51

5.4K 799 2
                                    

Warning ⚠️ NSFW Alert!!! Read at your own risk!!!

Unicode

ကျိုးပိုင်ရဲ့ခုတင်ကကျန့်စစ့်ခုတင်ထက် ပိုကြီးမားပြီးပိုအိစက်ပါသည်။ အိပ်ရာပေါ်လှဲလိုက်တဲ့အခိုက် ပထမဆုံးတုံ့ပြန်မိတာ - သူ အတွင်းထဲထိမြုပ်သွားတော့မှာပဲဖြစ်ပြီး၊ ဒုတိယတုံ့ပြန်မှုက - ကျိုးပိုင်ရဲ့ခန္ဓာကိုယ်က အရမ်းဆွဲဆောင်မှုရှိတာပဲဆိုတာပင်။

အမြင်အာရုံရဲ့အဟန့်အတားက အခြားအာရုံတွေရဲ့ခံစားမှုတို့ကို တိုးမြှင့်စေသည်။ သူ့ညဝတ်အင်္ကျီကိုအပေါ်ပင့်မခံလိုက်ရချိန် ကျန့်စစ်ရဲ့ရင်ဘတ်ထဲ စူးရှသည့်ဝေဒနာကိုခံစားရပြီး အဲဒီနောက်မှာ ထုံကျင်မှုတို့လိုက်ပါလာသည်။ ခန္ဓာကိုယ်ကိုသူ့အလိုလိုကျုံ့လိုက်မိပေမဲ့ တစ်ချိန်တည်းမှာ ပို၍လည်းလိုလားတောင့်တမိပြန်သည်။

"မစ္စတာကျိုး..."

"ဘာဖြစ်လို့လဲ?" ကျိုးပိုင်က သိမ့်သိမ့်တုန်ရီနေတဲ့နို့ထိပ်ဖျားလေးတွေကိုလက်ထဲကလွှတ်ပြီး ပြတင်းပေါက်က‌ဖြာကျနေတဲ့မှိန်ဖျော့ဖျော့အလင်းရောင်မှတဆင့် သူ့အောက်မှာရှိတဲ့ကိုယ်လုံးလေးကို သဘောတကျရှုစားလိုက်သည် -  ရင်ဘတ်ခပ်ပြားပြားနှင့်သွယ်လျသည့်ခါးတို့က အကောင်းဆုံးအရည်အသွေးမြင့်အချိုးအစားမဟုတ်သော်ငြား ဤအခိုက်အတန့်မှာတော့ ၎င်းတို့က အကန့်အသတ်မဲ့ဖြားယောင်းညှို့ယူနေပြီး သူ့ကိုယ်သူမရပ်တန့်နိုင်အောင်ပြုလုပ်နေသည်။

"ဘာမှမဟုတ်ဘူး…"

ကျိုးပိုင်က သူရဲ့စိတ်လှုပ်ရှားမှုကို ခံစားသိနေရသည်။ သူလက်ဖြင့်ထိလိုက်တိုင်း ထိုနေရာက အနည်းငယ်တောင့်တင်းသွားသည်၊ သို့ပေမဲ့ ကျန့်စစ်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကတော့ ရိုးသားပေသည် – အပြည့်အဝမာတင်းပြီး သနားစဖွယ်ပင် အကြိုရည်တို့စိမ့်ထွက်နေပြီ။ ကျိုးပိုင်ကထိုအရာကိုဆုပ်ကိုင်ပြီး စိတ်ရှိလက်ရှိပဲ အသာအယာချော့မြူနှိပ်နယ်ပေးလိုက်သည်။ လှုံ့ဆော်မှုဒဏ်ကိုခံနိုင်ရည်မရှိ‌တော့ဘဲ ကျန့်စစ်ကလက်ကိုမြှောက်၍ မျက်လုံးများကိုကာထားလိုက်၏။

ကျန့်စစ်သည် ကျိုးပိုင်ရဲ့စည်းချက်နဲ့အညီထကြွနေပြီး အထိန်းအကွပ်မဲ့စွာညည်းညူရင်း ခြေထောက်များကိုခပ်နှေးနှေးအပေါ်သို့ကွေးလိုက်၏။ မိမိဘာသာမ‌ဖြေလျော့ရတာကြာပြီဖြစ်လို့ အချိန်ခဏမှာပဲ ကျန့်စစ်ကကျိုးပိုင်ရဲ့ရှပ်အင်္ကျီကိုလှမ်းဆွဲ‌ခြေမွပြီး ထုတ်လွှတ်လိုက်တော့သည်။

Jiang Jiu [ဘာသာပြန်] {Completed}Where stories live. Discover now