65

5.3K 765 1
                                    

Unicode

အချိန်ကြာမြင့်စွာ ကျိုးပိုင်က ရပ်ကွက်အတွင်းပိုက်စေ့တိုက်ရှာဖွေပြီး၊ ကျန့်စစ် မကြာခဏသွားရောက်လည်ပတ်လေ့ရှိသည့်နေရာများဖြစ်သည့် – ကုမ္ပဏီ၊ စူပါမားကတ်၊ အနီးနားရှိ ပန်းခြံ၊ သီးသန့်အိမ်ချက်စားသောက်ခန်း၊ အိုင်တီမောလ်… များသို့ အကြိမ်အနည်းငယ်ခန့်ရှာဖွေခဲ့သော်လည်း မည်သည့်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။

သူ စိတ်ပျက်လက်ပျက်ဖြစ်နေစဉ်မှာပင် အိမ်တံခါးသော့ဖွင့်သံကိုကြားလိုက်ရပြီး ကျန့်စစ်က မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှုအပြည့်ဖြင့် ဝင်ချလာ၏။

ကျိုးပိုင်တစ်ယောက် ထခုန်ရပ်ကာ "မင်းဘယ်သွားနေတာလဲ?"

"ရဲစခန်းကို" ကျန့်စစ်က သူ့အား ကြောင်တောင်တောင်ကြည့်လာ၏။

"ရဲစခန်းကို?"

"အင်း၊ အရာရှိချန်က ကျွန်တော့်ဆီဖုန်းဆက်ပြီး ရန်ရှုနဲ့ပတ်သက်တဲ့ တချို့မှတ်တမ်းတွေက မပြည့်စုံလို့ဆိုပြီး‌ပြောလာတယ်။ နောက်ထပ်မေးခွန်းဖြေဖို့နဲ့ အစအဆုံးထပ်ပြီးကတိပြုလက်မှတ်ထိုးဖို့ ရဲစခန်းကိုပြန်လာခဲ့အုံးလို့ တောင်းဆိုခဲ့လို့ပါ။ တော်တော်လေးဒုက္ခများတာပဲ”

"အိုး…"

ကျန့်စစ်၏မျက်လုံးတို့က စားပွဲပေါ်တင်ထားသော သဘောတူညီချက်စာချုပ်များအပေါ်ကျရောက်သွားပြီး "အင်း၊ မစ္စတာချောင်လည်း ဒီနေ့ရောက်လာပြီး ကျွန်‌တော့်ကို ဒီစာရွက်စာတမ်းတွေပေးသွားသေးတယ်"

ကျိုးပိုင်မှာ ကျောရိုးတလျှောက်တုန်ဆင်းသွားကာ တစ်ကိုယ်လုံးကြက်သီးများထသွားသလိုခံစားလိုက်ရ၏ "ဒါက ယာယီသဘောပါ၊ ကိုယ့်ကိုယုံ။ ကိုယ်က ဝတ္တရားအရသဘောတူခဲ့ရုံပဲ၊ ဒီလိုလုပ်​ဖို့ ဘယ်​တုန်းကမှမ​တွေးခဲ့ဘူး!" သူက ကမန်းကတန်းပြောလိုက်သည်။

"အဲ့ဒါဆို အမှန်ပဲပေါ့?" ကျန့်စစ်က တွေးတွေးဆဆမေးခွန်းထုတ်၏ "ရုတ်တရက်ကြီး မစ္စတာချောင်က အစုရှယ်ယာလွှဲတဲ့စာချုပ်ကို လက်မှတ်ထိုးဖို့လာပေးပြီး ကျွန်တော့်ရဲ့ရှယ်ယာတွေကို သူ့ဆီလွှဲပေးဖို့တောင်းဆိုလာတာ။ ဒါပေမဲ့ အဲဒါကဘာတွေလဲဆိုတာ ကျွန်တော်လည်း သိမနေဘူးလေ။ ကျွန်တော်ပိုင်တဲ့ ပိုင်ရှန်းရဲ့ရှယ်ယာတွေရှိထားတယ်ပေါ့?"

Jiang Jiu [ဘာသာပြန်] {Completed}حيث تعيش القصص. اكتشف الآن