Chapter - 15 // 80's 🌻

3.5K 470 62
                                    


၁၉၈၂ // မိုးနှောင်းရာသီ

🌻

ပါရီမြို့ရှိ Montmartre ဟု့ အမည်ရသော ကုန်းမြင့်သည် အေးချမ်းဆိတ်ငြိမ်သော နေရာဒေသတစ်ခုဖြစ်ပြီး ချစ်စဖွယ်ကောင်းတဲ့ မြို့ခံလူတွေဟာ ဟန်ဆောင်မှုမရှိဘဲ ဖော်ရွေလွန်းလှသည်။

ထင်ပေါ် ကျော်ကြားလှတဲ့ Montmartre ဟာ ကုန်းမြင့်ပိုင်းဒေသတစ်ခုဖြစ်ပြီး ထိုကုန်းမြင့်ပေါ်မှာ တည်ရှိနေတဲ့ Sacré Coeur (Sacred Heart) ဟုခေါ်သော ခမ်းနားလှတဲ့ အဖြူရောင်ဘုရားကျောင်းကြီးကြောင့် ပါရီမြို့လို့ ဆိုလိုက်တာနဲ့ Montmartre ကိုသာ ပြေးမြင်ကြပြီး Sacré Coeur ဘုရားကျောင်းကြီးပေါ်ကနေ မြင်ရတဲ့ ပါရီမြို့ အလှအပတွေဟာ တသက်မမေ့နိုင်စရာပင်။

အယ်လီဇယ်ရဲ့ နေအိမ်သည် Montmartre ကုန်းမြင့်နားမှာဖြစ်ပြီး ဘုရားကျောင်းကြီးနဲ့ မနီးမဝေးတွင်ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဖူပွန်မြို့လေးကနေ ပြန်လာတဲ့ အယ်လီဇယ်ဟာ အရင်ကနဲ့မတူပဲ ပြောင်းလဲလာသည်ကို ထိုမြို့ခံလူတွေဟာ သတိထားမိနေကြသည်။

တော်ရုံဆို အပြုံးအရယ်မရှိ အိမ်အပြင်ထွက်လေ့မရှိတဲ့ အယ်လီဇယ်ဟာ ဖူပွန်မြို့လေးကနေ ပြန်လာပြီးနောက်ပိုင်း သစ်လွင်နုပျိုတဲ့အပြုံးတွေနဲ့အတူ ကလေးမလေးတစ်ယောက်ရဲ့လက်ကလေးဆွဲပြီး (တခါတလေ ပွေ့ချီထားလျက်နဲ့) အပြင်သွားလာသည့်အခါတွေဆို ပတ်ဝန်းကျင်က လူတွေမှာ တအံ့တဩ။

အယ်လီဇယ် ထိုသို့ပြောင်းလဲလာရတဲ့ အကြောင်းအရင်းမှာ ဇူပရန်ပရီရွန်ဆိုတဲ့ သံယောဇဉ် ကြိုးတစ်ချောင်းမှလွဲပြီး တခြားမရှိခဲ့ပါဘူး။

"အစ်မ ဆူနေရင် လက်ပိုက်ထားရမယ်လေ အရွန် !"

"ဟုတ် "

နှုတ်ခမ်းဆူပြီး ပြောလာတဲ့ ဟုတ်ဆိုသည့် စကားကြောင့် မပြုံးမိအောင် အယ်လီဇယ် ထိန်းလိုက်ရတယ်။ အဆူခံနေရတာတောင် ချစ်စရာကောင်းအောင်နေတက်တဲ့ ဒီကလေးကိုမှ မချစ်ရင် ဘယ်သူ့ သွားချစ်ရပါ့မလဲ။

"ကဲပြောပါဦး။ ဘာလို့ကျောင်းမှာ ထမင်းမစားပဲ ပန်းချီတွေဆွဲနေတာလဲ။ ဆရာမကတောင် လာတိုင်ရတဲ့အထိနော် အရွန်"

If you stay (The women)Where stories live. Discover now