Chapter - 26 // 90's 🌻

2.6K 376 40
                                    


"အယ်လီဇယ် ရှိပါသလား"

သုံးရာသီလုံးလုံး ခေါ်သူမဲ့ခဲ့တဲ့ အိမ်လေးရဲ့အရှေ့ကနေ
ထူးဆန်းစွာနဲ့ အသံတခုကို ကျွန်မကြားခဲ့ရတယ်။ အဲ့ဒီနေ့က အရွန်မရှိတော့တာ တစ်နှစ်တင်းတင်း ပြည့်သွားခဲ့တဲ့နေ့။ စိတ်ဂယောင်ခြောက်ခြားဖြစ်တာနေမှာပါလို့ တွေးပြီး ဆွဲလက်စ ပန်းချီကိုသာ စိတ်နှစ်လိုက်ပေမယ့်

"အယ်လီဇယ် ရှိပါသလား"

ထိုအသံကိုဒုတိယအကြိမ်မြောက် ထပ်ကြားလိုက်တော့မှ ပြတင်းပေါက်ကနေ လှမ်းကြည့်မိတော့ မျက်နှာစိမ်း ယောကျ်ားတစ်ယောက်ဖြစ်နေခဲ့တယ်။ လက်ထဲက ပန်းချီစုတ်တံကို ချထားခဲ့လိုက်ပြီး အပြင်ဘက်ကိုထွက်ခဲ့လိုက်သည့်အခါ နေရောင်နဲ့မထိတွေ့တာ ကြာနေပြီဖြစ်တဲ့ မျက်လုံးတွေက စူးခနဲပဲ။

"ကျွန်မပါ အယ်လီဇယ်က"

"စာလာပို့တာပါ"

"စာ ..."

"ဟုတ်ပါတယ်"

နေကြာပန်းတစ်ပွင့်နဲ့ စာအိတ်အညိုရောင်လေးကို ကိုင်ပြီး ထိုနေရာမှာတင် ငြိမ်သက်နေခဲ့မိပါတယ်။

//

"အစ်မ ....

အစ်မကို အစ်မလို့ခေါ်ခွင့်မရတော့တာ တစ်နှစ်တောင်ရှိခဲ့ပြီနော်။ အစ်မလဲ ဒီခေါ်သံကို မကြားရတော့တာ တစ်နှစ်ပြည့်သွားပြီမလား။ အခု ဒီစာကို အစ်မဖတ်နေတဲ့အချိန် အစ်မဘဝထဲမှာ အစ်မရဲ့ဘေးနားမှာ အရွန်ဆိုတဲ့လူတစ်ယောက် မရှိတော့တာသေချာသွားပါပြီ။ ဒီစာနဲ့ အတူတူပါလာတဲ့ နေကြာပန်းလေးကို အစ်မလက်ခံလိုက်ပြီဆိုတော့ အရွန်ပြောခဲ့ဖူးတဲ့ စကားတချို့ကို ပြန်ပြီးအမှတ်ရနေပေးဖို့လဲ မမေ့ပါနဲ့။

ဖြစ်နိုင်ရင်လေ ... မပြည့်နိုင်တော့တဲ့ အရွန်ရဲ့မွေးနေ့ဆုတောင်းကို ပြောင်းလို့ရခဲ့ရင် သိပ်ကောင်းမှာပါပဲ။ တကယ်လို့များ နောက်ဘဝတွေမှာ အစ်မနဲ့ တွေ့ဆုံခွင့်ရခဲ့ရင် အခုလိုနာနာကျင်ကျင်နဲ့ ကျန်ခဲ့ရတဲ့လူက အရွန်ကိုယ်တိုင်ပဲ ဖြစ်ပါရစေလို့ပေါ့။ အစ်မကိုမှ နာကျင်စေခဲ့မိတဲ့ အဲ့ဒီဘဝက ဝဋ်ကြွေးတွေကို နောက်ထပ်ဘဝသစ်တခုမှာ အရွန်ပေးဆပ်ချင်သေးလို့ အစ်မနဲ့ ထပ်ဆုံချင်သေးတယ်။ အစ်မရော အရွန်နဲ့ ဆုံချင်သေးတယ်မလား။ အခုရော လွမ်းနေသေးတယ်မလားဟင်။

If you stay (The women)Where stories live. Discover now