English Translator: dounai
Editor: mantou
ဘာသာပြန်: NancyUnicode
ကျိုးပိုင်သည် ဒီနှစ်ထဲတွင် ၃၅နှစ်ပြည့်ပြီဖြစ်ပြီး နှစ်ကြိမ်လက်ထပ်ဖူးသည်။
ယခုတော့ သူသည် လူလွတ်ဖြစ်သည်။
ကားပြင်သည့်လုပ်ငန်းကိုမပြောင်းလဲခင် အစက သူ့အဖေသည် စက်ဘီးပြင်သည့်အလုပ်လုပ်ကာ သူ့မိသားစုအား ပြုစုပျိုးထောင်ပေးခဲ့သည်။ ကျိုးပိုင်မှ မိသားစုလုပ်ငန်းကိုဆက်ခံသည့်အချိန်မှာတော့ သူတို့တွင်တန်ဖိုးမြင့်ကားရောင်းဝယ်သည့်လုပ်ငန်း ဆယ့်နှစ်ခုကိုပင် ပိုင်ဆိုင်ထားပြီဖြစ်၏။ ထိုအချိန်တွင် အိမ်ခြံမြေလုပ်ငန်းမှာလည်း ရေပန်းစားလာသဖြင့် ထိုအခွင့်အလမ်းကိုဆုပ်ကိုင်ကာ 'ပိုင်ရှန်း အိမ်ခြံမြေ' လုပ်ငန်းစုကို တည်ထောင်ခဲ့ပြီး ကျိုးမိသားစုရဲ့ စီးပွားရေးနယ်ပယ်ကို နောက်တစ်ဆင့်ထပ်မံတိုးချဲ့ခဲ့သည်။
ဒီနှစ်များအတွင်း သူသည် ရုပ်ရှင်စျေးကွက်ထဲကိုလည်း စတင်ထိုးဖောက်ခဲ့သေးသည်။ သူသည် အချမ်းသာဆုံးစာရင်း၏ ထိပ်ဆုံးတွင်မပါဝင်သော်ငြား ထိုစာရင်းထဲမှာတော့ သူ့နာမည်မှာလူသိများ၏။
ကျိုးပိုင်သည် ခြေတံရှည်ရှည်နှင့် အရပ်မြင့်ပြီး အသွင်အပြင်မှာ ဆွဲဆောင်မှုရှိ၏။ စီးပွားရေးအသိုင်းအဝိုင်းရဲ့ အတွင်းမှာရောအပြင်မှာပါ လူအများရဲ့ အာရုံစိုက်ခြင်းခံရသည်။ တစ်ခါက ငွေကြေးမဂ္ဂဇင်းတစ်ခုမှ စာရင်းကောက်ရာ ကျိုးပိုင်သည် လူအများလက်ထပ်ချင်ဆုံး လူငယ်စီးပွာရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရ၏။ သူ့ကိုရွေးချယ်သူများထဲမှ ၄၅% သည် အမျိုးသမီးများဖြစ်ကြပြီး ၅၅%သည် အမျိုးသားများဖြစ်ကြသည်။ လိင်တူလက်ထပ်ခြင်းသည်လည်း ပုံမှန်တစ်ခုဖြစ််တဲ့ ယနေ့ခေတ်တွင် သူသည် ယောကျာ်းရောမိန်းမနှစ်မျိုးလုံးဆွဲဆောင်နိုင်သည့်သူဟုဆိုနိုင်မည်။
သူနှင့်လက်ထပ်ချင်သူအမြောက်အများရှိသည်ဖြစ်သော်ငြား သူလိုချင်လျှင်တောင် သူမိန်းမမယူနိုင်။
ပိုပြီး တိတိကျကျပြောရလျှင် လက်ထပ်ချင်သည်မှာ သူပင်မဟုတ် ၊ လက်တွဲဖော်ရှာရန် တိုက်တွန်းနေသော သူ့အဖေပင်ဖြစ်၏။ ကျိုးပိုင် လက်တွဲဖော်မြန်မြန်မရှာလျှင် နှလုံးသွေးကြောကျဥ်းရောဂါကို မကုသဘူးဟုပင် ဆိုခဲ့သည်။
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}