Translator: dounai
Editor: mantou
မြန်မာဘာသာပြန်: NancyUnicode
ကျန့်စစ်တွင် သေကြောင်းကြံစည်ချင်သည့် အတွေးများရှိနေသည်။
သုံးနှစ်ကြာတွဲခဲ့တဲ့ရည်းစားက တရားမဝင်ရန်ပုံငွေရှာသည့်လှုပ်ရှားမှုတွင်ပါဝင်ပတ်သတ်ခဲ့ပြီး သူရဲ့ပိုက်ဆံအားလုံးကိုယူကာ ထွက်ပြေးသွားခဲ့သည်။ သူ့ရည်းစားထံ မတရားခံခဲ့ရသူများမှာ ကျန့်စစ်ဆီလာရှာကြပြီး သူလည်းတစ်ဝက်တာဝန်ယူပေးသင့်သည်ဟုဆိုကာ ပိုက်ဆံပြန်ဆပ်ရန် တောင်းကြသည်။ ဘွဲ့ရခါစအလုပ်သင်တစ်ယောက်အနေနှင့် ကျောင်းမှချေးငွေကိုတောင်မဆပ်ရသေးပဲ သူ့တို့အား ပြန်ပေးရမည့်ပိုက်ဆံအားလုံးကို သူဘယ်ကသွားရှာရမည်နည်း။
အကြမ်းဖက်မှု ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများစွာ ကြုံတွေခဲ့ရပြီး ထိခိုက်ဒဏ်ရာများပင်ရခဲ့သည့်နောက်တွင် ကျန့်စစ်သည် ဘယ်အရာမှ ဒီ့ထက်ပိုမဆိုးနိုင်တော့ဟုတွေးခဲ့၏။ ဘဏ်မှ သူ့မိဘနှစ်ပါးသူ့အတွက်ချန်ထားသည့်အိမ်ကို သိမ်းယူလိုက်တဲ့အခါမှာတော့ သူ အလွန်အမင်းမတရားခံရကြောင်းကို သဘောပေါက်သွားတော့သည်။ သူ့ရည်းစားဟောင်းက သူ့အိမ်ကိုပင်အပေါင်ထားသွားခဲ့ပြီး သူကတော့ စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးတုန်းကတောင်အလိမ်ခံရတာကို မသိခဲ့သေး။
ကျန့်စစ် သူ့ကိုယ်၌ရဲ့ တုံးအမှုများအပေါ် စိတ်ပျက်ပြိုလဲသွား၏။
နောက်တစ်ရက် သူရဲ့အလုပ်သင်ကုမ္ပဏီသို့ ပုံမှန်အတိုင်း အလုပ်သွားခဲ့သည်။
"ပိုင်ရှန်း"ရဲ့ အောက်ဆုံးထပ်တွင် ရပ်နေလျှင် ဇက်ကြောလွဲအောင် ခေါင်းကိုမော့မှသာ ဒီကြီးမားလှတဲ့ အဆောက်အဦးရဲ့ထိပ်ဆုံးကိုမြင်တွေ့နိုင်မည်။ မြို့တော်Z တစ်ခုလုံးတွင် တတိယအမြင့်ဆုံး အဆောက်အဦးဖြစ်ပြီး ဒီအပေါ်ဆုံးကနေ ခုန်ချလျှင် သေချာပေါက် မရှုမလှသေလိမ့်မည်ဟု ကျန့်စစ်တွေးလိုက်၏။
မနက်ခင်းတွင် HR မန်နေဂျာက သူ့ကိုခေါ်ပြီး တိုင်တန်းသည့်ဖုန်းခေါ်ဆိုမှုအများအပြားရရှိခဲ့ကြောင်း ပြောပြခဲ့သည်။ ထို့အပြင် လုံခြုံရေးမှလည်း လာရောက်သောင်းကျန်းသည့် လူတွေကို တားခဲ့ရသေးသည်။ မေးခွန်းအနည်းငယ်မေးပြီးနောက် ထိုလူများမှာ ကျန့်စစ်ဆီလာကြသည်ကို သိခဲ့ရသည်။ ကုမ္ပဏီနှင့် အခြားသော ဝန်ထမ်းများရဲ့ပုံရိပ်ကို မထိခိုက်စေရန်အတွက်...
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}