48

5.4K 840 4
                                    

Unicode

ဆေးရုံတွင်ရက်သတ္တပါတ်ကုန်ဆုံးပြီးနောက်မှာ ကျိုးပိုင်ရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းခဲ့သည်။

ထိုစဉ် သူအိမ်ထောင်သည်ဘဝမှာနေသားကျ‌နေပြီကိုသိလိုက်ရသည် - အလုပ်ကိစ္စနှင့်ခရီးများသွားချိန်မှာ တစ်စုံတစ်ယောက်ကသူ့ကိုစိုးရိမ်ပေးလိမ့်မည်၊ ဆေးရုံတက်ချိန်မှာ တစ်စုံတစ်ယောက်ကသူ့ကိုဂရုစိုက်ပေးမည်၊ တစ်စုံတစ်ယောက်က သူနှင့်စကားစမြည်ပြောပေးပြီး ပျင်းရိခြင်းကိုလျော့ပါးစေမည်၊ သူအလုပ်ရှုပ်ချိန်တွေမှာ တစ်စုံတစ်ယောက်ကသူ့ကိုစိတ်ပူပေးမည်... နောက်ပြီး အရေးကြီးဆုံးက သူဘယ်လောက်ပဲကြည့်ပါစေ ထိုလူသားကရှုမငြီးဖွယ်ပင်။ ထိုလူသူ့နံဘေးမှာရှိချိန်တိုင်း သူ့ကိုအလွန့်အလွန်စိတ်လက်ပေါ့ပါးစေသည်။

လက်တလောတစ်ခုတည်းသောပြဿနာရပ်မှာ ကျိုးပိုင်တစ်ယောက် သူ့ဘဝရဲ့အနှစ်သာရတချို့ပျောက်ဆုံးနေခြင်းဖြစ်ပြီး - ယင်းမှာကား သမားရိုးကျမဟုတ်သည့် ရုပ်ပိုင်းဆိုင်ရာနှီးနှောဖလယ်မှုပင်ဖြစ်၏။ သူ တစ်စုံတစ်ရာအကျပ်ရိုက်နေခဲ့ရသည်...

ဥပမာ - သူဆေးရုံတက်စဥ်က အိမ်သာသွားရန်ညဉ့်နက်သန်းခေါင် အိပ်ရာကနိုးပြီးနောက်.. ပြန်လာချိန်မှာ ကျန့်စစ်သည်နံဘေးရှိဧည့်ခုတင်ပေါ်မှာ‌ဘေးစောင်းလှဲလျက် နောက်ကျောမှာစောင်လွတ်ပြီး တီရှပ်အင်္ကျီမှာလိပ်တက်ကာ ဖြူဖွေးချောမွတ်သောခါး‌လေးပေါ်လျက်ရှိသည်။ သန့်စင်ခန်းမှတိုးထွက်လာသည့် ခပ်ဖျော့ဖျော့အလင်း‌‌ရောင်က သူ့ခါးပေါ်ဖြာကျနေသည်။ ဤသို့နှင့် ဂုဏ်သိက္ခာကြီးမားလှသည့်ဥက္ကဋ္ဌကျိုးခမျာ အရှက်သိက္ခာမဲ့လှစွာ ထို‌အ‌ရေပြားအစိတ်အပိုင်းလေးကိုစိုက်ကြည့်ရင်းဖြင့် တစ်ညလုံး မာနေလေတော့သည်။

ခပ်တိုတိုပြောရရင် ကျိုးပိုင်ကကျန့်စစ်ကို သူ့အိပ်ရာပေါ်ဆွဲတင်ချင်လှပြီ၊ သို့သော် မည်သို့လုပ်ဆောင်ရမည်ကိုသူမသိ။

ကျိုးပိုင်သည် သူက လိင်တူစိတ်ဝင်စားသူမဟုတ်ဟုထင်ထားခဲ့ပြီး၊ တစ်ချိန်တုန်းက ကျန့်စစ်ကိုသူ့အမည်ခံလက်တွဲဖော်မျှသာဟု မှတ်ယူခဲ့သည်၊ သို့ပေမဲ့လည်း တနည်းတဖုံပြောင်းလဲလာခြင်းကိုတော့ သူမထိန်းချုပ်နိုင်ခဲ့ချေ - အထူးသဖြင့် ပို၍ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေသော သူ့အောက်ပိုင်းကိုပင်။

Jiang Jiu [ဘာသာပြန်] {Completed}Where stories live. Discover now