49

5.2K 812 5
                                    

Unicode

ကျိုးပိုင်စိတ်ထဲမှ ကံနှင့်အယူသီးမှုကိုကျိန်ဆဲနေချိန်တွင် ကျန့်စစ်က သူ့အခန်းတံခါးကိုခေါက်လာသည်။ "မစ္စတာကျိုး ခင်‌ဗျားအရင်ရေချိုးလိုက်မလား? ဒါမှမဟုတ် ကျွန်တော်အရင်ချိုးရမလား"

"မင်းအရင်သွားချိုးလို့ရတယ်"

"ဟုတ်ပါပြီ"

.

ကျန့်စစ်ကရေချိုးပြီး ဆံပင်ရေစိုလတ်စဖြင့်ပြန်ထွက်လာရာ သူ့မျက်စိ‌ရှေ့မှာ ပိန်းပိတ်အောင်မှောင်မည်းနေ၏။

အလန့်တကြားဖြင့် ခပ်တိုးတိုးအော်မိပြီးနောက် တံခါးဖွင့်သံကို ကြားလိုက်ရသည်။

"မစ္စတာကျိုးလား?"

"ခလုတ်တိုက်လဲအုံးမယ်"

"အိုးး"

ရေချိုးခန်းထဲမှ အနီအောက်ရောင်ခြည်သုံးမျက်နှာကျက်အပူပေးစက်က လင်းထိန်နေပြီး ကျန့်စစ်ရေချိုးခန်းထဲမှထွက်လာရာ ရုတ်တရက် အမှောင်ထဲရောက်သွားသည်။ သူအမြင်ကွယ်လျက်ပင်ရှေ့ဆက်လျှောက်လာရာ ဦးဆုံး စားပွဲကိုဝင်တိုးမိပြီးနောက် လူတစ်ယောက်ကို ဝင်တိုက်လိုက်မိ၏။

"မလှုပ်နဲ့၊ မျက်လုံးမှိတ်ထားပြီး ကျင့်သားရအောင်နေလိုက်အုံး"

"အင်း..." ကျန့်စစ်က ပြန်ဖြေပြီး သတိလက်လွတ် သူ့ရှေ့ကလူကို ဆုပ်ကိုင်လိုက်သည်။

ကျိုးပိုင်သည် သူ့လက်ကို ကျန့်စစ်ရဲ့ခါးတစ်ဝိုက်တွင်ထားထားရာ ညအိပ်ဝတ်စုံအပေါ်ဝတ်နှင့်ဘောင်းဘီကြားရှိ အစိုဓာတ်ရှိနေဆဲဖြစ်သော ချောမွေ့သည့်အသားအရေကို ထိတွေ့ခံစားနေရ၏။  သေးသွယ်သောခါးလေးရဲ့ပုံရိပ်ကို မြင်လွှာတွင်စွဲကပ်ထားသည့်အလား ရုတ်တရက်ကျိုးပိုင်ရဲ့စိတ်ကူးထဲစိုးမိုးချယ်လှယ်သွားပြီး သူ့လက်ချောင်းများကသံလိုက်လို ကျန့်စစ်ရဲ့အရေပြားပေါ်သို့ ကပ်တွယ်နေသည်။ သူတို့ရဲ့အသက်ရှုသွင်းမှုတို့ထဲ ရေချိုးပြီးခါစ သန့်ရှင်းလတ်ဆတ်သည့်ရနံ့တို့က ကျိုးပိုင်ရဲ့နှာဖျားကိုဝေ့ဝဲနေကာ သူ့ကို မူးဝေလာစေ‌တော့သည်။

အလုံးစုံသောထိန်းချုပ်နိုင်စွမ်းတို့ကိုသုံးပြီး ကျိုးပိုင်က သူ့ကိုယ်သူ ကျန့်စစ်ထံမှ အနည်းငယ်‌ခန့်ဖယ်ခွာဖို့လုပ်လိုက်သော်လည်း သူ့လက်များကိုမဖယ်မီရုတ်တရက်မှာ နူးညံ့သည့်အစိတ်အပိုင်းလေးကအလိုလို သူ့မေးဖျားပေါ် ခပ်ဖွဖွကျ‌ရောက်လာ၏။

ကျိုးပိုင်မှာ မှင်သက်သွားတော့သည်။

.

Zawgyi

.

က်ိဳးပိုင္စိတ္ထဲမွ ကံႏွင့္အယူသီးမႈကိုက်ိန္ဆဲေနခ်ိန္တြင္ က်န႔္စစ္က သူ႕အခန္းတံခါးကိုေခါက္လာသည္။ "မစၥတာက်ိဳး ခင္‌ဗ်ားအရင္ေရခ်ိဳးလိုက္မလား? ဒါမွမဟုတ္ ကြၽန္ေတာ္အရင္ခ်ိဳးရမလား"

"မင္းအရင္သြားခ်ိဳးလို႔ရတယ္"

"ဟုတ္ပါၿပီ"

.

က်န႔္စစ္ကေရခ်ိဳးၿပီး ဆံပင္ေရစိုလတ္စျဖင့္ျပန္ထြက္လာရာ သူ႕မ်က္စိ‌ေရွ႕မွာ ပိန္းပိတ္ေအာင္ေမွာင္မည္းေန၏။

အလန႔္တၾကားျဖင့္ ခပ္တိုးတိုးေအာ္မိၿပီးေနာက္ တံခါးဖြင့္သံကို ၾကားလိုက္ရသည္။

"မစၥတာက်ိဳးလား?"

"ခလုတ္တိုက္လဲအုံးမယ္"

"အိုးး"

ေရခ်ိဳးခန္းထဲမွ အနီေအာက္ေရာင္ျခည္သုံးမ်က္ႏွာက်က္အပူေပးစက္က လင္းထိန္ေနၿပီး က်န႔္စစ္ေရခ်ိဳးခန္းထဲမွထြက္လာရာ ႐ုတ္တရက္ အေမွာင္ထဲေရာက္သြားသည္။ သူအျမင္ကြယ္လ်က္ပင္ေရွ႕ဆက္ေလွ်ာက္လာရာ ဦးဆုံး စားပြဲကိုဝင္တိုးမိၿပီးေနာက္ လူတစ္ေယာက္ကို ဝင္တိုက္လိုက္မိ၏။

"မလႈပ္နဲ႕၊ မ်က္လုံးမွိတ္ထားၿပီး က်င့္သားရေအာင္ေနလိုက္အုံး"

"အင္း..." က်န႔္စစ္က ျပန္ေျဖၿပီး သတိလက္လြတ္ သူ႕ေရွ႕ကလူကို ဆုပ္ကိုင္လိုက္သည္။

က်ိဳးပိုင္သည္ သူ႕လက္ကို က်န႔္စစ္ရဲ႕ခါးတစ္ဝိုက္တြင္ထားထားရာ ညအိပ္ဝတ္စုံအေပၚဝတ္ႏွင့္ေဘာင္းဘီၾကားရွိ အစိုဓာတ္ရွိေနဆဲျဖစ္ေသာ ေခ်ာေမြ႕သည့္အသားအေရကို ထိေတြ႕ခံစားေနရ၏။  ေသးသြယ္ေသာခါးေလးရဲ႕ပုံရိပ္ကို ျမင္လႊာတြင္စြဲကပ္ထားသည့္အလား ႐ုတ္တရက္က်ိဳးပိုင္ရဲ႕စိတ္ကူးထဲစိုးမိုးခ်ယ္လွယ္သြားၿပီး သူ႕လက္ေခ်ာင္းမ်ားကသံလိုက္လို က်န႔္စစ္ရဲ႕အေရျပားေပၚသို႔ ကပ္တြယ္ေနသည္။ သူတို႔ရဲ႕အသက္ရႈသြင္းမႈတို႔ထဲ ေရခ်ိဳးၿပီးခါစ သန႔္ရွင္းလတ္ဆတ္သည့္ရနံ႕တို႔က က်ိဳးပိုင္ရဲ႕ႏွာဖ်ားကိုေဝ့ဝဲေနကာ သူ႕ကို မူးေဝလာေစ‌ေတာ့သည္။

အလုံးစုံေသာထိန္းခ်ဳပ္နိုင္စြမ္းတို႔ကိုသုံးၿပီး က်ိဳးပိုင္က သူ႕ကိုယ္သူ က်န႔္စစ္ထံမွ အနည္းငယ္‌ခန႔္ဖယ္ခြာဖို႔လုပ္လိုက္ေသာ္လည္း သူ႕လက္မ်ားကိုမဖယ္မီ႐ုတ္တရက္မွာ ႏူးညံ့သည့္အစိတ္အပိုင္းေလးကအလိုလို သူ႕ေမးဖ်ားေပၚ ခပ္ဖြဖြက်‌ေရာက္လာ၏။

က်ိဳးပိုင္မွာ မွင္သက္သြားေတာ့သည္။

Jiang Jiu [ဘာသာပြန်] {Completed}Where stories live. Discover now