55

5.5K 878 22
                                    

Unicode

သူတို့ အမှန်တကယ်အကျင့်မရတာဖြစ်ကောင်းဖြစ်လိမ့်မည်။ သူတို့နှစ်ဦးလုံး အိပ်ပျော်ဖို့ရာခက်နေပြီး ကျန့်စစ်ကတစ်ဖက်သို့လှည့်ချင်သည့်အခါ မတော်တဆကျိုးပိုင်ကိုထိမိပြီး ရုတ်တရက် ပူပြင်းပြီးမာကျောသည့်အမည်မသိအရာတစ်ခုကို ပွတ်တိုက်မိသွားသည်။

ကျန့်စစ်တောင့်တင်းသွား၏။

ကျိုးပိုင်သည်လည်း စိတ်အိုက်နေပေမဲ့ ဆက်လက်ဟန်ကို့ထားလိုက်သည်။

အချိန်အနည်းငယ်စောင့်ပြီးနောက် ကျန့်စစ်က စိုးရိမ်သောကဖြင့်ပြောလိုက်သည် "အဲ့ဒါ…"

အသက်ပြင်းပြင်းရှူသွင်းပြီး ကျိုးပိုင်သည်ကျန့်စစ်ကိုဆွဲ၍ဖက်ကာ အသံကိုဖိနှိပ်ထားရင်းပြော၏ "အိပ်တော့!"

နောက်ထပ်မိနစ်နှစ်ဆယ်ကြာပြီးနောက် အဆုံးတွင် ကျိုးပိုင်တစ်ယောက်စိတ်ငြိမ်သွားပြီ။ သူငိုက်မျဉ်းလာစဉ်မှာ ကျန့်စစ်ရဲ့တရှပ်ရှပ်ဖြင့်ဖိနပ်လိုက်ရှာနေသည့်အသံကိုကြားလိုက်ရ၏။ "ဘာတွေဖြစ်နေတာလဲ?" သူကမေးလိုက်သည်။

"ကျွန်တော်ရေဆာလို့၊ ဧည့်ခန်းထဲမှာ ကျွန်တော့်ရေခွက်ကိုထားခဲ့မိတာ" ကျန့်စစ်က ပြန်ဖြေသည်။

ကျိုးပိုင်သည် အပြင်ဘက်ခြမ်းတွင်အိပ်သောကြောင့် သူ့ဖိနပ်ကို ရှာရလွယ်ကူသည်။ နှုတ်မှကျန့်စစ်ကိုတားလိုက်သည် "ကိုယ်သွားယူပေးမယ်"

အခန်းထဲမှထွက်လာရာ တံခါးနားတွင်ထိုင်နေသည့် အနက်ရောင်အရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ကျိုးပိုင် : "..."

အရိပ်မည်း : "..."

ကျိုးပိုင် : "အဖေ၊ လွန်လွန်းမနေဘူးလား?"

အိပ်ပျော်ခါနီးအထိနားစွင့်နေသည့်အဖေကျိုးက သူယုံကြည်ရာကိုစွဲပြီး ခပ်တိုးတိုးဆူလိုက်၏ "ဟမ့်! မင်းရဲ့ဒီကလေးအကွက်လေးကို ငါမသိလောက်ဘူးလို့ထင်နေတာလား! ရှောင်ကျန့်ရဲ့အိပ်ရာခေါင်းရင်းကနှိုးစက်နာရီက ငါ့ခေါင်းအုံးအောက်မှာပြုတ်ကျနေတာ။ တကယ်လို့ သူသာအမှန်တကယ်မာစတာအိပ်ခန်းထဲမှာအိပ်ရင် နှိုးစက်နာရီကဒီနေရာမှာဘာလို့ရှိနေရတာလဲ?"

Jiang Jiu [ဘာသာပြန်] {Completed}Where stories live. Discover now