45

5.6K 856 7
                                    

Unicode

ကျိုးပိုင်သည် ချက်ချင်းပင် ဘဏ်မှအသုံးစရိတ်စာတိုတစ်စောင်ကို လက်ခံရရှိခဲ့၏။ သူ့မျက်နှာပေါ်ရှိအမူအရာမှာ သိမ်မွေ့ညင်သာနေသည်။

ကျိုးပိုင်ထံ လူနာလာကြည့်သည့်ဧည့်သည်မှာ မျက်ခုံးပင့်ရင်း ဖုန်းကိုချောင်းကြည့်ရန် ခါးကိုင်းလိုက်သည်။ "သူက မင်းရဲ့ငွေကြေးကိစ္စကို စီမံခန့်ခွဲနေတာလား?" ဧည့်သည်က အံ့အားသင့်စွာ‌ပြော၏။

ထဲထဲဝင်ဝင်မေးခံရသည့်အပြုအမူကြောင့် စိတ်ရှုပ်သွားပြီး ကျိုးပိုင်က ဖုန်းကိုချကာ အကြောင်းအရာကို ပြောင်းလိုက်သည်။ "ဘာလို့ဒီကိုလာတာလဲ?" ဟု မေးလိုက်သည်။

"ဘာကိုဆိုလိုတာလဲ၊ ကျိုးလူကြီးမင်း.. စီးပွားရေးပါတနာက ရုတ်တရက်ဖျားမှ‌တော့ လူနာလာမေးတာ ကျိုးကြောင်းသင့်တယ်လေ"

"ကျွန်တော်အဆင်ပြေပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်"

"ကျိုးလူကြီးမင်း၊ မင်းဧည့်ဝတ်မကျေချင်တာလည်း စာရွက်လှန်တာထက်မြန်လိုက်တာ၊ လွန်ခဲ့တဲ့နှစ်ရက်ကဆို.."

စကားတစ်ဝက်တစ်ပျက်တွင် ကျန့်စစ်က တံခါးကိုတွန်းဖွင့်ပြီးဝင်လာ၏။ "မစ္စတာကျိုး၊ ဒီမှာလဲစရာအဝတ်မရှိဘူးမဟုတ်လား၊ ကျွန်တော်အိမ်ပြန်ပြီး ထုတ်ပိုးလိုက်အုံး... အဲ၊ ဟ.. ဟိုင်း"

လူနာခန်းထဲမှာဧည့်သည်ကိုတွေ့ရာ ကျန့်စစ်က သူ့အား ချက်ချင်းနှုတ်ဆက်လိုက်သည်။

"မင်းက ကျန့်စစ်ထင်တယ်? ဟိုင်း ငါကချောင်ကျစ်ချီပါ" ထိုပုဂ္ဂိုလ်က လှည့်ပြီးပြုံးပြသည်။

အကြည့်တစ်ချက်ထဲနှင့် ညွှန်းဆိုချက်နှစ်ခုက အတွေးထဲစိမ့်ဝင်လာသည်။ ပထမက "ကျက်သရေရှိတယ်" ဖြစ်ပြီး နောက်တစ်ခုက "ချောမောတယ်" ဖြစ်၏။ ထိုသူ၏ပုံပန်းသွင်ပြင်သည် မဟာမျိုးနွယ်မိသားစုမှသားတစ်ဦး၏ အရှိန်အဝါများဖြန့်ကျက်နေပြီး မထင်မရှား ပေါ့ပေါ့ပါးပါးဝတ်စုံနှင့်တောင် သူ၏မြင့်မြတ်မှုတို့ကို ဖုံးကွယ်မထားနိုင်ခဲ့။

မသက်မသာခံစားရပြီး ကျန့်စစ်က ပလတ်စတစ်အိတ်ကိုချကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ တစ်ဖက်လူသည် မရင်းနှီးသောသူဖြစ်ပြီး ကျိုးပိုင်ကလည်း သူ့ကို မိတ်ဆက်ပေးဖို့ရည်ရွယ်ချက်မရှိ၊ လေထုထဲတွင် ကသိကအောက်ဖြစ်ဖွယ်တိတ်ဆိတ်မှုတို့ ကြီးစိုး‌နေတော့၏။

Jiang Jiu [ဘာသာပြန်] {Completed}Where stories live. Discover now