Chapter - 13

3K 522 58
                                    


အဖေ့ကို မချစ်တက်တဲ့ယောကျ်ားလို့ အမြဲပြောလေ့ရှိတဲ့ အမေဟာ သူအပြင်သွားတိုင်း ဒေါက်ဖိနပ်တွေကိုသာ စွဲစွဲမြဲမြဲစီးလေ့ရှိတယ်။ အဲ့လိုစီးသွားတိုင်းလည်း အဖေဟာ သူ့လက်ဆွဲအိတ်လေးထဲ ခြေညှပ်ဖိနပ်အပါးလေးတစ်ရံကို အိမ်ကနေ ထည့်ထည့်သွားတက်တာ လီဆာမြင်ဖူးနေကြပင်။ ထိုအချိန်တုန်းက ငယ်သေးတာကြောင့် ဘာကြောင့်ဆိုတာကို လီဆာ မတွေးတောတက်ခဲ့။ ပြီးတော့ အဖေက အမေ့ကိုပြောတယ်။ မင်းအတွက် ဒါလိုအပ်မယ်ထင်လို့ ငါ အမြဲတမ်းသယ်သွားနေတာတဲ့။

ဟုတ်လောက်တယ်။ အမေပြောပြောနေသလို အဖေဟာ ချစ်တယ်လို့ တခါမှမပြောဖူးတဲ့ မချစ်တက်တဲ့ယောကျ်ားတစ်ယောက်ပါပဲ။ သွားလေရာ အမေ့ဖိနပ်အပါးလေးကို ထည့်သွားတက်ပေမယ့်လည်းပေါ့။

အမေနဲ့အဖေရဲ့ အေးစက်စက် ဆက်ဆံရေးတွေကြား ကြီးပြင်းလာရတဲ့ လီဆာဟာ တိတ်ဆိတ်မှုဆိုတဲ့ နာကျင်စွာ သိုဝှက်တက်ခြင်းကို မသင်ကြားဘဲ တက်မြောက်လာခဲ့ရတယ်။

လီဆာ့အသက် ၁၈နှစ်အရွယ်လောက်မှာ အဖေဆုံးပါးသွားပြီးတဲ့နောက် အမေဟာ ဒေါက်ဖိနပ်တွေ လုံးဝမစီးတော့တာကို လီဆာ သတိထားမိလာခဲ့တယ်။ သိပ်မကြာပါဘူး။ မချစ်တက်ဘူးလို့ ပြောပြောနေတဲ့ အဖေ့နောက်ကို အမေ လိုက်သွားခဲ့တယ်။

ကျောင်းဆင်းလို့ အိမ်ပြန်လာတဲ့အချိန်မှာ အိမ်တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကို လီဆာ ဘယ်တော့မှ မမေ့ဘူး။ အမေ့ လည်ပင်းပေါ်က ကြိုးကွင်းကို မော့ကြည့်နေရုံပဲ လီဆာတက်နိုင်ခဲ့တာ။ အဲ့နောက်ပိုင်း အပြုံးအရယ်မရှိ မျက်ရည်မကျမိတဲ့ လီဆာ့ကို စိတ်ဝေဒနာသည်လို့ ဆွေမျိုးတွေက သတ်မှတ်ခဲ့ကြပြီး တစ်နှစ်လုံးလုံး ငရဲနဲ့ထူးမခြားနားစွာ ထားရှိခဲ့ကြတယ်။

မေတ္တာငတ်ခဲ့ရတဲ့ လီဆာ့ဘဝမှာလေ ဆွဲမိဆွဲရာ ကြိုးလေးတစ်ချောင်းကိုတောင် မဆွဲရက်နိုင်ခဲ့တဲ့ အကြောက်တရားများစွာနဲ့ လူတစ်ယောက်ဖြစ်လာခဲ့ရတယ်။

အဖေဆုံးတဲ့နေ့တုန်းက ငါလည်း မရှင်သန်ချင်တော့ဘူးလို့ ပြောနေတဲ့ အမေ့ကို သမီးမှာအမေပဲရှိတော့တာလေဆိုပြီး ဆွဲထားနိုင်လောက်တဲ့ စကားလေး တစ်ခွန်းကိုတောင် လီဆာ ပြောမထွက်နိုင်ခဲ့ပါဘူး။ငါ ပြောလိုက်ရင် အမေ စိတ်ရှုပ်သွားလေမလားဆိုတဲ့ တဖက်သားကို စာနာတဲ့စိတ်တွေနဲ့ ဂျောင်လေးမှာကပ်ပြီး ခိုးငိုခဲ့ရတာ။

If you stay (The women)Where stories live. Discover now