Unicode
Translator: dounai
Editor: mantouနောက်တစ်ရက်တွင် သူတို့နှစ်ဦးမြို့ပြရေးရာအစိုးရရုံးကိုသွားပြီး လက်ထပ်မှတ်ပုံတင်ထုတ်လိုက်ကြသည်။
ထိုနေ့က "ပြဿဒါးနေ့ကြီး" ဖြစ်သည့်အလျှောက် ကံကြမ္မာကိုပုံအပ်ကာလက်မှတ်ရေးထိုးကြမည့် စုံတွဲအနည်းငယ်သာရှိကြလေသည်။ သူတို့လည်းတန်းစီစရာမလိုသည့်အပြင် လုပ်ငန်းစဥ်အဆင့်ဆင့်တို့မှာ အကုန်လွယ်ကူချောမွေ့စွာပြီးဆုံးသွား၏။ မကြာခင်မှာပဲ သူတို့နှစ်ဦးအနီရောင်စာအုပ်ကိုရလိုက်ကြသည်။
နှစ်ဦးစလုံး ဒါနဲ့ပတ်သတ်ပြီးထွေထွေထူးထူးမခံစားရလိုက်ရ။
ကျန့်စစ်အတွက်မူ အမှန်တကယ်လက်ထပ်လိုက်ရသည်ဟုမခံစားရသလို ကျိုးပိုင်အတွက်တော့ကျင့်သားပင်ရနေပြီဖြစ်၏။
ထူးထူးခြားခြား ဘာအမှုမှမကြုံခဲ့။
ကားမတော်တဆလည်းမဖြစ်၊ ဓားပြလည်းမတိုက်၊ ရုတ်တရက် နာမကျန်းလည်းမဖြစ်သလို ကောင်းကင်ပေါ်ကလည်းဘာမှပြုတ်ကြမလာခဲ့... သာမန်နေ့လေးတစ်နေ့သာ။ ကျန့်စစ်ဘာအသက်အန္တရာယ်မှမကြုံတွေ့ခဲ့ချေ။
ဒါဆိုလည်းကောင်းတာပေါ့ နောက်ဆုံးတော့ ပြက္ခဒိန်တွေက အားကိုးလို့မရဘူးပဲ။
ဆက်လက်ပြီး သူတို့နှစ်ဦး အဖေကျိုးရှိရာဆေးရုံဆီ ချီတက်လိုက်ကြ၏။
အဖေကျိုးက လက်ထက်မှတ်ပုံတင်ကိုကြည့်၍ အားရကျေနပ်သွား၏။ သူက သူ့သားအားယောကျာ်းတစ်ယောက်ကိုလက်ထပ်ဖို့ခွင့်ပြုတာဟာ အရှက်ရစရာများဖြစ်လိမ့်မလားဟုစိုးရိမ်နေခဲ့သော်လည်း စုံတွဲယှဉ်ရပ်၍ရိုက်ထားသည့်ဓာတ်ပုံကိုကြည့်လိုက်ရာ သူတို့ကအလွန်လိုက်ဖက်မှုရှိလှပေသည်။ ရှောင်ကျန့်၏အပြုံးမှာ နူးညံ့ကာတောက်ပနေပြီး သူ့သားကတော့မျက်နှာထားတင်းမာနေပေမယ့် အရင်မင်္ဂလာဆောင်ပုံနှစ်ပုံနဲ့ယှဉ်လျှင် ပိုပြီးပျော့ပြောင်းကာသက်တောင့်သက်သာရှိပုံပေါက်သည်။
အင်းး သူတို့အတူတူဆိုကြည့်ကောင်းသားပဲ။
အဖေကျိုးရဲ့ ခွဲစိတ်မှုမှာရှောရှောရှူရှူပြီးသွားပြီး ဆေးစစ်ပြီးရက်အနည်းငယ်နေလျှင်ဆေးရုံကဆင်းနိုင်ပြီ။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေမှာလည်းပိုပြီးသက်သာလာပြီ။ ယခုဒီလူငယ်လေးနှစ်ဦးကဥပဒေအရလက်ထပ်ထားတဲ့စုံတွဲဖြစ်ပြီဆိုသောကြောင့် သူပိုပြီးအာရုံစိုက်ပေးနိုင်ပြီလေ။ "ရှောင်ပိုင် မင်းတို့နေဖို့အိမ်ရော အဆင်သင့်ဖြစ်ပြီလား?" သူမေးလိုက်၏။
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}