Chapter - 6

5.7K 841 115
                                    

"ရှင် သိပ်မြတ်နိုးရတဲ့ အဝါရောင်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းတူတဲ့ ဒီနေကြာပန်းလေးကို ရှင့်ဆီ ပေးချင်တယ်။ ကျွန်မရဲ့အနားမှာ ရှိနေပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ပေါ့"

လှမ်းပေးတဲ့ နေကြာပန်းလေးဟာ သူမနဲ့ လီဆာကြားမှာ တူညီတဲ့အကွာအဝေးမျိုးနဲ့ လီဆာ့ဘက်ကို မျက်နှာမူပြီး အလှပဆုံး တောက်ပလို့နေတယ်။

"နေကြာပန်းပေးခြင်းရဲ့ အဓိပ္ပါယ်ကို မင်း သိရဲ့လား ဂျဲန်းနီ"

သူမ လက်ထဲက ပန်းလေးကို လှမ်းယူလိုက်ပြီး ရိုးတန်က အရွက်လေးတွေကို ကိုင်ကြည့်ရင်း မေးလိုက်တော့ ဂျဲန်းနီက နှုတ်ခမ်းလေး ကွေးသွားရုံမျှ ပြုံးနေတယ်။

" ကျွန်မသိပါတယ်။ ရှင်ရော သိလား"

" ကိုယ်လဲ သိပါတယ်"

"ရှင်သိတဲ့အတိုင်းပဲ အဓိပ္ပါယ်ကောက်လိုက်ပါ"

"ကိုယ်သိထားတဲ့ အဓိပ္ပါယ်အတိုင်း မင်းကို နေကြာပန်း ပြန်ပေးချင်တယ်ဆိုရင်ရော"

နေကြာပန်းပွင့်လေးကို ကိုင်ထားဆဲဖြစ်တဲ့ လီဆာဟာ ဂျဲန်းနီဘက်ကို စောင်းငဲ့ကြည့်ပြီး ထိုကဲ့သို့ ပြောလိုက်သည့်အခါ ဂျဲန်းနီသည်လည်းဘဲ လီဆာ့ကိုသာ တဖန်ပြန်လှန် ငေးကြည့်နေခဲ့တယ်။

"ကိုယ်ပေးမယ့် နေကြာပန်းလေးကို မင်း လက်ခံပေးမှာလား ဂျဲန်းနီ"

နေကြာပန်းခင်းနဲ့ လာဗင်ဒါပန်းခင်းကြီးရဲ့ နံဘေးနားက ခုံတန်းလျားလေးတစ်ခုပေါ်မှာ ဟိုဘက်အစွန်းကနေ နေကြာပန်းကိုကိုင်ထားတဲ့ ခန့်ညားလှသည့် အမျိုးသမီးတစ်ဦးရယ် ထိုအမျိုးသမီးနဲ့ အကြည့်ချင်းဆုံနေတဲ့ ဝိဉာဉ်မလေးရယ် . . .

ထိုအချိန် တခဏလေးဟာ လီဆာ့အတွက် အလှပဆုံးသော အခိုက်အတန့်လေးပင်ဖြစ်သည်။

"ဘာကြောင့် ပေးချင်တာလဲဆိုတာ ပြောပြရင် လက်ခံမယ်"

လီဆာဟာ လက်ထဲက နေကြာပန်းလေးကို ထိုင်ခုံပေါ် တင်ထားခဲ့ပြီး ဂျဲန်းနီကို တချက်ပြုံးပြကာ နေကြာခင်းရှိရာဆီသို့ ထ,ထွက်သွားသည်။ ပြီးတဲ့နောက် အလှပဆုံးသော နေကြာတစ်ပွင့်ကို ကိုင်ဆောင်ရင်း ဂျဲန်းနီဆီသို့ ပြန်လာသည်။ ဂျဲန်းနီ ထိုင်နေတဲ့ အရှေ့တည့်တည့်မှာ ခြေအစုံရပ်ရင်း ဒီစကားတွေကို အနူးညံ့ဆုံးသော လေယူလေသိမ်းတွေနဲ့ ဖွင့်ဟမှုပြုဖြစ်ခဲ့တယ်။

If you stay (The women)Where stories live. Discover now