Chapter - 18

3.5K 451 32
                                    


လူတစ်ယောက်ရဲ့ ကံဆိုးမှုနှင့်ကံကောင်းမှုတွေဟာ ဘယ်လိုအကြောင်းအရာတွေနဲ့များ သက်ဆိုင်နေသလဲလို့ ရူးကြောင်ကြောင် တွေးမိသည့်အခါ အရင့်အရင် ဘဝတွေတုန်းက ဘယ်လိုမကောင်းမှုတွေများ ပြုခဲ့မိပါသလဲဆိုတဲ့ မေးခွန်းအပါအဝင် ယခုဘဝမှာ ကြုံတွေ့နေရတဲ့ ကံတရားရဲ့ကောင်းချီးပေးမှုတွေဟာလည်း လီဆာ့အတွက် မျက်ရည်တွေနဲ့ အော်ရယ်ပစ်ချင်စရာ ကောင်းနေခဲ့ပြန်သည်။

ရှင်သန်နေရင်းနဲ့ ကြုံဆုံလာရတဲ့ လူတွေထဲ၌ မိမိနဲ့ ပုံစံတူတဲ့ လူတွေလည်း ပါလာနိုင်သလို နှစ်သက်သဘောကျရတဲ့ အရာတွေနဲ့ ခပ်ဆင်ဆင်တူတဲ့ လူတွေနဲ့လဲ ကြုံတွေ့နိုင်မှန်း လီဆာ နားလည်လက်ခံနိုင်ခဲ့ပြီ။

ခါးသက်သက် ကော်ဖီတစ်ခွက်နဲ့ ရသချင်း တူတဲ့လူ။ ဆောင်းလေပြေလို အေးတိအေးစက် ဆန်တဲ့လူ။ နူးညံ့သိမ်မွေ့တဲ့ ပန်းလေးတစ်ပွင့်နဲ့တူတဲ့လူ။ နီညိုရောင် ရွက်ကြွေလေးလို အချိန်မရွေး ပျောက်ကွယ်သွားနိုင်တဲ့လူ။

ရွက်ကြွေတွေကိုသာ ချစ်မြတ်နိုးတဲ့လီဆာ့အတွက် ရွက်ကြွေနဲ့အလားသဏ္ဌာန်တူတဲ့ချစ်ရသူကို ဘုရားရှင်က အမှတ်မှားယွင်းပြီး ပေးသနားခဲ့ပုံပါပဲ။

စာအုပ်ကြားထဲသိမ်းထားရင်း အချိန်ကာလတခုထိ ရှိနေနိုင်မယ့် ရွက်ကြွေတွေလည်းရှိသလို မြေဆီလွှာအဖြစ် ပျောက်ကွယ်သွားမယ့် တချို့ရွက်ကြွေလည်း ရှိကြတယ်မဟုတ်လား။

ဂျဲန်းနီကလည်း လီဆာ့အတွက် တယုတယနဲ့ သိမ်းဆည်ထားလို့မရနိုင်တဲ့ နာကျင်ဖွယ်ရာ ရွက်ကြွေလေး တစ်ရွက်ပါပဲ။

နေ့တနေ့ရဲ့ အလင်းရောင်ကို ခံစားရတိုင်း မျက်လုံးတွေဖွင့်ရမှာကိုတောင် မဝံ့မရဲ ဖြစ်နေမိသည်အထိ အကြောက်တရားများစွာနဲ့  မနက်ခင်းတွေဟာ လီဆာ့ကို ကြိုဆိုနေခဲ့ပါတယ်။

ချစ်မိခဲ့တဲ့နောက် နောက်ဆက်တွဲ ရရှိလာတဲ့ Trauma ဟာ လူတစ်ယောက်ရဲ့ အသိစိတ်ကို ဘယ်လောက်ထိ လှိုက်စားသွားနိုင်သလဲဆိုရင် တမြေ့မြေ့ကျွမ်းလောင်နေတဲ့ စာရွက်လေး တစ်ရွက်လိုပါပဲ။

"လီဆာ"

မျက်လုံးတွေမဖွင့်ဖြစ်ပေမယ့် နားထဲကြားနေရတဲ့
အသံ။

If you stay (The women)Dove le storie prendono vita. Scoprilo ora