Translator: dounai
Editor: mantouUnicode
ကျန့်စစ်က တာဝန်ကျေပွန်စွာပဲ ဇာတ်ညွှန်းထဲကအတိုင်းသူပြောရမည့်စာသားများကို ရွတ်ပြလိုက်သည်။
အဖေကျိုးက သူပြောတာကိုနားထောင်ပြီး တော်တော်လေးစိတ်လှုပ်ရှားသွားကာ "ကောင်းတယ် ၊ ကောင်းတယ်။ အဲ့ဒါကို ဖူးစာလို့ခေါ်တယ်။ ပြန်တွေးကြည့်ရင် ရှောင်ပိုင့်အမေနဲ့ငါလည်း ကံတရားကတွေ့ပေးခဲ့တာ။ သူ့အမေက ငါ့ဆိုင်မှာစက်ဘီးလာပြင်ရင်း..."အဖေကျိုးက စက်ဘီးပြင်ခြင်းအမှုမှစ၍ ကျိုးပိုင်မွေးသည်အထိ သူ့ဇာတ်လမ်းကို ပြန်လည်ဖောက်သည်ချလိုက်၏။ ကျိုးပိုင်ကမနေနိုင်တော့ပဲ ချောင်းအသာဟန့်ကာ "အဖေ!"
"အိုးး အိုး.. ငါဒီနေ့ ရှောင်စစ်ကိုတွေ့ဖို့လာတာဆိုတော့ အရင်ကအကြောင်းတွေဆက်မပြောတော့ပါဘူး" အဖေကျိုးက ဆက်မေးလိုက်၏ "ရှောင်စစ်က ဒီနှစ်ဆို အသက်ဘယ်လောက်ရှိပြီလဲ?"
ကျန့်စစ်ကဖြေလိုက်၏ "ဒီနှစ်ထဲဆို ကျွန်တော် ..."
အဖေကျိုးက လက်ကိုဝှေ့ယမ်းကာတားလိုက်ပြီး "အာ မင်းကိုမေးတာမဟုတ်ဘူး ၊ ရှောင်ပိုင့်ကို သေချာသိမသိစစ်နေတာ"
ကျန့်စစ်ရဲ့နှလုံးသားလေး ကမောက်ကမဖြစ်သွား၏။
အား မဖြစ်ဘူးးး... သူတို့ပူးပေါင်းလိမ်လည်ဖို့ပြင်ထားတာက ကျိုးပိုင်နဲ့ပတ်သတ်တဲ့မေးခွန်းတွေပဲလေ ၊ ပြီးတော့ သူဆို ရက်နည်းနည်းကြာအောင်ပြင်ဆင်ထားခဲ့ရတာ။ ကျိုးပိုင်က သူနဲ့ပတ်သတ်ပြီး ဘာမှသိမှာမဟုတ်ဘူး။ နောက်ပြီး ဒီရက်ပိုင်းမှာ ကျိုးပိုင်ကအလုပ်များနေလို့ သူတို့နှစ်ကြိမ်ပဲတွေ့ခဲ့ကြတာ။ တစ်ရက်က သူအလွတ်ကျက်ရအောင် စာရွက်စာတမ်းလေးစုံပေးဖို့နဲ့ ကျန်တစ်ရက်က သူကျက်ထားတာတွေတိုးတက်မှုရှိမရှိစစ်ဖို့လေ။ ကျိုးပိုင်က သူနဲ့လက်ထပ်မယ့် ဒီလက်တွဲဖော်ကို သိပ်ပြီးစိတ်ဝင်စားတာမှမဟုတ်တာ။
မတတ်နိုင်ပေမယ့် ဒီဘိုးတော်က အရမ်းအကင်းပါးလွန်းတယ်။ ဒီတစ်ကြိမ်တော့ သူတို့ဟန်ဆောင်ထားတာတွေပေါ်ကုန်တော့မှာပဲ။ ကပ်သီးကပ်ဖဲ့မေးခွန်းတွေမမေးပါစေနဲ့လို့ပဲ ကျန့်စစ်ဆုတောင်းမိတယ်။ ဒါမှကျိုးပိုင်မှားဖြေရင်လည်း သူ့ဘက်ကဖုံးပေးလို့ရမှာလေ။
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}