဲ့ မိန်းကလေးရဲ့ နာမည်ကို ပြောပြလို့ရရင် ပြောပြပေးပါလား အဘိုး"

ကောင်တာမှာထိုင်နေတဲ့ အဘိုးအိုဟာ မျက်မှန်ကိုချွတ်ပြီး လီဆာ့ကို မျက်ရည်တွေဝဲကာ ငေးနေပြန်ပါတယ်။ ပြီးတော့ အမည်နာမတစ်ခုကို နှုတ်ကနေ တစ်လုံးချင်း ရွတ်ပြလာတယ်။

"ဇူ ဆိုတဲ့မျိုးရိုးနာမည်နဲ့ ဇူပရန် ပရီရွန် လို့ခေါ်တယ်"

ဇူပရန် ပရီရွန်။

ဇူပရန် ပရီရွန်။

ဟိုတယ်ကိုပြန်နေတဲ့ လမ်းတစ်လျှောက်လုံး ဒီနာမည်လေးကိုပဲ စိတ်ထဲကနေ ထပ်ကာထပ်ကာ ရေရွတ်နေခဲ့မိတာ အရာအားလုံးကိုတောင် အမေ့မေ့ အလျော့လျော့ပါပဲ။

တဝှီဝှီသွားလာနေတဲ့ ကားတွေရဲ့ရွေ့လျားမှုတွေ။ လမ်းမီးတိုင်က ခပ်စူးစူး အလင်းရောင်တွေ။ လှုပ်ရှားသွားလာနေကြတဲ့ လူအစုစုတွေ။ အတွေးတွေက တစ်နေရာရာကို ပျံ့လွင့်နေတဲ့အခါ ထိုအရာတွေကို မျက်လုံးထောင့်နားကနေ ခပ်ရေးရေးသာ မြင်တွေ့နေရသည်။

ဟိုတယ်အခန်းတံခါး ဖွင့်ခါနီးကျမှ အရေးအကြီးဆုံး အရာတစ်ခုကို သတိရသွားဟန်နဲ့ လီဆာ့မှာ ကိုယ့်နဖူး ကိုယ်ရိုက်ရင်းသာ ငြီးထွားရလေပြီ။

"အာ ဟုတ်သားပဲ။ ငါ ဂျဲန်းနီကိုမေ့ခဲ့ပြီ"

ကိုယ့်ကိုယ်ကိုယ် စိတ်အပျက်မိဆုံး အချိန်ပါပဲ။ ဂျဲန်းနီတော့ စိတ်ဆိုးနေတော့မှာပဲလို့တွေးမိရင်း သက်ပြင်းချသံဟာ ခပ်သဲ့သဲ့။ အခန်းတံခါးကိုဖွင့်ကာ လေးပင်လှတဲ့ ခြေလှမ်းတွေနဲ့ အခန်းအတွင်းသို့ ဝင်ခဲ့ရသည်။ ထွန်းလင်းထားခြင်းမရှိတဲ့ အခန်းမီးရောင်ဟာ မှောင်မဲလို့နေပြန်သည်။ ဖိနပ်ချွတ်ပြီးသည်နှင့် ဘယ်ဘက်ခြမ်းက မီးခလုတ်ကိုစမ်းကာ ဖွင့်လိုက်ရသည်။

" အားးး !!! "

"လုလီရေ မာမီ့ကိုကယ်ပါဦး "

မီးဖွင့်ဖွင့်ချင်း ရုတ်တရက်ကြီး မြင်လိုက်ရတဲ့ အရာကြောင့် လန့်သွားမိတာက လိပ်ပြာလွင့်မတက်ပါပဲ။ သို့ပေမယ့် ထိုထိတ်လန့်မှုဟာ မကြာလိုက်ပါ။ လီဆာ့ နှုတ်ခမ်းတွေ ကွေးညွတ်ကာပြုံးသွားရသည်။

If you stay (The women)Where stories live. Discover now