56

5.2K 835 0
                                    

Unicode

လူအိုကြီးသူ့အိမ်သူပြန်သွားပြီးသည့်နောက်မှာလည်း သူတို့က ကျန့်စစ်ရဲ့ပစ္စည်းများကို သူ့အခန်းထဲပြန်မပြောင်းခဲ့ကြပေ၊ စိတ်ရှုပ်စရာကောင်းသည်ဟုခံစားရသည့်အပြင် လျှို့ဝှက်ထားသည့်တခြားအကြောင်းပြချက်တစ်ခုလည်းရှိသေးသည်။ ကိစ္စများကတစ်ခုပြီးတစ်ခုဖြစ်လာပြီး ယခုတော့ သူတို့ အိပ်ရာတစ်ခုတည်းကိုမျှသုံးနေကြပြီ။

ယနေ့မှာ ကျန့်စစ်သည် ထုံးစံအတိုင်းအလုပ်သွားပြီး တစ်မနက်ခင်းလုံးအစည်းအဝေးတက်‌ကာ သူ့ဖုန်းကိုယူမသွားခဲ့ပေ။ အစည်းအဝေးပြီးသောအခါ Missed called တစ်ခု ဝင်နေသည်ကို သိလိုက်ရသည်။ အမည်မသိနံပါတ်တစ်ခုမှ တစ်ကြိမ်သာခေါ်ဆိုထားသောကြောင့် ဖုန်းမှားခေါ်သည်ဟုထင်မှတ်ကာ လျစ်လျူရှုခဲ့၏။

သူတို့ရုပ်ရှင်ရုံမှာရုံတင်ထားသည့်ရုပ်ရှင်ကားကိုကြည့်ရန်စီစဉ်ထားသည့်အတွက် အလုပ်ဆင်းသည့်အခါ ကျိုးပိုင်ကသူ့ကိုလာကြိုခဲ့သည်။

ကျန့်စစ်က ကားတံခါးကိုဆွဲဖွင့်ပြီး ကားထဲဝင်ရန်လုပ်လိုက်စဉ် သူ့ဖုန်းကမြည်လာပြီး ဖုန်းစခရင်ပေါ်၌ ထပ်မံပြီးအမည်မသိနံပါတ်ဖြစ်နေပြန်သည်။

သူစိတ်ထဲမထည့်ဘဲ ဖုန်းကိုင်လိုက်ကာ "တောင်းပန်ပါတယ်၊ အာမခံဝယ်ဖို့မရှိပါဘူး" ဟုရွတ်ဆိုရန်ပြင်လိုက်သည်၊ သို့ပေမဲ့ ရင်းနှီးသည့်အသံက တခြားတစ်ဖက်မှထွက်လာပြီး ချက်ချင်းဆိုသလို ကျန့်စစ်ကိုကြောင်အမ်းသွားစေသည်။

တစ်ဖက်မှ "ဟယ်လို ရှောင်စစ်လား?"

ကျန့်စစ် "..."

"မင်းရဲ့ လုံခြုံရေးခါးပတ်ကိုပတ်လိုက်အုံး" ကျိုးပိုင်က ကားစက်နှိုးရင်းကျန့်စစ်အားပြောလိုက်၏။

ထိုအခိုက်အတန့်တွင် ကျန့်စစ်၏အာရုံမှာဖုန်းခေါ်ဆိုမှုပေါ်တွင် အပြည့်အဝရှိနေပြီး ကျိုးပိုင်ပြောသည်ကိုသတိမမူမိ‌ချေ။

ကျန့်စစ်မလှုပ်မယှက်ဖြစ်နေသည်ကိုသတိပြုမိပြီး ကျိုးပိုင်က လှုံခြုံရေးခါးပတ်ကိုလှမ်းဆွဲ၍တပ်ပေးလိုက်ရာ ကောင်လေးရဲ့မျက်နှာထက်တွင် ပုံမှန်မဟုတ်သည့်အမူအရာတစ်ချို့ကို တွေ့လိုက်ရ၏။ "ဘာဖြစ်လို့လဲ?" သူက ချက်ချင်းမေးလိုက်သည်။

Jiang Jiu [ဘာသာပြန်] {Completed}Wo Geschichten leben. Entdecke jetzt