Chapter - 32

4.3K 366 52
                                    


မိန်းကလေးတစ်ယောက်အနေနဲ့သာ ပြန်လည်မွေးဖွားလာတာမှန်ပေမယ့် လူမှန်းသိတက်စ အရွယ်ကတည်းက ဂျဲန်းနီ စိတ်ပိုင်းဖြတ်ထားမိသည်။ အရွန်သာ မိန်းကလေးတစ်ယောက်အဖြစ်နဲ့ ထပ်မံမွေးဖွားလာခဲ့ရင်ရောဆိုပြီး တွေးမိသည့်အခါတိုင်း အဖြေဟာ တခုထဲပဲ ထွက်လာခဲ့၏။ သေချာပေါက် ထိုမိန်းကလေးအပေါ်ကို နောက်ထပ်တစ်ကြိမ် ချစ်မြတ်နိုးမိမှာဟူ၍ပင်။

သို့ပေမယ့် ...

ဘဝဟောင်းသည် ကြည့်ခဲ့ဖူးသော ခပ်ဆွေးဆွေးရုပ်ရှင်ကား တစ်ကားလိုသာ အတွေးထဲ၌ စိုးမိုးနိုင်ရုံဖြစ်ပြီး လီဆာကတော့ ထိုသို့မဟုတ်ခဲ့ပေ။ မိန်းမချင်းတောင် မြင်မြင်ချင်း ချစ်မိခဲ့သည်အထိ။ တချိန်လုံး စိုးမိုးနေခဲ့တဲ့ ဘဝဟောင်းကိုတောင် လွှတ်ချလိုက်နိုင်သည်အထိ။ လူဝင်စားအဖြစ် ထပ်မံမွေးဖွားလာတာမှန်ပေမယ့် လီဆာဟာ အရွန်ပဲဆိုသည့် ခံစားချက်မျိုးကိုလည်း တခါလေးတောင်မှ မခံစားခဲ့ရ။ အစားထိုး ချစ်မိတာမျိုး မဟုတ်ကြောင်းနဲ့ လီဆာဟာ လီဆာဖြစ်နေလို့ ချစ်မိခဲ့ကြောင်းတွေကို တနေ့နေ့တော့ သူ့ရင်ခွင်ထဲခိုလှုံရင်းနဲ့ ပြောပြရဦးမည်။

"ဂျဲန်း ..."

" အင်း ... လီဆာ ဖြေးဖြေး"

သစ်သားလျှောက်လမ်းလေးကနေ Villa အရှေ့နားထိ ဖြတ်ကျော်လာသည့်တိုင်အောင် ဂျဲန်းနီရဲ့သွေးကြောတွေ ပြတ်ထွက်မတက် ပူထူနေရသည်။ အခန်းရှေ့ကို ဘယ်လိုရောက်လာမှန်း မသိရလေအောင် လီဆာ့ရဲ့အနမ်းတွေက မပြတ်လပ်နေခဲ့ဘူး။ လမ်းတစ်လျှောက်လုံးမှာလည်း လီဆာ့အနမ်းတွေက လည်တိုင်ပေါ်ရောက်လာလိုက် နှုတ်ခမ်းကို ရန်မူလိုက်နဲ့ တံခါးဖွင့်နေတဲ့အချိန်မျိုးမှာတောင် ပွတ်သပ်နမ်းရှိုက်နေတဲ့ ဒီကလေးငယ်ကို တခုခုနဲ့တိုက်မိမှာစိုးပြီး ဒီလူမှာ အထိတ်အလန့်နဲ့။

မွေ့ယာပေါ် တင်ပေးလိုက်ပေမယ့် လည်တိုင်ကို ဖက်ထားတဲ့လက်တွေက မလွှတ်လာတာကြောင့် သူ့အပေါ်ကို လဲပြိုကျလျက်သား။ နှုတ်ခမ်းချင်း တေ့ဆိုင်မိဖို့ လက်တထွာခန့်အလိုမှာ တံထွေးတွေကိုသာ မြိုချရင်းနဲ့ ဒီလူမှာ အသွေးအသားတွေ ရှိန်းခနဲပင်။

If you stay (The women)Where stories live. Discover now