Chapter - 28

3.6K 400 47
                                    


ဂျဲန်းနီအိမ်မှာ လိုက်အိပ်ပြီးနောက်ပိုင်း ကျွန်မတို့နှစ်ယောက်ရဲ့ပတ်သက်မှုဟာ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ပန်းလက်ဆောင်တွေကို လီဆာ့ဆီလာတိုင်း ယူလာတက်ပြီး မတူညီတဲ့ ပန်းအဓိပ္ပာယ်နဲ့အတူ တနေ့တမျိုး မရိုးရအောင် ချစ်ခွင့်လည်းပန်တက်သေးသည်။

ထို့အပြင် အကြောင်းမရှိ အကြောင်းရှာ၍ ညနေဘက်တွေဆိုရင် လီဆာ့ကို အပြင်ဘက် ခေါ်ထုတ်တက်ပြီး ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် သူ့အိမ်နဲ့နီးတဲ့ ဟန်မြစ်ဘေးမှာ လမ်းလျှောက်တာပဲဖြစ်ဖြစ် တနည်းမဟုတ်တနည်းနဲ့ သူ့အနားမှာသာ အဖော်ပြုစေပြန်သည်။ ပြီးရင်တော့ မှောင်နေပြီ အိမ်မှာပဲအိပ်လိုက်တော့ဆိုသည့်စကားကို ရုပ်တည်ကြီးနဲ့ ပြောတက်တဲ့ ဂျဲန်းနီကိုလည်း လီဆာ့မှာ ငြင်းဆန်နိုင်ရန် ခွန်အားမရှိခဲ့။

သူ့စိတ်နဲ့ ရူးနေပြီးသား လူတစ်ယောက်ကို ထပ်ကာ ထပ်ကာ ရူးစေချင်ပုံပါပဲ။ ဂျဲန်းနီကင်မ်က လီဆာ့အတွက်တော့ တကယ့်ကင်ဆာပဲ။

အခုလည်း ဂျဲန်းနီရဲ့ကွန်ဒိုနားက ကစားကွင်းထဲမှာ ရောက်နေရပြန်တယ်။ ည ၉ နာရီကျော်နေမှ ဒန်းစီးချင်တယ်ဆိုလို့ လီဆာ့ကိုပါ ဒီအထိ လာခိုင်းသည်လေ။ သူ့အကြံကို ဒီက မသိတာကျလို့။

"ဒီနေ့နဲ့ဆို လီဆာ့ကို ပိုးပန်းတာ ၂ပတ်ပြည့်တဲ့နေ့"

"အင်း ..."

ဒန်းကို လွှဲစီးရင်းသာ ခေါင်းငုံ့ရင်း ပြန်ဖြေမိသည်။ ဂျဲန်းနီဆီကနေ ပိုးပန်းခံရတာဟာ သိပ်ကိုကြည်နူးစရာပေမို့ လီဆာ လွယ်လွယ်နဲ့တော့ အဖြေမပေးချင်သေး။ ခေတ်စကားနဲ့ပြောရရင် ကြိုးရှည်ရှည်နဲ့ လှန်ထားချင်သေးသည်။

"မိန်းကလေးတစ်ယောက်က သူ့လိုမျိုး မိန်းကလေးတစ်ယောက်ကိုပိုးပန်းနေရတာ ရင်ခုန်စရာတော့ ကောင်းသားနော်။ တခုကောင်းတာက မိန်းကလေးချင်းဆိုတော့ လီဆာ ဘယ်လိုမျိုးတွေ ကြိုက်တက်သလဲဆိုတာကို တို့သိနေတာပဲ"

"ပြောပါဦး ကျွန်မ ဘာကြိုက်တက်တာလဲဆိုတာ"

"တို့ကိုလေ။ ဂျဲန်းနီကင်မ်ကို"

"အရူး"

"အင်း ရူးနေတာလေ။ လီဆာ့ကို ချစ်လို့"

If you stay (The women)Where stories live. Discover now