Translator: dounai
Editor: mantou
Unicodeအနှီယဥ်ကျေးသိမ်မွေ့ပြီးရည်မွန်သောလူငယ်လေးနှင့်တွေ့ဆုံပြီးသည့်နောက်မှာ အဖေကျိုးဟာအံ့အားသင့်သွား၏။
အရင်က သူ့သားကမိန်းမတွေပဲကြိုက်တာပါ ၊ ဘယ်လိုလုပ်အကြိုက်ပြောင်းသွားပါလိမ့်။
သူရဲ့အတွေးများကိုမြင်နေသည့်အလား ကျိုးပိုင်က ဣန္ဒြေရရတလေးတစားဆိုလိုက်သည် "ကျွန်တော်သူ့ကိုချစ်တယ်။ သူက မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ်ကိစ္စမရှိဘူး ၊ သူမှသူလို့ဆုံးဖြတ်ထားပြီးပြီ။ ကျွန်တော်သူနဲ့လက်ထပ်ချင်တယ်။"
သူ့လေသံက အထက်စီးဆန်ကာ သူ့မျက်နှာက အမူအရာကင်းမဲ့နေ၏။ ကျန့်စစ်လည်း ကျိုးပိုင်ရဲ့အပြုအမူများအပေါ် မနေနိုင်စွာ အသံတိတ်ဆဲရေးလိုက်သည် - ခင်ဗျားလည်း ကျွန်တော့်သရုပ်ဆောင်စွမ်းရည်ထက် ပိုကောင်းမနေပါဘူးနော်။ သူက 'သူမှသူလို့ဆုံးဖြတ်ထားပြီးပြီ' လို့တောင်ပြောရဲသေးတယ် ၊ သူကျန့်စစ်ကို အိမ်မွေးအကောင်ငယ်လေးလို့များ အောက်မေ့နေသလား?
ကြည့်ရတာတော့ အဖေကျိုးကယုံသွားပုံပင်။ ကျိုးပိုင်ကဒီလိုအမူအရာမျိုးနဲ့ပြောတာကြောင့် သူ့အဖေလည်း သူစိတ်ပိုင်းဖြတ်ပြီးပြီဆိုတာရိပ်မိလိုက်၏။'ချွေးမ'ကနေ 'သမက်'တော့ပြောင်းသွားတာပေါ့။ အဖေကျိုးအဲ့ဒီအချက်ကို ခက်ခက်ခဲခဲအောင့်အီးမျိုချလိုက်ကာ သူတို့အားမကန့်ကွက်တော့။ ဘာပဲပြောပြော သူ့သားရဲ့ဇနီးကံခေတဲ့ဂုဏ်သတင်းကိုသူလည်းသိပြီးသားလေ ၊ ပြီးတော့ သူ့သားကို တစ်ယောက်ယောက်ကလက်ထပ်ဖို့ဆန္ဒရှိတယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။
သူတို့ရဲ့အနာဂတ်မျိုးဆက်နဲ့ပတ်သတ်ရင်တော့ ကလေးယူဖို့ဆိုတာ ဒီနေ့ခေတ်ရဲ့သိပ္ပံနဲ့နည်းပညာက အဆင်ပြေအောင်ဖြေရှင်းပေးပါလိမ့်မယ်။ ဒါပေမယ့် အဖေကျိုးတကယ်စိတ်ပူတာ အဲ့ဒီအရာတွေမှမဟုတ်တာ။ သူက သူအသက်ကလေးရလာလို့ နာမကျန်းဖြစ်ပြီး တစ်နေ့သေဆုံးသွားခဲ့ရင် ကျိုးပိုင်ဘေးမှာအဖော်ပြုပေးမယ့် စိတ်တူကိုယ်တူကြင်ဖော်မရှိမှာကိုပဲစိတ်ပူတာ။ သူ့ဇနီးကလည်း လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ကတည်းက ကင်ဆာကြောင့်ကွယ်လွန်သွားတယ်လေ ၊ အဲ့ဒီကတည်းက အဖေကျိုးလည်းအဖော်မဲ့ခဲ့ရတာ။ ဒါ့အပြင် ဘေးနားမှာအမြဲအတူရှိပေးမယ့်လက်တွဲဖော်မရှိပဲ တစ်ယောက်တည်းဖြစ်နေတဲ့သူ့သားကိုကြည့်ပြီး အဖေကျိုးလည်း စိတ်မအေးနိုင်ခဲ့ပေ။
VOUS LISEZ
Jiang Jiu [ဘာသာပြန်] {Completed}