Unicode
ကျန့်စစ် ထိုနေရာမှာတင်ရပ်နေရင်း ထင်ယောင်ထင်မှားဖြစ်နေသလားဟုတွေးတောနေ၏။ ကျိုးပိုင်ထံမှထွက်ပေါ်နေသော အမျက်ဒေါသနှင့်မပျော်ရွှင်မှုတို့မှာ ပျောက်ကွယ်သွားပုံရပြီး ချက်ချင်းပင် သူ့မျက်ဝန်းထဲနူးညံ့မှုတို့ပြည့်လျှံလာသည်။
ဤသည်မှာ မယိမ်းယိုင်သော "ကြေညာချက်" ဖြစ်ပြီး အတော်ရှက်ဖွယ်ကောင်းသည်ဟုပင် ဆိုနိုင်ပါမည်။ ကျန့်စစ်က အဖြစ်မှန်သို့ပြန်ရောက်သောအခါတွင် ငြင်းဆိုသည့်သဘောထားကိုမပြသခဲ့။ ဤအရာဟာ သူရဲ့မတရားခံရမှုကိုဖြေရှင်းရန် ကျိုးပိုင်သူ့အားကူညီပေးနေသည်ကို နားလည်သည်၊ နောက်ပြီး အရေးအကြီးဆုံးကတော့...
ကျိုးပိုင်ကို ဒီရှုထောင့်ကကြည့်လျှင် အလွန်ခံ့ညားလွန်းသည်ပင်။
"ဟုတ်.. ဟုတ်ပါပြီ" ကျန့်စစ်က ကိုးရိုးကားရားဖြင့်ခေါင်းညိတ်လိုက်၏။
ကျိုးပိုင်လည်း တဖြည်းဖြည်းပြေလျော့သွားပြီး နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ကာ နှလုံးသားထဲရှိလေးလံမှုတို့ကို ဖုံးကွယ်လိုက်သည်။
တကယ်တမ်း သူ့တွင်အနမ်းနှင့်ပတ်သတ်သောအတွေ့အကြုံမှာ ပေါခြင်းသောခြင်းရှိပြီး ဇနီးဟောင်းများက သူ့ရဲ့လက်ရာမြောက်အနမ်းစွမ်းရည်ကိုတောင် ချီးကျူးခဲ့ကြသည်။ သို့ပေမဲ့ ယခုလက်ရှိလောက် အရာအားလုံးမှားယွင်းတော့မယောင် ကူကယ်ရာမဲ့မခံစားခဲ့ရဖူးချေ။ သူသည်ကိုယ်ဟန်အနေအထားကိုလျစ်လျူရှု၍ စည်းချက်မကျဖြစ်နေကာ သူလုပ်နိုင်သမျှက သတိလက်လွတ်အတောင့်လိုက်ရပ်နေသော သူ့ရှေ့ရှိလူ၏နှုတ်ခမ်းကို စိုက်ကြည့်ရုံသာဖြစ်ပြီး၊ ထို့နောက် ခေါင်းကိုငုံ့ပြီး ဖြည်းညင်းစွာထိုသူ့နှုတ်ခမ်းဆီတိုးကပ်သွားလိုက်သည်။
ကျန့်စစ်သည်လည်း အသုံးကျလှသူမဟုတ်ခဲ့ - ချဉ်းကပ်လာသော ဖိအားကိုအာရုံခံမိကာ သူ့အလိုလိုနောက်ပြန်ဆုတ်သွားသည်။ တစ်ဦးကရှေ့ကိုကိုင်းရင်း ကျန်တစ်ဦးကနောက်ဆုတ်ကာ ရယ်စရာအနေအထားဖြစ်နေတော့သည်။
ဘေးမှပေါ်ပေါ်ထင်ထင်ရပ်ကြည့်သူများအဖို့ ထိုအခြင်းအရာမှာ – "ကိုယ်မင်းကိုနမ်းတော့မှာ" ၊ "ဟင့်အင်း နမ်းခွင့်မပေးဘူး" – ဆိုသလို ချစ်သူနှစ်ဦးကြားကလူကျီစယ်ရင်း ခက်ခက်ခဲခဲလိုက်နေရသည့် မြင်ကွင်းတစ်ခုသာဖြစ်နေသည်။
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}