Translator: dounai
Editor: mantouUnicode
ကျိုးပိုင်ဘာပဲဖြေဖြေ ကျန့်စစ်ကတော့ အခုအချိန်ကစပြီး သူကျိုးပိုင်ဖြေလိုက်တဲ့အရာကို နှစ်နှစ်ခြိုက်ခြိုက်စားတော့မယ်ဟု သူ့ဘာသာတွေးလိုက်သည်။
"သူက ဟောပေါ့ကိုအကြိုက်ဆုံး ၊ ပြီးတော့ နှမ်းဆီအများကြီးထည့်စားတယ်။ အကြိုက်ဆုံး ဟင်းသီးဟင်းရွက်က တရုတ်မုန်လာ ၊ မကြိုက်တာက ဆလပ်ရွက်။ အသီးထဲမှာ အကြိုက်ဆုံးက သစ်တော်သီး ၊ မကြိုက်တာ ပန်းသီး"
ကျန့်စစ် အလွန်အမင်းအံ့အားသင့်သွား၏။
အဖေကျိုးက အကြည့်တွေကိုသူ့ဆီလွှဲရင်း အဖြေမှန်မမှန်စစ်လိုက်သည် "ရှောင်စစ် သူပြောတာတွေအကုန်မှန်ရဲ့လား?"
ကျန့်စစ် သူ့ကိုသူသတိပြန်ဝင်အောင်လုပ်လိုက်ပြီး မဖြေခင်သူ့အမူအရာကိုပြန်ပြင်ကာ "ဟုတ် ဟုတ်ကဲ့ မှန်တယ်ခဗျ။ ကျွန်တော်လည်း သူသိလိမ့်မယ်လို့ မျှော်လင့်မထားဘူး..." ။ တကယ်ပင် အကုန်လုံးမှန်ပြီး နည်းနည်းလေးတောင်မလွဲပေ။
အဖေကျိုးက မေးခွန်ထုတ်ရသည်ကို ပျော်မွေ့လာကာ "ဒါဆိုရင် မင်း ရှောင်စစ်ရဲ့ခြေဖဝါး size ကိုသိလား?"
"Size 39ပါ" ကျိုးပိုင်းကဖြေလိုက်၏။"ရှောင်စစ် ဖိနပ်ချွတ်လိုက် တချက်ကြည့်ရအောင်"
"..." တကယ်ပဲ ဒီဘိုးတော် ဘယ်အကွက်ရွှေ့ရမယ်ဆိုတာသိတာပဲ!
ကျန့်စစ်တစ်ယောက်ဆွံ့အနေပြီး သူငုံ့ကိုင်း၍ ဖိနပ်ချွတ်ရုံသာတတ်နိုင်တော့၏။
ထိုအခိုက်မှာ ကျိုးပိုင်က ဒူးထောက်ထိုင်ကာ ရူးဖိနပ်ကြိုးကိုဖြည်ပေးလိုက်၏။ လက်တစ်ဖက်ကသူ့အားထိန်းပေးရင်း ကျိုးပိုင်ကပြောသည် "ခြေဗလာနဲ့ကြမ်းပြင်ပေါ်မထောက်နဲ့ ၊ ကိုယ့်ခြေထောက်ပေါ်ထောက်ထား ၊ မလဲစေနဲ့အုံး" ထို့နောက် ကျန်တစ်ဖက်မှ သူ့အဖေထံ ဖိနပ်ကိုကမ်းပေးလိုက်သည်။
Size 39..။
ဒီလောက်ဆို အဖေကျိုးလည်း သူ့မေးခွန်းရဲ့အဖြေမှန်မမှန်သိလောက်ပါပြီ။
Translator: dounai
Editor: mantouZawgyi
က်ိဳးပိုင္ဘာပဲေျဖျဖေ က်န႔္စစ္ကေတာ့ အခုအခ်ိန္ကစၿပီး သူက်ိဳးပိုင္ေျဖလိုက္တဲ့အရာကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္စားေတာ့မယ္ဟု သူ႔ဘာသာေတြးလိုက္သည္။
"သူက ေဟာေပါ့ကိုအႀကိဳက္ဆံုး ၊ ၿပီးေတာ့ ႏွမ္းဆီအမ်ားႀကီးထၫ့္စားတယ္။ အႀကိဳက္ဆံုး ဟင္းသီးဟင္းရြက္က တရုတ္မုန္လာ ၊ မႀကိဳက္တာက ဆလပ္ရြက္။ အသီးထဲမွာ အႀကိဳက္ဆံုးက သစ္ေတာ္သီး ၊ မႀကိဳက္တာ ပန္းသီး"
က်န႔္စစ္ အလြန္အမင္းအံ့အားသင့္သြား၏။
အေဖက်ိဳးက အၾကၫ့္ေတြကိုသူ႔ဆီလႊဲရင္း အေျဖမွန္မမွန္စစ္လိုက္သည္ "ေရွာင္စစ္ သူေျပာတာေတြအကုန္မွန္ရဲ့လား?"
က်န႔္စစ္ သူ႔ကိုသူသတိျပန္ဝင္ေအာင္လုပ္လိုက္ၿပီး မေျဖခင္သူ႔အမူအရာကိုျပန္ျပင္ကာ "ဟုတ္ ဟုတ္ကဲ့ မွန္တယ္ခဗ်။ ကြၽန္ေတာ္လည္း သူသိလိမ့္မယ္လို႔ ေမ်ွာ္လင့္မထားဘူး..." ။ တကယ္ပင္ အကုန္လံုးမွန္ၿပီး နည္းနည္းေလးေတာင္မလြဲေပ။
အေဖက်ိဳးက ေမးခြန္ထုတ္ရသည္ကို ေပ်ာ္ေမြ့လာကာ "ဒါဆိုရင္ မင္း ေရွာင္စစ္ရဲ့ေျခဖဝါး size ကိုသိလား?"
"Size 39ပါ" က်ိဳးပိုင္းကေျဖလိုက္၏။"ေရွာင္စစ္ ဖိနပ္ခြၽတ္လိုက္ တခ်က္ၾကၫ့္ရေအာင္"
"..." တကယ္ပဲ ဒီဘိုးေတာ္ ဘယ္အကြက္ေရႊ့ရမယ္ဆိုတာသိတာပဲ!
က်န႔္စစ္တစ္ေယာက္ဆြံ႔အေနၿပီး သူငံု႔ကိုင္း၍ ဖိနပ္ခြၽတ္ရံုသာတတ္ႏိုင္ေတာ့၏။
ထိုအခိုက္မွာ က်ိဳးပိုင္က ဒူးေထာက္ထိုင္ကာ ရူးဖိနပ္ႀကိဳးကိုျဖည္ေပးလိုက္၏။ လက္တစ္ဖက္ကသူ႔အားထိန္းေပးရင္း က်ိဳးပိုင္ကေျပာသည္ "ေျခဗလာနဲ႔ၾကမ္းျပင္ေပၚမေထာက္နဲ႔ ၊ ကိုယ့္ေျခေထာက္ေပၚေထာက္ထား ၊ မလဲေစနဲ႔အံုး" ထို႔ေနာက္ က်န္တစ္ဖက္မွ သူ႔အေဖထံ ဖိနပ္ကိုကမ္းေပးလိုက္သည္။
Size 39..။
ဒီေလာက္ဆို အေဖက်ိဳးလည္း သူ႔ေမးခြန္းရဲ့အေျဖမွန္မမွန္သိေလာက္ပါၿပီ။
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}
Short Storyထိမ်းမြားခြင်းသည်ပထမ ၊ အချစ်ကနောက်မှ။ ထိမ္းျမားျခင္းသည္ပထမ ၊ အခ်စ္ကေနာက္မွ။ Both Zawgyi & Unicode