Unicode
ကျိုးပိုင်သည် အစည်းအဝေးခန်းမှထွက်လာလာချင်းမှာပဲ ချောင်ကျစ်ချီက သူ့အိမ်ကိုသွားပြီဖြစ်ကြောင်းသိလိုက်ရသည်။ တစ်ဖက်သူက ဤမျှလောက်အလျင်လိုနေပြီး ဒီလောက်အထိလုပ်ချလိမ့်မည်ဟု သူဘယ်တုန်းကမှမျှော်လင့်မထားခဲ့။ ထိုအခိုက်အတန့်မှာပဲ သူ၏အမူအရာမှာ မီးကျွမ်းထားတဲ့ဒယ်အိုးဖင်လိုမျိုး မည်းမှောင်လာပြီး ထိုနေရာမှာပဲအစုရှယ်ယာရှင်များကိုထားရစ်ကာ အိမ်သို့အမြန်ပြေးလေတော့၏။
ထိုအတောအတွင်း ကျိုးပိုင်၏နေအိမ်တွင် ——
ကျန့်စစ်က အေးသွားသောကော်ဖီကိုသွန်လိုက်ပြီး ချောင်ကျစ်ချီအတွက် ရိုးရိုးရေတစ်ခွက်ဖြင့်လဲလှယ်ပေးလိုက်သည်။
"ကျေးဇူးပဲ" ချောင်ကျစ်ချီက တစ်ကျိုက်မော့သောက်ပြီး ခဏအကြာမှာပဲ သူ၏လှပကြော့ရှင်းသောမျက်နှာလေးမှာ ပူနွေးသောပါဝင်ပစ္စည်းများကြောင့် တွန့်လိမ်သွားတော့၏။ သူကသည်းခံပြီး ရေတစ်ငုံကိုမျိုချရင်း "အဲ့ဒါက မလွယ်ကူမှန်းနားလည်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီနေရာက မင်းနဲ့ယှဉ်ရင် ကျွန်တော်က ပိုသင့်တော်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပဲလေ။ ကျိုးပိုင်က ကျွန်တော့်ကို လိုအပ်တယ်" ဟု အေးစက်စွာပြောလိုက်သည်။
"သူကျွန်တော့်ကို ဒီကိစ္စအကြောင်း တစ်ခါမှမပြောပြဖူးဘူး၊ မင်းရဲ့စကားကို ကျွန်တော်ဘယ်လိုမှလက်မခံနိုင်ပါဘူး" ကျန့်စစ်က ပြန်ဖြေ၏။
ဤသည်မှာ ချောင်ကျစ်ချီ စောင့်ဆိုင်းနေသည့်အရာပင်ဖြစ်သည်။ သူက ကောင်ကလေးအား စာရွက်စာတမ်းတစ်ထပ်ကြီးကို တည်တည်ငြိမ်ငြိမ် ကမ်းပေးလိုက်ပြီး "ကျိုးပိုင်က ဒါတွေကို သူကိုယ်တိုင်မူကြမ်းရေးပြီး သူကိုယ်တိုင်လက်မှတ်ထိုးခဲ့တာ။ မင်းကြည့်ကြည့်လို့ရတယ်"
ကျန့်စစ်က စာချုပ်ကိုငုံ့ကြည့်ပြီး နောက်ဆုံး၌ သူ့မျက်နှာပေါ်ရှိ သနားစရာအမူအရာတို့မှာ တမဟုတ်ချင်းပြောင်းလဲလို့သွား၏။
ချောင်ကျစ်ချီက ကျေနပ်သွားပြီး "ဟုတ်ပါတယ်၊ မင်း သူပြန်လာတာကိုစောင့်ပြီး အချက်အလက်တွေကို သူနဲ့အတူစစ်ဆေးပြီးတော့မှ လက်မှတ်ထိုးလိုက်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော့်မှာအချိန်ကျပ်နေလို့ မင်းစဉ်းစားဖို့ အချိန်အများကြီးမပေးနိုင်ဘူး။ ဒီကိစ္စကို စောစောသိရလေ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့ အချိန်ပိုရလေပဲပေါ့"
.
Zawgyi
.
က်ိဳးပိုင္သည္ အစည္းအေဝးခန္းမွထြက္လာလာခ်င္းမွာပဲ ေခ်ာင္က်စ္ခ်ီက သူ႕အိမ္ကိုသြားၿပီျဖစ္ေၾကာင္းသိလိုက္ရသည္။ တစ္ဖက္သူက ဤမွ်ေလာက္အလ်င္လိုေနၿပီး ဒီေလာက္အထိလုပ္ခ်လိမ့္မည္ဟု သူဘယ္တုန္းကမွေမွ်ာ္လင့္မထားခဲ့။ ထိုအခိုက္အတန့္မွာပဲ သူ၏အမူအရာမွာ မီးကြၽမ္းထားတဲ့ဒယ္အိုးဖင္လိုမ်ိဳး မည္းေမွာင္လာၿပီး ထိုေနရာမွာပဲအစုရွယ္ယာရွင္မ်ားကိုထားရစ္ကာ အိမ္သို႔အျမန္ေျပးေလေတာ့၏။
ထိုအေတာအတြင္း က်ိဳးပိုင္၏ေနအိမ္တြင္ ——
က်န႔္စစ္က ေအးသြားေသာေကာ္ဖီကိုသြန္လိုက္ၿပီး ေခ်ာင္က်စ္ခ်ီအတြက္ ရိုးရိုးေရတစ္ခြက္ျဖင့္လဲလွယ္ေပးလိုက္သည္။
"ေက်းဇူးပဲ" ေခ်ာင္က်စ္ခ်ီက တစ္က်ိဳက္ေမာ့ေသာက္ၿပီး ခဏအၾကာမွာပဲ သူ၏လွပေၾကာ့ရွင္းေသာမ်က္ႏွာေလးမွာ ပူႏြေးေသာပါဝင္ပစၥည္းမ်ားေၾကာင့္ တြန့္လိမ္သြားေတာ့၏။ သူကသည္းခံၿပီး ေရတစ္ငုံကိုမ်ိဳခ်ရင္း "အဲ့ဒါက မလြယ္ကူမွန္းနားလည္ပါတယ္၊ ဒါေပမဲ့ အဲ့ဒီေနရာက မင္းနဲ႕ယွဥ္ရင္ ကြၽန္ေတာ္က ပိုသင့္ေတာ္တယ္ဆိုတာ ရွင္းရွင္းလင္းလင္းပဲေလ။ က်ိဳးပိုင္က ကြၽန္ေတာ့္ကို လိုအပ္တယ္" ဟု ေအးစက္စြာေျပာလိုက္သည္။
"သူကြၽန္ေတာ့္ကို ဒီကိစၥအေၾကာင္း တစ္ခါမွမေျပာျပဖူးဘူး၊ မင္းရဲ႕စကားကို ကြၽန္ေတာ္ဘယ္လိုမွလက္မခံနိုင္ပါဘူး" က်န႔္စစ္က ျပန္ေျဖ၏။
ဤသည္မွာ ေခ်ာင္က်စ္ခ်ီ ေစာင့္ဆိုင္းေနသည့္အရာပင္ျဖစ္သည္။ သူက ေကာင္ကေလးအား စာ႐ြက္စာတမ္းတစ္ထပ္ႀကီးကို တည္တည္ၿငိမ္ၿငိမ္ ကမ္းေပးလိုက္ၿပီး "က်ိဳးပိုင္က ဒါေတြကို သူကိုယ္တိုင္မူၾကမ္းေရးၿပီး သူကိုယ္တိုင္လက္မွတ္ထိုးခဲ့တာ။ မင္းၾကည့္ၾကည့္လို႔ရတယ္"
က်န႔္စစ္က စာခ်ဳပ္ကိုငုံ႕ၾကည့္ၿပီး ေနာက္ဆုံး၌ သူ႕မ်က္ႏွာေပၚရွိ သနားစရာအမူအရာတို႔မွာ တမဟုတ္ခ်င္းေျပာင္းလဲလို႔သြား၏။
ေခ်ာင္က်စ္ခ်ီက ေက်နပ္သြားၿပီး "ဟုတ္ပါတယ္၊ မင္း သူျပန္လာတာကိုေစာင့္ၿပီး အခ်က္အလက္ေတြကို သူနဲ႕အတူစစ္ေဆးၿပီးေတာ့မွ လက္မွတ္ထိုးလိုက္လို႔ရတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္မွာအခ်ိန္က်ပ္ေနလို႔ မင္းစဥ္းစားဖို႔ အခ်ိန္အမ်ားႀကီးမေပးနိုင္ဘူး။ ဒီကိစၥကို ေစာေစာသိရေလ စိတ္ပိုင္းဆိုင္ရာျပင္ဆင္ထားဖို႔ အခ်ိန္ပိုရေလပဲေပါ့"
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}
Short Storyထိမ်းမြားခြင်းသည်ပထမ ၊ အချစ်ကနောက်မှ။ ထိမ္းျမားျခင္းသည္ပထမ ၊ အခ်စ္ကေနာက္မွ။ Both Zawgyi & Unicode