Ending

5K 424 31
                                    


ဝါညစ်ညစ် ရွက်ကြွေတွေနဲ့ လွမ်းမောဖွယ်ရာကောင်းလောက်အောင် လှပလွန်းနေတဲ့ နွေဦးရဲ့လမ်းမတွေဟာ အလှပဆုံးပန်းချီကားချပ်တစ်ခုလိုပင်။ ထိုနွေဦးရဲ့ လမ်းမထက်မှာ မျက်နှာချင်းဆိုင် ရှိနေမိသည့် လူနှစ်ယောက်သည်လည်းဘဲ တကယ်ကိုလွမ်းမောဖွယ်ရာ။

မျက်ရည်တွေ ဝဲတက်လာသည်အထိ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်ရင်း ဆယ်ဘဝစာလောက် ဝေးကွာခဲ့ပြီးမှ ပြန်ဆုံတွေ့ရသလိုမျိုး အပြုံးတွေကအစ အသက်ပါလှသည်။ ခြေလှမ်းတွေကိုလည်း တလှမ်းချင်း လှမ်းနေကြရင်းနဲ့ အပြန်အလှန် နီးကပ်ဖို့အတွက် ပြိုင်တူရွေ့လျားနေမိပြန်သည်။

"ညစာ သွားဝယ်ပေးတဲ့လူက မိုးလင်းမှပြန်ပေါ်လာတာပဲ"

"ကိုယ် ပြန်လာမယ်လို့ ပြောခဲ့တယ်လေ"

"စောင့်နေပေးလို့ ပြောခဲ့လို့လည်း တို့ကစောင့်နေခဲ့တာပါ"

လီလီ့ရဲ့ နွေးထွေးလှသည့် ပွေ့ဖက်မှုအဆုံးမှာတော့ ဂျဲန်းနီ ငိုချလိုက်မိတော့သည်။ ဒါဟာ ပျော်လို့ကျလာရတဲ့ မျက်ရည်တွေ။ လူကို အခန်းထဲ ပစ်ထားခဲ့တဲ့လူက တညလုံးလည်း ကွန်ဒိုအောက်နားမှာပဲ ရစ်သီ ရစ်သီ လုပ်နေခဲ့ပြီး မိုးလင်းသည်အထိ သူ့ကားလေးဟာ ရှိမြဲတိုင်းပင်။ ဒါတွေကို သိနေခဲ့တာကြောင့် လမ်းမထက် ထွက်လာမိသည်အထိ ဂျဲန်းနီရဲ့ စိတ်မရှည်မှုတွေဟာ တားဆီးလို့မရနိုင်ခဲ့ပါဘူး။

"စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်"

"တို့လဲ တောင်းပန်ပါတယ်။ ထားခဲ့မိလို့"

"ရင့်သီးတဲ့စကားတွေ ပြောခဲ့မိတဲ့အတွက်လည်း ကိုယ်တောင်းပန်ပါတယ်။ ညတုန်းက လာတွေ့ဖို့ကြောက်နေခဲ့မိတဲ့အတွက်လည်း ထပ်ပြီးတော့ တောင်းပန်ပါတယ်"

"ဝေခွဲမရဖြစ်နေခဲ့တာတော့ မဟုတ်ဘူးမလား"

"ဟင့်အင်း။ ကိုယ် ဘေဘီ့ကိုပြောခဲ့တဲ့ ဂတိက အမြဲတမ်းအတွက် တည်နေဆဲပါပဲ"

"အဲ့တာဆို ရပါပြီ"

ပွေ့ဖက်လာမှုရဲ့ အဆုံးမှာတော့ လည်တိုင်ပေါ် အပ်ချလာတဲ့ လီလီ့ရဲ့ အနမ်းနွေးနွေးတွေ။

If you stay (The women)Where stories live. Discover now