Unicode
Translator: dounai
Editor: mantouနောက်တစ်နေ့တွင် ကျန့်စစ်အလုပ်ဆင်းပြီးချိန် အဖွဲ့ခေါင်းဆောင်ထံမှ ဒီဇိုင်းအဆိုပြုမှုတွင်ပြင်ဆင်ဖြည့်စွက်ရန်အနည်းငယ်လိုအပ်ကြောင်းဖုန်းဆက်လာ၏။ သူ့ရဲ့လက်ပ်တော့ပ်ထဲ Backup ဖိုင်လ်ရှိသောကြောင့် ရုံးသို့ပြန်မသွားပဲအိမ်၌သာအချိန်ပိုဆင်းလိုက်သည်။
သူထိုင်ပြီးသည်နှင့် ညသန်းခေါင်ယံရောက်သည်အထိ မနားတမ်းအလုပ်လုပ်လိုက်၏။
လက်ပ်တော့ပ်ကိုပိတ်ကာ ကျန့်စစ် မတ်တတ်ရပ်ပြီးအညောင်းဆန့်လိုက်သည်။
အလုပ်ထဲဈာန်ဝင်နေသောကြောင့် ကျန့်စစ်သည်ကျိုးပိုင်အိမ်ပြန်ရောက်မရောက်မသေချာချေ။ သူ့အခန်းထဲမှထွက်လာပြီး မာစတာအိပ်ခန်းမှာသော့ခတ်ထား၍ ဧည့်ခန်းမှာမှောင်မည်းကာ ထိုလူ၏ရှူးဖိနပ်ကိုလည်း ဆင်ဝင်တွင်မရှိသည်ကိုသတိပြုမိသွားသည်။
ကျိုးပိုင်အိမ်ရောက်သေးပုံမပေါ်၊ ဒင်နာနောက်တစ်ခုတက်နေပုံရသည်။
ကျန့်စစ်သည် ဧည့်ခန်းမီးကိုဖွင့်၍ ညလယ်စာပြန်ဆင်ရန်သင့်မသင့် ဝေခွဲမရဖြစ်နေ၏။ တဘက်နှင့် ညအိပ်ဝတ်စုံကိုယူကာ ရေချိုးရန်ပြင်လိုက်သည်။
သူရေချိုးခန်းထဲဝင်မည်အပြု တံခါးသော့ဖွင့်သံကိုကြားလိုက်ရသည်။ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်၍ အသံလားရာဘက်ကိုလှည့်ကာပြောလိုက်သည် "ခင်ဗျားပြန်လာပြီလား? တစ်ခုခု စား…"
ကျန့်စစ်သည် တစ်ဝက်တစ်ပျက်ဖြင့် ကြမ်းပြင်ပေါ်အတောင့်လိုက်ရပ်သွား၏။
အလှလေးတစ်ယောက်သည်ကျိုးပိုင်ကိုတွဲ၍ နှစ်ဦးသားတံခါးဝမှဝင်လာကြသည်။
ကျိုးပိုင်မှာ တော်တော်လေးမူးနေပုံရသည်။ ရူးဖိနပ်ကိုချွတ်ရင်း အသံကျယ်ကျယ်ဖြင့်ဖုန်းပြောနေကာ အိမ်ထဲတွင်ရပ်နေသော ကောင်လေးကိုမြင်ပုံမရပဲ "အင်း အင်း အိုခေ ဒါရိုက်တာဝမ်၊ ဒါဆိုလည်း အဲ့လိုပဲလုပ်လိုက်…"
အလှလေးက ကျန့်စစ်ထံတစ်ချက်ဝေ့ကြည့်ကာ မျက်နှာထက်တွင်သရော်ဟန်အပြည့်နှင့် သံသယဖြစ်စေမည့်စကားအချို့ကိုဆိုခဲ့သည် "အဲ့ဒီတော့ အဲ့ဒါက မင်းလေးပေါ့
.
Zawgyi
ေနာက္တစ္ေန႕တြင္ က်န႔္စစ္အလုပ္ဆင္းၿပီးခ်ိန္ အဖြဲ႕ေခါင္းေဆာင္ထံမွ ဒီဇိုင္းအဆိုျပဳမႈတြင္ျပင္ဆင္ျဖည့္စြက္ရန္အနည္းငယ္လိုအပ္ေၾကာင္းဖုန္းဆက္လာ၏။ သူ႕ရဲ႕လက္ပ္ေတာ့ပ္ထဲ Backup ဖိုင္လ္ရွိေသာေၾကာင့္ ႐ုံးသို႔ျပန္မသြားပဲအိမ္၌သာအခ်ိန္ပိုဆင္းလိုက္သည္။
သူထိုင္ၿပီးသည္ႏွင့္ ညသန္းေခါင္ယံေရာက္သည္အထိ မနားတမ္းအလုပ္လုပ္လိုက္၏။
လက္ပ္ေတာ့ပ္ကိုပိတ္ကာ က်န႔္စစ္ မတ္တတ္ရပ္ၿပီးအေညာင္းဆန႔္လိုက္သည္။
အလုပ္ထဲဈာန္ဝင္ေနေသာေၾကာင့္ က်န႔္စစ္သည္က်ိဳးပိုင္အိမ္ျပန္ေရာက္မေရာက္မေသခ်ာေခ်။ သူ႕အခန္းထဲမွထြက္လာၿပီး မာစတာအိပ္ခန္းမွာေသာ့ခတ္ထား၍ ဧည့္ခန္းမွာေမွာင္မည္းကာ ထိုလူ၏ရႉးဖိနပ္ကိုလည္း ဆင္ဝင္တြင္မရွိသည္ကိုသတိျပဳမိသြားသည္။
က်ိဳးပိုင္အိမ္ေရာက္ေသးပုံမေပၚ၊ ဒင္နာေနာက္တစ္ခုတက္ေနပုံရသည္။
က်န႔္စစ္သည္ ဧည့္ခန္းမီးကိုဖြင့္၍ ညလယ္စာျပန္ဆင္ရန္သင့္မသင့္ ေဝခြဲမရျဖစ္ေန၏။ တဘက္ႏွင့္ ညအိပ္ဝတ္စုံကိုယူကာ ေရခ်ိဳးရန္ျပင္လိုက္သည္။
သူေရခ်ိဳးခန္းထဲဝင္မည္အျပဳ တံခါးေသာ့ဖြင့္သံကိုၾကားလိုက္ရသည္။ ေျခလွမ္းအနည္းငယ္ျပန္ဆုတ္၍ အသံလားရာဘက္ကိုလွည့္ကာေျပာလိုက္သည္ "ခင္ဗ်ားျပန္လာၿပီလား? တစ္ခုခု စား…"
က်န႔္စစ္သည္ တစ္ဝက္တစ္ပ်က္ျဖင့္ ၾကမ္းျပင္ေပၚအေတာင့္လိုက္ရပ္သြား၏။
အလွေလးတစ္ေယာက္သည္က်ိဳးပိုင္ကိုတြဲ၍ ႏွစ္ဦးသားတံခါးဝမွဝင္လာၾကသည္။
က်ိဳးပိုင္မွာ ေတာ္ေတာ္ေလးမူးေနပုံရသည္။ ႐ူးဖိနပ္ကိုခြၽတ္ရင္း အသံက်ယ္က်ယ္ျဖင့္ဖုန္းေျပာေနကာ အိမ္ထဲတြင္ရပ္ေနေသာ ေကာင္ေလးကိုျမင္ပုံမရပဲ "အင္း အင္း အိုေခ ဒါရိုက္တာဝမ္၊ ဒါဆိုလည္း အဲ့လိုပဲလုပ္လိုက္…"
အလွေလးက က်န႔္စစ္ထံတစ္ခ်က္ေဝ့ၾကည့္ကာ မ်က္ႏွာထက္တြင္သေရာ္ဟန္အျပည့္ႏွင့္ သံသယျဖစ္ေစမည့္စကားအခ်ိဳ႕ကိုဆိုခဲ့သည္ "အဲ့ဒီေတာ့ အဲ့ဒါက မင္းေလးေပါ့"
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}
Short Storyထိမ်းမြားခြင်းသည်ပထမ ၊ အချစ်ကနောက်မှ။ ထိမ္းျမားျခင္းသည္ပထမ ၊ အခ်စ္ကေနာက္မွ။ Both Zawgyi & Unicode