50

5.8K 871 10
                                    

Unicode

ထိုအရာဟာ နှုတ်ခမ်းတစ်စုံပင်။

ထူထဲသောအမှောင်ထုထဲတွင် ကျိုးပိုင်ရဲ့အာရုံစိုက်မှုမှာ ထိုနှုတ်ခမ်းတစ်စုံဆီသို့ လုံးလုံးလျားလျားကျရောက်သွားပြီး - သူ ကျန့်စစ်ရဲ့နှုတ်ခမ်းဖျားမှ လိပ်ပြာတောင်ပံခတ်သည့်အလား သေးငယ်သောတုန်ယင်မှု‌လေးကိုပင်ခံစား‌နေရ၏။ အထိအတွေ့လေးက ပေါ့ပါးလွန်းလှပြီး သတိလက်လွတ်ဖြစ်ပုံရသည်။

ရည်ရွယ်ချက်ရှိရှိလား?  ဒါမှမဟုတ် မတော်တဆလား?

တစ်ဖက်လူ၏နွေးထွေးသောအသက်ငွေ့လေးက သူ့ပွေ့ဖက်မှုအောက်မှာပိတ်လှောင်နေပြီး ကျိုးပိုင်သည် သူ့လက်များကို တင်းတင်းကြပ်ကြပ်ဖက်ထားရုံမှတပါးမတတ်နိုင်တော့ပေ။ သူတို့ရဲ့ရင်ဘတ်များမှာ ကပ်တွယ်ထားသလို -  မည်သူ့ဆီကမှန်းမ‌ရေရာသည့် - လျင်မြန်ပြီးပြင်းထန်သော နှလုံးခုန်သံများကို ကြားနေရသည်။

ဒုတိယအချီတွင် သူကျန့်စစ်ရဲ့အောက်နှုတ်ခမ်းကို နမ်းလိုက်သည်။

"မစ္စတာကျိုး…" ကျိုးပိုင်က ကျန့်စစ်သူ့နာမည်ကိုခပ်တိုးတိုး‌ခေါ်သံကို ကြားလိုက်ရသည်။

ဒီတစ်ကြိမ်မှာတော့ ဒါဟာ မတော်တဆထိယှက်မှုမဟုတ်မှန်း သေချာသွားပြီ၊ ဒီလူ သူ့ကို ကျီစားနေတာပဲ!

အခု ဒီလူက သူ့ကိုပရောပရီလာလုပ်နေတာ!

ကျိုးပိုင်၏ဦးနှောက်ထဲရှိ အာရုံကြောများ ပေါက်ကွဲထွက်လုနီးနီးပင်။

နေ့ကောင်းရက်မြတ်တွေ လစ်လိုက်တော့၊ အဲ့ဒါက နည်းနည်းလေးတောင် မှန်မနေဘူး!

ကျိုးပိုင်သည်သူ့ကိုစားပွဲအစွန်းဆီတွန်းကပ်လိုက်ပြီး ကျန့်စစ်ကို ပြင်းပြင်းပြပြနမ်းရှိုက်ရန်ခေါင်းကိုငုံ့လိုက်၏။ ထိုအခိုက်အတန့် အလင်းရောင်ကောင်းကောင်းသာရှိလျှင် ကျန့်စစ်ရဲ့နီ‌ဆွေးနေသောမျက်နှာ; သတ္တိပုံဆောင်ခဲကို မြင်နိုင်လိမ့်မည်။

တုံ့ပြန်မှုကိုရရှိသည့်အတွက်ပျော်ရွှင်လာပြီး ကျန့်စစ်ရဲ့မျက်လုံးတို့က အပြုံးတစ်ပွင့်သို့ပြောင်းလဲသွားကာ ကျိုးပိုင်ရဲ့လည်တိုင်ကိုဖက်တွယ်ရန် သူ့လက်တို့ကိုဆန့်တန်းလိုက်သည်။

Jiang Jiu [ဘာသာပြန်] {Completed}Donde viven las historias. Descúbrelo ahora