24

7.1K 1.1K 6
                                    

Unicode

Translator: dounai
Editor: mantou

ကျိုးပိုင်ဝတ်ထားသည့်ညအိပ်ဝတ်စုံမှာ လျော့တိလျော့ရဲဖြစ်နေပြီး သူရဲ့အမြဲသေသပ်နေသည့်ဆံပင်တို့မှာဖရိုဖရဲဖြစ်‌နေကာ မျက်လုံးများမှာလည်းသွေးရောင်လွှမ်းနေသည်။ ရေငြိမ်ကဲ့သို့သောတည်ရှိမှုဖြင့် လက်ပိုက်ကာတံခါးနားတွင်ရပ်နေ၏။

ကျန့်စစ်သည်အပြစ်ရှိသကဲ့သို့ခံစားလိုက်ရပြီး ခေါင်းကိုငုံ့ရင်း "အိပ်ရာကနှိုးသွား‌အောင်လုပ်မိတဲ့အတွက်တောင်းပန်ပါတယ်"

သူ့အပြုအမူဟာ အတူနေအဖော်တစ်ယောက်အနေနဲ့တာဝန်မဲ့ပြီး ကျိုးပိုင်လည်းဒေါသထွက်လောက်မည်ဟုတွေးလိုက်သည်။

တစ်အောင့်ကြာတိတ်ဆိတ်နေပြီးမှ ကျိုးပိုင်ကပြောလိုက်သည် "လှုပ်ရှားသံတွေအကျယ်ကြီးဆိုတော့ ကိုယ်လည်းအိမ်ကိုသူခိုးဝင်ပြီထင်နေတာ"

အိပ်မှုန်စုံဖွားဖြစ်သဖြင့် အသံမှာရှတတဖြစ်နေ၏။

"တောင်းပန်ပါတယ်..." ကျန့်စစ်က ထပ်လောင်းတောင်းပန်လိုက်သည်။

တစ်ချိန်တည်းတွင် သူ့ဗိုက်ထဲမှ ရှည်ကြာပြီးကျယ်လောင်သောအသံမှာပဲ့တင်ထွက်လာပြီး ဒီတိတ်ဆိတ်‌သည့်ညသန်းခေါင်ယံတွင် များစွာသနားဖွယ်ကောင်းနေသည်။

ရယ်ချင်စိတ်ကိုအောင့်အီးထားသောကြောင့် ကျိုးပိုင်၏မျက်နှာတစ်ချက်တွန့်သွားသော်လည်း ကျန့်စစ်‌တွေ့လိုက်ရသည်မှာ မုန်တိုင်းမဝင်ခင်တိုက်ခတ်သောလေပွေသကဲ့သို့ ခံစားချက်မဲ့သည့်အပြုံးတစ်ခုသာ။ ကြောက်စိတ်ဖြင့်လက်များပင်တုန်ယင်လို့သွား၏။

ကျန့်စစ်က ရုတ်တရက်အကြံရသွားပြီးသတ္တိမွေးကာ ပုဇွန်မွှေကြော်ပန်းကန်ကိုကျိုးပိုင်၏နှာခေါင်းအောက်တေ့လိုက်ပြီး  "ခင်ဗျားလည်းညလယ်စာစားလိုက်ပါလား?"

ကျိုးပိုင်ကသူ့အားခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်သည်။

ပထမဦးစွာ ကျန့်စစ်ဝတ်ထားသည့်ယုန်ရုပ်လေးနှင့်အေပရွန်မှာ သူနှင့်အလွန်တရာလိုက်ဖက်မှုရှိသည်ဟုထင်သည်။

Jiang Jiu [ဘာသာပြန်] {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ