62

5.4K 796 6
                                    

Unicode

ကျန့်စစ်သည် အားပြန်ပြည့်လာအောင် အိမ်တွင်းအောင်းပြီး ဘဝကိုနတ်ဘုရားလို ဖြတ်သန်း‌နေ၏။

ကျိုးပိုင်၏စိတ်ထဲတွင် မည်သည့်အရာများရှိနေသည်ကို မည်သူမှမသိနိုင်။ ပထမဆုံး သူကကျန့်စစ်အတွက် ကောင်းမြတ်သည့် ကွမ်ရင်မယ်‌တော်ဆွဲသီးကိုရယူကာ လည်ပင်းတွင်ဆွဲစေပြီး၊ ယင်းနောက်မှာ သူ၏အစားအစာများ၊ ရေချိုးခန်းနှင့်အိမ်သာသုံးပစ္စည်းများအားလုံးကို ကျိုးပိုင်က ဇွတ်အတင်းကိုယ်တိုင်ကိုယ်ကျ စီမံပေး၏။ အရမ်းလွန်လွန်းအားကြီးနေပေမဲ့ ကျိုးပိုင်က 'ဘာလို့ဒီလောက် ကလန်ကဆန်လုပ်နေရတာလဲ၊ မင်းသာကိုယ့်စကားနားမထောင်ရင် ကိုယ်မင်းကိုအပြတ်အသတ်နှိပ်စက်ပစ်မယ်' ဆိုသည့်မျက်နှာထားကို အမြဲလိုလို ဆင်မြန်းလို့ထားသည်။

ကျန့်စစ်၏စိတ်ထဲ၌ကား ဤလူတွင် 'မိထွေး' ၏မျက်နှာနှင့် '‌မွေးမိခင်' ၏အပြုအမူမျိုးရှိသည်ဟူ၍ပင်။

ဤ'‌မွေးသမိခင်'ကြီးတွင် အားလပ်ချိန်များများစားစားမရှိသည်မှာ နှမြောစရာကောင်းလှ၏။ ကျန့်စစ်တစ်ယောက် ပြန်လည်နာလန်ထူခါစတွင် ကျိုးပိုင်မှာ အလုပ်တောင်ပုံရာပုံကိုဖြေရှင်းရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။

ကျန့်စစ်ပြန်လည်ကျန်းမာလာပြီးနောက် အလုပ်ကိုပြန်ဝင်သည့် ပထမဆုံးနေ့မှာပင် ချောင်ကျစ်ချီက သူ့ရုံးခန်းထဲကို‌ ဖောက်ထွင်းဝင်လာ၏။

ချောင်ကျစ်ချီကသူ့ရင်ဘတ်ထဲ မျိုသိပ်ထားရ၍စုပုံနေသည့်စိတ်ခံစားချက်များကို ဖိနှိပ်ရင်းပြောလာသည် "ငါ့ဘက်က အားလုံးအဆင်သင့်ဖြစ်နေပြီ၊ ဒါပေမဲ့ မင်းကသူ့ကို ဘာမှမပြောသေးဘူးလား? ကျိုးပိုင် မင်းငါ့ကို ဘာကတိပေးထားလဲ?"

ကျိုးပိုင်သည် ကုလားထိုင်ကို‌နောက်မှီပြီး အချိန်ကြာကြာ စဉ်းစားနေလိုက်၏။

သူ့စိတ်သူတည်ငြိမ်အောင်အစွမ်းကုန်ကြိုးစားပြီးချိန်မှာတောင် ချောင်ကျစ်ချီက စိုးရိမ်နေဆဲပင်။ သူက ကတ်များအားလုံးကို လောင်းကြေးထပ်ခဲ့ပြီ၊ ကျိုးပိုင်က ယခုအချိန်ရောက်မှ လက်လျှော့လိုက်မည်ကို သူလက်မခံနိုင်။

Jiang Jiu [ဘာသာပြန်] {Completed}Où les histoires vivent. Découvrez maintenant