21

7.4K 1.1K 17
                                    

Unicode

Translator: dounai
Editor: mantou

ဤသို့ဖြင့် ကျန့်စစ်မှာကျိုးပိုင်ဆီပြောင်းရွှေ့ခဲ့ရ၏။

ထုံးတမ်းနှင့်သွေဖယ်သည့်ထိမ်းမြားခြင်းဖြစ်သော်ငြား သူတို့ရဲ့ ပြသနာများအားလုံးကိုဒါကပဲပြေလည်‌စေသည်လေ။

ကျိုးပိုင်လည်း သူရဲ့အရင်ပါတနာနှင့်မရှင်းမရှင်းဆက်ဆံရေးကိုအဆုံးသတ်ခဲ့ကာ နောက်တစ်ခုထပ်ရှာဖို့ရန်လည်းစိတ်မပါခဲ့ချေ။ ကောင်းသည့်အချက်မှာ သူရဲ့ပူးပေါင်းပါတနာဖြစ်သည့်ကျန့်စစ်အပေါ် တလေးတစားဆက်ဆံခဲ့ခြင်းပင်။ ပိုင်ရှန်းမှအလုပ်ထွက်ပြီးနောက် ကျန့်စစ်သည် IT ကုမ္ပဏီတစ်ခုတွင် အလုပ်သစ်ရခဲ့ပြီး System ရေးဆွဲသူအဖြစ်အလုပ်လုပ်ခဲ့၏။ လစာရဲ့တစ်ဝက်ကို သူတို့ရဲ့'အသုံးစားရိတ်'အတွက်ပေးခဲ့ပြီး သူ၏စိတ်ရင်းနှင့်ကျေးဇူးတင်မှုကိုပြသခဲ့သည်။

ထိုသည်မှာ အတော်အတန်ကျယ်ဝန်းသော အခန်းလေးခန်းပါသည့်တိုက်ခန်းဖြစ်၏။ အိပ်ခန်းနှင့်စာကြည့်ခန်းမှာ ကျိုးပိုင်ရဲ့ကိုယ်ပိုင်နေရာဖြစ်ပြီး ကျန့်စစ်အတွက်လည်းကိုယ်ပိုင်အိပ်ခန်းတစ်ခန်းပေးထားသည်။ သူ့အခန်းရဲ့ကြမ်းပြင်ဧရိယာမှာ မကျဉ်းမြောင်းပေ၊ တစ်ယောက်အိပ်ခုတင်တစ်လုံးကိုနေရာချထားပြီး ကွန်ပျူတာခုံနှင့်ဗီဒိုထားရန်နေရာပင်ကျန်သေးသည်။ မီးဖိုချောင်၊ ဧည့်ခန်းနှင့်ရေအိမ်ကိုတော့ ဘုံပိုင်အသုံးပြုကြသည်။ ဤအချင်းအရာမှာ တစ်မိုးအောက်တွင်အတူနေကြပြီး တစ်ဦးဘဝကိုတစ်ဦးမစွက်ဖက်သည့်အိမ်အခန်းဖော်နဲ့ ရိုးရှင်းစွာတူလှသည်။ 

ပွင့်ပွင့်လင်းလင်းပြောရရင် ကျန့်စစ်သည် ဤအနေအထားကို အလွန်ပင်ကျေနပ်လေသည်။

စနေနေ့မနက်ခင်းတစ်ခုတွင် ကျိုးပိုင်ကကုမ္ပဏီကိုအလုပ်ကိစ္စတချို့သွားလက်စသတ်၍ဆယ်နာရီမတိုင်ခင်အိမ်ပြန်လာ၏။ တံခါးဝကိုအဝင် သရုပ်ဆောင်မင်းသား၏နားစူးဖွယ်အော်ဟစ်သံနှင့် ထိတ်လန့်သည်းဖိုအသံတချို့က သူ့အားစီးကြိုနေသည်။ သူအကြည့်ကို တီဗွီစခရင်မ်ပေါ်ရွေ့လိုက်ရာ သွေးများနှင့်အသားစများဟာနေရာအနှံ့ပြန့်ကျဲနေ၏။ သူမျက်ခုံးတွန့်ချိုးပြီး ဆိုဖာပေါ်လှဲနေသူကိုတစ်ချက်ကြည့်လိုက်သည်။

Jiang Jiu [ဘာသာပြန်] {Completed}Wo Geschichten leben. Entdecke jetzt