Unicode
"သူပြန်ရောက်နေတာလား?" ကျိုးပိုင်ကမေးခွန်ထုတ်လိုက်၏။
"အင်း သူပြောတာ အရင်တစ်ပတ်ကပြန်ရောက်တာတဲ့" ကျန့်စစ်က အဖြေပေးသည်။
ကျိုးပိုင် : "..."
ကျန့်စစ် : "..."
စကားဝိုင်းမှာပြီးဆုံးသွားပြီး ကျိုးပိုင်က ရှော့ပင်းမောရဲ့မြေအောက်ထပ်ကားရပ်နားရာနေရာအထိ ကားမောင်းသွားလိုက်သည်။
ကားကိုရပ်ပြီးသည့်အခါ ကျိုးပိုင်က စတင်ပြီး ဒေါသတို့လျှံတက်လာပြီး "မင်းဘာတွေတွေးနေတာလဲ? ဟမ်? အတိတ်မှာကျန်ခဲ့ပြီ ဆိုတာကရောဘာလဲ? အကြောင်းပြချက်ရှိတယ်ဆိုတာကရော ဘာအဓိပ္ပါယ်လဲ? ဆုံနေကြနေရာကရော ဘာတွေလဲ? မင်းက သူ့ကိုသွားပြီးတွေ့အုံးမယ်ပေါ့?"
"အမ်.. ကျွန်တော်..."
"မင်းနားမလည်သေးဘူး! သူ့လိုအသုံးမကျတဲ့ကောင်မျိုးရဲ့စကားကို ဘယ်လိုများယုံရတာလဲ!"
"ဒါပေမဲ့ ကျွန်တော့်မှာ အပြီးသတ်စရာလိုသေးတယ်..."
"အပြီးသတ်မယ်? မင်းသူ့ကို အကြွေးဒေါ်လာသန်းသုံးဆယ်ကိုတောင် ကူဆပ်ပေးခဲ့တာလေ၊ အဲ့ဒါနဲ့မလုံလောက်သေးဘူးလား?"
"ကျွန်တော်သူ့ကို တစ်ကြိမ်လောက်သွားတွေ့ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ရှင်းရှင်းလင်းလင်းလုပ်ချင်ရုံပါ" ကျန့်စစ်လည်း စိတ်မရှည်တော့ပဲ ကျိုးပိုင်ကိုတည့်တည့်ကြည့်ကာ ပြန်ပြောလိုက်၏။
"မင်း..." ကျိုးပိုင်တစ်ယောက် တရှုးရှုးတရှားရှားဒေါသထွက်ပြီး ဘာစကားမှထပ်ထွက်မလာတော့။ မင်းက သူ့အပေါ်ခံစားချက်တွေကျန်နေသေးတာပဲ၊ ကျိုးပိုင်ထိုစကားကို စိတ်ထဲမှာပဲထားလိုက်ကာ ထိန်းချုပ်ထားရ၍ သွေးပင်အန်ချင်သွားသည်။
"စိတ်မပူပါနဲ့" ကျန့်စစ်က သူ့ကို အာမခံလိုက်သည် "ကျွန်တော် ကိုယ့်စည်းကိုသိပါတယ်"
ကျိုးပိုင်က ဒေါသများကိုအတတ်နိုင်ဆုံးပြန်မျိုချရင်း စိတ်ကိုထိန်းကာမေးသည် "ဆုံနေကြနေရာဆိုတာ ဘယ်မှာလဲ? ဘယ်အချိန် သူနဲ့တွေ့မှာလဲ? ကိုယ်ဒါကိုဖြေရှင်းပေးနိုင်တယ်?"
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}