13

8.5K 1.3K 6
                                    

Translator: dounai
Editor: mantou

Unicode

ကျန့်စစ်၏ သတို့သားလောင်းအပေါ် အတူရှိနေစဥ်ထားရှိသည့်သဘောထားမှာရိုးရှင်းပေသည်။

သူတို့နှစ်ဦးသားသည် တစ်ဦးပေါ်တစ်ဦးမည်သည့်စိတ်ခံစားချက်မှမပါပဲ လက်ထပ်ဖို့ဆုံးဖြတ်ကြသည့်အတွက်​ ပုံမှန်သူငယ်ချင်းတွေလို ကိုယ်ပိုင်အချိန်ပေး၊ နားလည်မှုပေးပြီး ပဋိပက္ခများမှရှောင်ဖယ်ရန် အကောင်းဆုံးကြိုးစားမည်ဖြစ်၏။ ထိုမှသာ သူတို့လည်း ရှိုးတိုးရှန်းတန့်မခံစားရမည်ဖြစ်ပေသည်။

ကျန့်စစ်ကိုအိမ်လိုက်ပို့ပြီးနောက် ကျိုးပိုင်အိမ်ပြန်လာခဲ့၏။

ကျန့်စစ်က တိတ်ဆိတ်သောခရီးသည်ဖြစ်၏ ဒါမှမဟုတ် သူတို့​နှစ်ဦးကြားပြောစရာစကားမရှိတာပိုဖြစ်နိုင်သည်။ ဒါပေမယ့် တိတ်ဆိတ်နေလို့ အဆင်မပြေဖြစ်တာမျိုးမရှိ ထူးထူးဆန်းဆန်း အေးချမ်းကာတည်ငြိမ်နေသည်။

ကျိုးပိုင်တစ်ဦးတည်းအပြန်လမ်းတွင် ဘာရယ်မဟုတ် မသိစိတ်မှသူ့အလိုလို ဘေးထိုင်ခုံကိုကြည့်လိုက်မိသည်။

ထိုနေရာတွင်ဝက်ဝံရုပ်ကလေးထိုင်နေ၏။

ထိုသူကထိုနေရာမှာထိုင်နေစဥ် တစ်ခါတစ်ရံဝက်ဝံရုပ်လေးနှင့်ဆော့နေပြီး တစ်ခါတစ်ရံမှန်ပြတင်းပေါက်မှအပြင်ကိုငေးကြည့်နေတတ်သည်။ သူရဲ့တည်ရှိမှုမှာမသိသာလှသော်လည်း ကျိုးပိုင်ကတော့ခံစားလို့ရ၏။

တစ်စုံတစ်ဦးကသူ့ဘေးတွင်ရှိနေသကဲ့သို့...။

နီးနီးလေးလည်းမဟုတ်၊ ခပ်ဝေးဝေးလည်းမဟုတ်၊ တရင်းတနှီးလည်းမဟုတ်၊ တသီးတခြားလည်းမဟုတ်။

ဒီခံစားချက်ကြီးက စက်ဆုပ်ဖွယ်ကောင်းတာမျိုးမရှိလှ။

.

Translator: dounai
Editor: mantou

Zawgyi

က်န္႔စစ္၏ သတို႔သားေလာင္းအေပၚ အတူရိွေနစဥ္ထားရိွသည့္သေဘာထားမွာရိုးရွင္းေပသည္။

သူတို႔ႏွစ္ဦးသားသည္ တစ္ဦးေပၚတစ္ဦးမည္သည့္စိတ္ခံစားခ်က္မွမပါပဲ လက္ထပ္ဖို႔ဆံုးျဖတ္ၾကသည့္အတြက္​ ပံုမွန္သူငယ္ခ်င္းေတြလို ကိုယ္ပိုင္အခ်ိန္ေပး၊ နားလည္မႈေပးၿပီး ပဋိပကၡမ်ားမွေရွာင္ဖယ္ရန္ အေကာင္းဆံုးႀကိဳးစားမည္ျဖစ္၏။ ထိုမွသာ သူတို႔လည္း ရိႈးတိုးရွန္းတန္႔မခံစားရမည္ျဖစ္ေပသည္။

က်န္႔စစ္ကိုအိမ္လိုက္ပို႔ၿပီးေနာက္ က်ိဳးပိုင္အိမ္ျပန္လာခဲ့၏။

က်န္႔စစ္က တိတ္ဆိတ္ေသာခရီးသည္ျဖစ္၏ ဒါမွမဟုတ္ သူတို႔​ႏွစ္ဦးၾကားေျပာစရာစကားမရိွတာပိုျဖစ္ႏိုင္သည္။ ဒါေပမယ့္ တိတ္ဆိတ္ေနလို႔ အဆင္မေျပျဖစ္တာမ်ိဳးမရိွ ထူးထူးဆန္းဆန္း ေအးခ်မ္းကာတည္ၿငိမ္ေနသည္။

က်ိဳးပိုင္တစ္ဦးတည္းအျပန္လမ္းတြင္ ဘာရယ္မဟုတ္ မသိစိတ္မွသူ႔အလိုလို ေဘးထိုင္ခံုကိုၾကည့္လိုက္မိသည္။

ထိုေနရာတြင္ဝက္ဝံရုပ္ကေလးထိုင္ေန၏။

ထိုသူကထိုေနရာမွာထိုင္ေနစဥ္ တစ္ခါတစ္ရံဝက္ဝံရုပ္ေလးႏွင့္ေဆာ့ေနၿပီး တစ္ခါတစ္ရံမွန္ျပတင္းေပါက္မွအျပင္ကိုေငးၾကည့္ေနတတ္သည္။ သူရဲ့တည္ရိွမႈမွာမသိသာလွေသာ္လည္း က်ိဳးပိုင္ကေတာ့ခံစားလို႔ရ၏။

တစ္စံုတစ္ဦးကသူ႔ေဘးတြင္ရိွေနသကဲ့သို႔...။

နီးနီးေလးလည္းမဟုတ္၊ ခပ္ေဝးေဝးလည္းမဟုတ္၊ တရင္းတႏွီးလည္းမဟုတ္၊ တသီးတျခားလည္းမဟုတ္။

ဒီခံစားခ်က္ႀကီးက စက္ဆုပ္ဖြယ္ေကာင္းတာမ်ိဳးမရိွလွ။

Jiang Jiu [ဘာသာပြန်] {Completed}Where stories live. Discover now