Chapter - 17

3.5K 451 32
                                    


လီဆာဟာ စာအုပ်စာပေတွေကို ချစ်မြတ်နိုးသူဖြစ်သည့်အလျောက် အချစ်ကို တခမ်းတနား စာဖွဲ့ရေးညွှန်းတာတွေ၊ ချစ်ခြင်းမေတ္တာဟူသည့် ဆိုလိုရင်းတစ်ခုထဲကိုသာ ရည်ညွန်းတဲ့ အရေးအသားပေါင်းများစွာကို အမျိုးမျိုးသော ရေးဟန်တွေနဲ့  ဖတ်ရှူခဲ့ရဖူးသည်။ သို့ပေမယ့် လီဆာ အယုံအကြည်မရှိခဲ့။ မိမိ ကြိုက်နှစ်သက်ရတဲ့ စာရေးဆရာမကိုယ်တိုင်က အချစ်ကို အရေးမပေးသည့် ဘဝဇာတ်ကြောင်းတွေကိုသာ ဦးစားပေးရေးသားခဲ့ဖူးတာဆိုတော့ လီဆာ့လို အချစ်နဲ့ မထိတွေ့ဖူးသူအတွက် အချစ်ဟာ ထိတွေ့ချင်စရာမကောင်းတဲ့ သတ္တဝါတစ်ကောင်လို ဖြစ်တည်စေခဲ့ဖူးသည်။

အခုလက်ရှိ ဝေဖန်ချက်တွေ မြင့်တက်နေတဲ့ ဂျဲန်းနီရဲ့The Women ကြောင့်သာ အချစ်အကြောင်းကို တဖြေးဖြေးချင်း သိနားလည်ခဲ့ရတာလဲအမှန်ပါပဲ။ ဂျဲန်းနီ မနေ့က အသစ်တင်ခဲ့တဲ့ The Women အပိုင်း (၃၅) ထိ ဖတ်ရသလောက်ဆိုရင် ဒီဇာတ်လမ်းဟာ မိန်းကလေးအချင်းချင်း တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ညွန်းပြသထားပြီး မေတ္တာတရားတွေကြောင့် အယ်လီဇယ့်ရဲ့ ကောင်းမွန်စွာပြောင်းလဲလာမှုတွေကို အဓိက အသာပေးထားရာ ရောက်နေတယ်လို့ လီဆာထင်မိတာပဲ။

မလိမ်မညာစတမ်း ပြောရလျှင် ဇာတ်အိမ်ရဲ့ ရုတ်ချည်းပြောင်းလဲသွားမှု၊ အဓိကကတော့ စာရေးသူရဲ့ စိတ်နေစိတ်ထား ပြောင်းလဲသွားမှုဟာ လီဆာ့ကို အထူးတဆန်း ဖြစ်စေခဲ့ပါတယ်။

lesyeuxdenini ဆိုတဲ့ စာရေးသူက ချစ်ခြင်းမေတ္တာတွေအကြောင်းကို ဖွဲ့နွဲ့ပြီး ရေးလေ့ ရေးထရှိသူ မဟုတ်ခဲ့ဘူးလေ။ အဲ့တာကြောင့်လည်း ကိုရီးယားလူမျိုးတွေဆီကနေ ဝေဖန်သုံးသပ်ချက်တွေကို တခဲနက်ရရှိနေခဲ့တာ။ ကိုရီးယားလူမျိုးတွေဟာ LGBT ကို သိပ်အားမပေးဘူးလို့ လီဆာ သိထားတယ်။

အဆိုးဘက်ကိုတော့ သိပ်မရောက်ပေမယ့် ဘယ်လိုဝေဖန်ချက်မျိုးကိုမဆို ခံနိုင်ရည်ရှိတဲ့ ဂျဲန်းနီ အကြောင်းကို သိနေတာမို့ လီဆာ စိတ်အေးရသေးတယ်။

"ဘယ်ကောင်မလေးကို ငမ်းနေတာလဲ လီဆာ"

ကောင်တာအတွင်းထဲ အတွေးလွန်ပြီး မတ်တပ်ရပ်နေတဲ့ လီဆာ့ဘေးကို ဂျဲန်းနီက ရောက်ချလာပြီး ခပ်ဆပ်ဆပ်လေသံနဲ့ မေးလာတယ်။ မဟုတ်တာ ဘာမှမလုပ်ကြောင်းကို ပြုံးရယ်ပြပြီး မျက်နှာချိုသွေးတော့ ဂျဲန်းနီရဲ့မျက်ခုံးတန်းတွေ ကျုံ့သွားလေရဲ့။

If you stay (The women)Where stories live. Discover now