Unicode
Translator: dounai
Editor: mantouရက်အနည်းငယ်ကြာပြီးနောက် ကျန့်စစ်ကအချိန်ပိုဆင်းစရာမလိုတော့ပေမဲ့ ကျိုးပိုင်ကဒင်နာပွဲများရက်ဆက်နေသည်။
တစ်ရက်တွင် ကျိုးပိုင်ကပါတီကပြန်လာပြီး ကျန့်စစ်ကိုအိပ်ရာထဲမှဆွဲထုတ်ကာ ညလယ်စာပြင်ပေးရန်ဂျီတိုက်ခဲ့သည်။ တွေ့ဆုံပွဲတွင် လူများစွာနှင့်ဝိုင်းဖွဲ့ကာစကားစမည်ပြောရသည့်အတွက် ဗိုက်ဝအောင်မစားရချေ။
ကျန့်စစ်ကအသံထွက်ဖို့ကြိုးစားကာညည်းတွားရင်း "ခေါက်ဆွဲဆိုအဆင်ပြေလား?"
"မပြေဘူး" ကျိုးပိုင်ကကျန့်စစ်ကို အေပရွန်တစ်ထည် ကိုယ်တိုင်ကိုယ်ကျဝတ်ပေးရင်း "ဟင်းနှစ်ပွဲနဲ့ စွပ်ပြုတ်လိုချင်တယ်"
"အိုး..." ကျန့်စစ်ကမြူတွေဖုံးလွှမ်းနေသလိုမျက်လုံးများဖြင့် သန်းဝေလိုက်သည်။
သူ့ရဲ့တုံ့ပြန်မှုမှာနှေးကွေးနေပြီး သူ့ခါးမှာခပ်ကြာကြာရစ်ဝဲနေသောလက်များကိုဂရုမပြုမိခဲ့။
စွပ်ပြုတ်ဆူခါနီးမှသာ ကျိုးပိုင်ကသူ့နောက်နားတစ်ချိန်လုံးရှိနေသည်ကို ကျန့်စစ်သတိထားမိသွား၏။ သူတို့၏ခန္ဓာကိုယ်များမှာထိကပ်မနေသော်ငြား ကျန့်စစ်ကသူ့ကိုသိုင်းခြုံနေသည့်အနွေးဓာတ်ကိုခံစားလို့ရသည်။
သူ့မျက်နှာမှာချက်ချင်းပူတက်သွားသည်။ ထိုလက်ရာမြောက်ပြီး တောင့်တင်းသောခန္ဓာကိုယ်မှာ သူ့အတွေးထဲစိုးမိုးသွားပြီး သူ့ရဲ့မသိစိတ်က နောက်ကိုမှီတွယ်လိုက်ရန်ပြောနေသော်လည်း ထိုသို့လုပ်ရန်မဝံ့ရဲပြန်။
ပြီးလျှင် သူနှင့်ပုခုံးတစ်ဝက်စာအကွာအဝေးတွင်ရပ်နေသောကျိုးပိုင်မှာလည်း အနည်းငယ်ငုံ့ကိုင်းနေသောလည်ကုတ်ပိုးလေးကို စိုက်ကြည့်နေရင်း အတွေးရေယဉ်တို့ကလှည့်လည်ကျက်စားနေသည်။
သူ့အရှေ့တွင်ရှိသောထိုကောင်လေးကို စိတ်လိုလက်ရထိတွေ့ပြီး ရင်ခွင်ထဲသာထည့်ထားလိုက်ချင်တော့သည်။
ဒီလိုမျိုးမပြောအပ်တဲ့အတွေးတွေနဲ့ ဒီလိုမျိုးစိတ်ရူးပေါက်တဲ့ လိုအင်တပ်မက်မှုတွေဖြစ်နေတာ သူအမူးလွန်နေလို့ပဲဖြစ်ရမည်...။
...
TN/ အကြာကြီးပျောက်သွားတဲ့အတွက် တောင်းပန်ပါတယ်။ မန့်တွေကိုမြင်ပေမယ့် ထရမ်စလေတာလေး update မမှန်တာကိုအားနာပြီး ပြောစရာစကားပျောက်နေလို့ပါ။
⊂(´・◡・⊂ )∘˚˳°Zawgyi
Translator: dounai
Editor: mantouရက္အနည္းငယ္ၾကာၿပီးေနာက္ က်န႔္စစ္ကအခ်ိန္ပိုဆင္းစရာမလိုေတာ့ေပမဲ့ က်ိဳးပိုင္ကဒင္နာပြဲမ်ားရက္ဆက္ေနသည္။
တစ္ရက္တြင္ က်ိဳးပိုင္ကပါတီကျပန္လာၿပီး က်န႔္စစ္ကိုအိပ္ရာထဲမွဆြဲထုတ္ကာ ညလယ္စာျပင္ေပးရန္ဂ်ီတိုက္ခဲ့သည္။ ေတြ႕ဆုံပြဲတြင္ လူမ်ားစြာႏွင့္ဝိုင္းဖြဲ႕ကာစကားစမည္ေျပာရသည့္အတြက္ ဗိုက္ဝေအာင္မစားရေခ်။
က်န႔္စစ္ကအသံထြက္ဖို႔ႀကိဳးစားကာညည္းတြားရင္း "ေခါက္ဆြဲဆိုအဆင္ေျပလား?"
"မေျပဘူး" က်ိဳးပိုင္ကက်န႔္စစ္ကို ေအပ႐ြန္တစ္ထည္ ကိုယ္တိုင္ကိုယ္က်ဝတ္ေပးရင္း "ဟင္းႏွစ္ပြဲနဲ႕ စြပ္ျပဳတ္လိုခ်င္တယ္"
"အိုး..." က်န႔္စစ္ကျမဴေတြဖုံးလႊမ္းေနသလိုမ်က္လုံးမ်ားျဖင့္ သန္းေဝလိုက္သည္။
သူ႕ရဲ႕တုံ႕ျပန္မႈမွာႏွေးေကြးေနၿပီး သူ႕ခါးမွာခပ္ၾကာၾကာရစ္ဝဲေနေသာလက္မ်ားကိုဂ႐ုမျပဳမိခဲ့။
စြပ္ျပဳတ္ဆူခါနီးမွသာ က်ိဳးပိုင္ကသူ႕ေနာက္နားတစ္ခ်ိန္လုံးရွိေနသည္ကို က်န႔္စစ္သတိထားမိသြား၏။ သူတို႔၏ခႏၶာကိုယ္မ်ားမွာထိကပ္မေနေသာ္ျငား က်န႔္စစ္ကသူ႕ကိုသိုင္းၿခဳံေနသည့္အႏြေးဓာတ္ကိုခံစားလို႔ရသည္။
သူ႕မ်က္ႏွာမွာခ်က္ခ်င္းပူတက္သြားသည္။ ထိုလက္ရာေျမာက္ၿပီး ေတာင့္တင္းေသာခႏၶာကိုယ္မွာ သူ႕အေတြးထဲစိုးမိုးသြားၿပီး သူ႕ရဲ႕မသိစိတ္က ေနာက္ကိုမွီတြယ္လိုက္ရန္ေျပာေနေသာ္လည္း ထိုသို႔လုပ္ရန္မဝံ့ရဲျပန္။
ၿပီးလွ်င္ သူႏွင့္ပုခုံးတစ္ဝက္စာအကြာအေဝးတြင္ရပ္ေနေသာက်ိဳးပိုင္မွာလည္း အနည္းငယ္ငုံ႕ကိုင္းေနေသာလည္ကုတ္ပိုးေလးကို စိုက္ၾကည့္ေနရင္း အေတြးေရယဥ္တို႔ကလွည့္လည္က်က္စားေနသည္။
သူ႕အေရွ႕တြင္ရွိေသာထိုေကာင္ေလးကို စိတ္လိုလက္ရထိေတြ႕ၿပီး ရင္ခြင္ထဲသာထည့္ထားလိုက္ခ်င္ေတာ့သည္။
ဒီလိုမ်ိဳးမေျပာအပ္တဲ့အေတြးေတြနဲ႕ ဒီလိုမ်ိဳးစိတ္႐ူးေပါက္တဲ့ လိုအင္တပ္မက္မႈေတြျဖစ္ေနတာ သူအမူးလြန္ေနလို႔ပဲျဖစ္ရမည္...။
...
TN/ အၾကာႀကီးေပ်ာက္သြားတဲ့အတြက္ ေတာင္းပန္ပါတယ္။ မန႔္ေတြကိုျမင္ေပမယ့္ ထရမ္စေလတာေလး update မမွန္တာကိုအားနာၿပီး ေျပာစရာစကားေပ်ာက္ေနလို႔ပါ။
⊂(´・◡・⊂ )∘˚˳°
KAMU SEDANG MEMBACA
Jiang Jiu [ဘာသာပြန်] {Completed}
Cerita Pendekထိမ်းမြားခြင်းသည်ပထမ ၊ အချစ်ကနောက်မှ။ ထိမ္းျမားျခင္းသည္ပထမ ၊ အခ်စ္ကေနာက္မွ။ Both Zawgyi & Unicode