Chapter - 34

3.1K 365 34
                                    

မုန်းတီးလှသည့် ဆောင်းဦးရာသီတခုကို ဘေဘီမပါဘဲ ဖြတ်သန်းခဲ့ရသည့်အချိန်ကာလတစ်ခုဟာ ဆယ်ကမ္ဘာလောက် ကြာရှည်ခဲ့သလိုမျိုး ဖြစ်တည်ခဲ့ဖူးပါသည်။ အခုများတော့ အချစ်ဦးနဲ့အတူ နွေဦးဆိုသည့် ကဗျာတွေလည်း အသက်ဝင်လာခဲ့သလို နွေဦးရဲ့ရနံ့တွေနဲ့ နွေဦးရဲ့အငွေ့အသက်တွေအပါအဝင် ချစ်ရသူရဲ့ ကိုယ်သင်းရနံ့တွေဖြင့် နွေဦးရဲ့မနက်ခင်းတစ်ခုဟာ အစွမ်းကုန် လှပနေပြန်တော့သည်။

သစ်ပင်တွေမှတဆင့် ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနွေးနွေးတွေနဲ့ ရောင်စဉ်နုနုတွေဟာ စိတ်ကိုကြည်လင်စေနိုင်ပေမယ့် နံဘေးနားက မိန်းမငယ်လေးရဲ့ဖြစ်တည်မှုလောက်တော့ မဟုတ်ခဲ့ပေ။

အသစ်တဖန်မွေးဖွားလိုက်သလိုမျိုး ခံစားချက်တွေနဲ့ရင်ခွင်ထဲက ထိုမိန်းကလေးကို တာဝန်ယူချင်စိတ်တွေ ဖြစ်ပေါ်လာရသည့်အခါ ရှေ့ရေးကို လီဆာ တွေးတောနေမိတော့သည်။ မိန်းကလေးချင်းဆိုပြီး ပတ်သက်မှုတခုကို ပေါ့ပေါ့တန်တန်ဆုံးဖြတ်တာမျိုး လီဆာ ဘယ်သော်အခါမှ မလုပ်။

သူ့အတွက် နွေးထွေးတဲ့ အိမ်ငယ်လေးတစ်လုံးလိုမျိုး ရှိနေပေးချင်ပြီး တဘဝလုံးစာ ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် ဘဝအာမခံချက်တခုတော့ သေချာပေါက်ရှိမှဖြစ်တော့မယ်လို့ တွေးမိတဲ့အခါ သာမန်ဘဝလေးသာ ပိုင်ဆိုင်နေခဲ့တဲ့ လက်ရှိအနေအထားကို လီဆာ စိတ်ကုန်သွားမိသည်။ ဘယ်သူမဆို ကိုယ့်ရဲ့ချစ်ရသူကိုတော့ ပြည့်ပြည့်စုံစုံနဲ့ ထားချင်ကြတာပဲမဟုတ်လား။ လီဆာလဲ ထို့နည်းတူပါပဲ။

ဘေဘီ့ရဲ့နဖူးကို နှုတ်ခမ်းနဲ့ဖိကပ်နမ်းရင်း အဝတ်အစားကင်းလွတ်နေခဲ့တဲ့ ခန္ဓာကိုယ်သေးသေးလေးအား ရင်ခွင်ထဲ ခပ်တင်းတင်းပွေ့ဖက်လိုက်မိသည့်အခါ ထိုမိန်းကလေးကြောင့် ဖြစ်တည်လာရတဲ့ စိတ်ဓာတ်ခွန်အားတွေဟာ အများအပြား။

"ထွက်မပြေးပါဘူး လီလီရဲ့။ ဖြေးဖြေးဖက်ပါ"

"ချစ်တယ် ဘေဘီ ..."

နဖူးပေါ်သို့ ထပ်ကာအနမ်းခြွေရင်း လီဆာပြောလိုက်မိသည့်အခါ ချစ်စိတ်တွေ ထုံလွန်းနေသူတစ်ယောက်ရဲ့အသံအနေအထားကို ခံစားမိသည့် ဘေဘီသည်လည်းဘဲ လီဆာ့လည်တိုင်ထဲ နှာဖျားအပ်၍ တိုးဝင်လာတော့သည်။

If you stay (The women)Where stories live. Discover now