Unicode
နောက်တစ်နေ့ ကျန့်စစ်နိုးလာသောအခါ သူ့ကိုယ်သူဖက်ထားခံရသည်ကိုသိလိုက်ရပြီး သူလုပ်ထားသည့်ကိုက်ရာတည့်တည့်ကိုသာစိုက်ကြည့်နေမိ၏။ ယမန်နေ့ညကဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောင်းသတိရပြီး ရှိုးတိုးရှန်းတန့်ရှက်စိတ်တို့လိုက်ပါလာသည်။ သို့ပေမဲ့ သူ့ရှေ့မှောက်ရှိထိုသူကအိပ်မှုန်စုံမွှားဖြည်းညှင်းစွာနိုးလာပြီး သူ့ကိုပြန်စိုက်ကြည့်ကာ သူ့ထက်ပင်ပို၍ရှိုးတိုးရှန်းတန့်ဖြစ်နေပုံကိုကြည့်၍ ကျန့်စစ်လည်းဆိုးဆိုးဝါးဝါးမခံစားရတော့ပါ။
ပိတ်ရက်ဖြစ်သဖြင့် နှိုးစက်ချရန်မလိုအပ်သော်လည်း အိပ်ရာက အရမ်းနောက်ကျမှမထခဲ့ကြပေ။
ကျန့်စစ်သည် တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး မနက်စာဝယ်ဖို့ အပြင်မထွက်ချင်တော့။ ထို့ကြောင့် သူသည် နွားနို့ပူပူနွေးနွေးနှင့် ပေါင်မုန့်အနည်းငယ်ဖြင့် ဆာလောင်မှုကိုဖြေပျောက်စေရန် စီစဉ်ခဲ့သော်လည်း အချိန်အတန်ကြာအောင်ကြိုးစားပြီးနောက် မိုက်ခရိုဝေ့ဖ်မှာ အလုပ်မလုပ်ခဲ့။ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အရေးပေါ်နံပါတ်ကိုဖုန်းခေါ်ခါနီးမှာ ကျိုးပိုင်ကနှာခေါင်းကိုပွတ်ပြီး အိမ်ရှိအဲယားကွန်းခလုတ်ကိုပိတ်လိုက်သည်။
ကျန့်စစ် : "..."
ကျိုးပိုင် : "..."
ကောင်းပြီ၊ မနက်စာသွားစားကြတာပေါ့။
.
နံနက်ခင်းတွင် ကျိုးပိုင်ကဖုန်းလက်ခံရရှိပြီး ၎င်းမှာသူ့အဖေထံမှဖြစ်၏။ အဖေကျိုးသည် ခွဲစိတ်မှုအပြီး ချောချောမွေ့မွေ့ ပြန်လည်ထူထောင်ခဲ့ကာ ဆေးရုံမှဆင်းရန်အဆင်သင့်ဖြစ်နေပြီ။ ကျိုးပိုင်သည် ယခင်က ဤကိစ္စနှင့်ပတ်သက်၍ ဆရာဝန်နှင့်ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပြီး ခွင့်ပြုချက်ရပြီးနောက် နေ့ခင်းပိုင်းတွင် သူ့အဖေကိုသွားကြိုမည်ဖြစ်သည်။
သို့ပေမဲ့ အဖေကျိုးက သူတို့စုံတွဲအိမ်သို့ အလည်လိုက်ဖို့ရန် တောင်းဆိုခဲ့သည်။ သူ့နေအိမ်က သန့်ရှင်းရေးမလုပ်ရသေးသည့်အတွက် မပြန်ခင်တစ်ညလောက်သူတို့အိမ်မှာနေချင်ခဲ့သည်။
KAMU SEDANG MEMBACA
Jiang Jiu [ဘာသာပြန်] {Completed}