Unicode
Translator: dounai
Editor: mantouသိပ်မကြာသေးခင်က ကျန့်စစ်တစ်ယောက်အအေးမိသွားသည်။ သူသည် နုံးချိနေကာ မျက်လုံးနာ၊ နှာရည်ယိုပြီး အသံကလည်း နှာသံပေါက်နေ၏။
ကျိုးပိုင်က ရုတ်တရက် သူ့ကိုယ်သူထူးခြားမှုအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားပြီ။ ကျန့်စစ်ရဲ့ခပ်တိုးတိုးမသဲမကွဲ နှာသံဖြင့်စကားပြောသည်ကို နားထောင်ရတာနှစ်ခြိုက်သည်။ ဘယ်လောက်နားထောင်နေပါစေ သက်တောင့်သက်သာရှိလှပြီး၊ ငှက်မွေးလေး သူ့နှလုံးသားကိုပွတ်သပ်နေသလို နူးနူးညံ့ညံ့ယားကျိကျိခံစားရသည်။
ထို့ကြောင့် သူကျန့်စစ်ကို ဟိုအကြောင်းဒီအကြောင်းထွေရာလေးပါးကိုပြောခိုင်းကာ အချိန်အတန်ကြာ စ နောက်လိမ့်မည်။
ရိုးနုံသည့်အလား ကျန့်စစ်က ပင်ပန်းနွမ်းနယ်ကာ စိတ်မသက်မသာခံစားရပါစေ ပြန်ဖြေလိမ့်မည်။
ကျိုးပိုင်ကလည်း ရလေ လိုလေ အိုတစ္ဆေဖြစ်လာပြီး နှာဘူးတစ်ယောက်အလား နားထောင်လေ စွဲလမ်းလေဖြစ်လာ၏။
ထိုညနေခင်းတစ်ခုတွင် သူတို့ဧည့်ခန်းအတွင်း တီဗီကြည့်နေကြစဉ် ကျိုးပိုင်သည် ရည်ရွယ်ချက်ရှိရှိတမင်တကာ အချို့သောလူမှုရေးပြသနာရပ်တစ်ခုနှင့်စပ်လျဥ်း၍ ကျန့်စစ်၏ထင်မြင်ချက်တို့ကို မေးမြန်းရာ ထိုသူက သူ့ရဲ့မသဲမကွဲခပ်တိုးတိုးအသံဖြင့် မှတ်ချက်ပေးခဲ့သည်။ ကျိုးပိုင်မှာ ပိုနားထောင်လေလေ မကောင်းဆိုးဝါးပူးခံရသလို ငုံ့ကာနမ်းဖို့ရန်မတတ်နိုင်တော့လေဖြစ်လာသည်။
ပထမအကြိမ်မှာ သူစိမ်းဖြစ်ပြီး၊ ဒုတိယအကြိမ်မှာ ရင်းနီးကြပြီ၊ ကျန့်စစ်က မထိတ်လန့်သော်ငြား ကျိုးပိုင်ကိုအမြန်တွန်းထုတ်ကာ သူ့ပါးစပ်ကိုပိတ်ရင်းပြောလိုက်၏ "ကျွန်တော် တုပ်ကွေးမိနေတယ်လေ၊ မနမ်းပါနဲ့!"
"မပျောက်နဲ့အုံး၊ မင်းဒီလိုပြောတာကိုနားထောင်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"
"..." ဘာရယ်? ဘာကစိတ်ဝင်စားဖို့ကောင်းနေလို့လဲ?
ကိစ္စရပ်များက ကိုယ့်ဆန္ဒအတိုင်းမဖြစ်လာနိုင်တာနှမြောစရာပင်။ ကျန့်စစ်သည် ရက်အနည်းငယ်တွင် ပြန်လည်သက်သာလာပြီး နှာဘူးကြီးကျိုးပိုင်ခမျာ ဝဋ်လည်လေတော့၏။
.
Zawgyi
.
သိပ္မၾကာေသးခင္က က်န႔္စစ္တစ္ေယာက္အေအးမိသြားသည္။ သူသည္ ႏုံးခ်ိေနကာ မ်က္လုံးနာ၊ ႏွာရည္ယိုၿပီး အသံကလည္း ႏွာသံေပါက္ေန၏။
က်ိဳးပိုင္က ႐ုတ္တရက္ သူ႕ကိုယ္သူထူးျခားမႈအသစ္တစ္ခုကို ရွာေဖြေတြ႕ရွိသြားၿပီ။ က်န႔္စစ္ရဲ႕ခပ္တိုးတိုးမသဲမကြဲ ႏွာသံျဖင့္စကားေျပာသည္ကို နားေထာင္ရတာႏွစ္ၿခိဳက္သည္။ ဘယ္ေလာက္နားေထာင္ေနပါေစ သက္ေတာင့္သက္သာရွိလွၿပီး၊ ငွက္ေမြးေလး သူ႕ႏွလုံးသားကိုပြတ္သပ္ေနသလို ႏူးႏူးညံ့ညံ့ယားက်ိက်ိခံစားရသည္။
ထို႔ေၾကာင့္ သူက်န႔္စစ္ကို ဟိုအေၾကာင္းဒီအေၾကာင္းေထြရာေလးပါးကိုေျပာခိုင္းကာ အခ်ိန္အတန္ၾကာ စ ေနာက္လိမ့္မည္။
ရိုးႏုံသည့္အလား က်န႔္စစ္က ပင္ပန္းႏြမ္းနယ္ကာ စိတ္မသက္မသာခံစားရပါေစ ျပန္ေျဖလိမ့္မည္။
က်ိဳးပိုင္ကလည္း ရေလ လိုေလ အိုတစ္ေဆျဖစ္လာၿပီး ႏွာဘူးတစ္ေယာက္အလား နားေထာင္ေလ စြဲလမ္းေလျဖစ္လာ၏။
ထိုညေနခင္းတစ္ခုတြင္ သူတို႔ဧည့္ခန္းအတြင္း တီဗီၾကည့္ေနၾကစဥ္ က်ိဳးပိုင္သည္ ရည္႐ြယ္ခ်က္ရွိရွိတမင္တကာ အခ်ိဳ႕ေသာလူမႈေရးျပသနာရပ္တစ္ခုႏွင့္စပ္လ်ဥ္း၍ က်န႔္စစ္၏ထင္ျမင္ခ်က္တို႔ကို ေမးျမန္းရာ ထိုသူက သူ႕ရဲ႕မသဲမကြဲခပ္တိုးတိုးအသံျဖင့္ မွတ္ခ်က္ေပးခဲ့သည္။ က်ိဳးပိုင္မွာ ပိုနားေထာင္ေလေလ မေကာင္းဆိုးဝါးပူးခံရသလို ငုံ႕ကာနမ္းဖို႔ရန္မတတ္နိုင္ေတာ့ေလျဖစ္လာသည္။
ပထမအႀကိမ္မွာ သူစိမ္းျဖစ္ၿပီး၊ ဒုတိယအႀကိမ္မွာ ရင္းနီးၾကၿပီ၊ က်န႔္စစ္က မထိတ္လန႔္ေသာ္ျငား က်ိဳးပိုင္ကိုအျမန္တြန္းထုတ္ကာ သူ႕ပါးစပ္ကိုပိတ္ရင္းေျပာလိုက္၏ "ကြၽန္ေတာ္ တုပ္ေကြးမိေနတယ္ေလ၊ မနမ္းပါနဲ႕!"
"မေပ်ာက္နဲ႕အုံး၊ မင္းဒီလိုေျပာတာကိုနားေထာင္ရတာ အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္"
"..." ဘာရယ္? ဘာကစိတ္ဝင္စားဖို႔ေကာင္းေနလို႔လဲ?
ကိစၥရပ္မ်ားက ကိုယ့္ဆႏၵအတိုင္းမျဖစ္လာနိုင္တာႏွေျမာစရာပင္။ က်န႔္စစ္သည္ ရက္အနည္းငယ္တြင္ ျပန္လည္သက္သာလာၿပီး ႏွာဘူးႀကီးက်ိဳးပိုင္ခမ်ာ ဝဋ္လည္ေလေတာ့၏။
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}
Short Storyထိမ်းမြားခြင်းသည်ပထမ ၊ အချစ်ကနောက်မှ။ ထိမ္းျမားျခင္းသည္ပထမ ၊ အခ်စ္ကေနာက္မွ။ Both Zawgyi & Unicode