12

8.4K 1.3K 20
                                    

Translator: dounai
Editor: mantou

Unicode

အဲ့ဒါဟာ လက်ဖဝါးသာသာဝက်ဝံရုပ်လေးဖြစ်၏။

ကျိုးပိုင် "..."

ကားမှန်ကိုချလိုက်သည်။

ကျန့်စစ်က ဝက်ဝံရုပ်ကိုလက်မှာကိုင်ပြီး ကျိုးပိုင်မျက်နှာကို ထိကာပွတ်ကာ 'ဂရားး' ဟူ၍လည်းပါးစပ်မှအသံထွက်နေ၏။

"... ကလေးကလားနဲ့" ကျိုးပိုင်က ဖာသိဖာသာတုံ့ပြန်လိုက်၏။

ကျန့်စစ်က နောက်လက်တစ်ဖက်မှာ ကော်ဖီခွက်နှစ်ခွက်ကိုင်ထားသည်။ ကျိုးပိုင်ကိုတစ်ခွက်ပေးရင်း ပြောလိုက်၏ "ကျွန်တော် ​ခုနကကော်ဖီသွားဝယ်တော့ အရောင်းဝန်ထမ်းက နောက်ထပ်ဒေါ်လာနှစ်ဆယ်ပေးရင်ဝက်ဝံရုပ်ရမယ်ဆိုလို့လေ။ ကြည့်ပါလား ၊ ဇာတ်ကားထဲက ဝက်ဝံနဲ့ တူတယ်မလား?"

ငါ့ဖင်ကြီးသာ တူနေလိုက်!

ကျိုးပိုင်က ကော်ဖီခွက်ကိုယူပြီး သူ့အား ကားပေါ်တက်ရန်လက်ဟန်ပြလိုက်သည်။

ကျန့်စစ်က ကားတစ်ဖက်ကိုသွားကာ ဘေးခုံတွင်ဝင်ထိုင်လိုက်၏။ ထိုင်ခုံခါးပတ်ကိုတပ်လိုက်ပြီး ကော်ဖီခွက်ကိုပြန်ယူကာ ကျိုးပိုင်ရဲ့ပါးစပ်နားကို တရိုတသေတေ့ပေးလိုက်ပြီး "နည်းနည်းလောက်သောက်ကြည့်ပါလား? လန်းသွားတာပေါ့"

ကျိုးပိုင်က စိတ်မပါလက်မပါ တစ်ငုံသောက်လိုက်ပြီး "ဘာကြီးလဲ ချိုရဲနေတာပဲ!"

ကျန့်စစ်က လက်ကိုပြန်ရုတ်ကာ "အိုးး ဒါဆို ကျွန်တော်ဒီခွက်ကိုသောက်လိုက်မယ်လေ။ နောက်တစ်ခွက်က သိပ်မချိုဘူး"

ကားကလေးကမောင်းထွက်သွား၏။ ဘေးတိုက်အနေအထားအရ ကျိုးပိုင်က ကျန့်စစ်တစ်ယောက် တည်တည်ငြိမ်ငြိမ်ပဲ သူသောက်ထားတဲ့ခွက်ကို သောက်နေသည်ကိုမြင်နေရ၏။ မသောက်ရသေးတဲ့ခွက်က ခွက်ထားတဲ့အကန့်မှာဖြစ်လောက်မည်...

ရုတ်တရက်ကြီး သူဘာကိုဒေါသထွက်နေမှန်း သတိမရတော့။

.

Translator: dounai
Editor: mantou

Zawgyi

အဲ့ဒါဟာ လက္ဖဝါးသာသာဝက္ဝံရုပ္ေလးျဖစ္၏။

က်ိဳးပိုင္ "..."

ကားမွန္ကိုခ်လိုက္သည္။

က်န္႔စစ္က ဝက္ဝံရုပ္ကိုလက္မွာကိုင္ၿပီး က်ိဳးပိုင္မ်က္ႏွာကို ထိကာပြတ္ကာ 'ဂရားး' ဟူ၍လည္းပါးစပ္မွအသံထြက္ေန၏။

"... ကေလးကလားနဲ႔" က်ိဳးပိုင္က ဖာသိဖာသာတံု႔ျပန္လိုက္၏။

က်န္႔စစ္က ေနာက္လက္တစ္ဖက္မွာ ေကာ္ဖီခြက္ႏွစ္ခြက္ကိုင္ထားသည္။ က်ိဳးပိုင္ကိုတစ္ခြက္ေပးရင္း ေျပာလိုက္၏ "ကြၽန္ေတာ္ ​ခုနကေကာ္ဖီသြားဝယ္ေတာ့ အေရာင္းဝန္ထမ္းက ေနာက္ထပ္ေဒၚလာႏွစ္ဆယ္ေပးရင္ဝက္ဝံရုပ္ရမယ္ဆိုလို႔ေလ။ ၾကည့္ပါလား ၊ ဇာတ္ကားထဲက ဝက္ဝံနဲ႔ တူတယ္မလား?"

ငါ့ဖင္ႀကီးသာ တူေနလိုက္!

က်ိဳးပိုင္က ေကာ္ဖီခြက္ကိုယူၿပီး သူ႔အား ကားေပၚတက္ရန္လက္ဟန္ျပလိုက္သည္။

က်န္႔စစ္က ကားတစ္ဖက္ကိုသြားကာ ေဘးခံုတြင္ဝင္ထိုင္လိုက္၏။ ထိုင္ခံုခါးပတ္ကိုတပ္လိုက္ၿပီး ေကာ္ဖီခြက္ကိုျပန္ယူကာ က်ိဳးပိုင္ရဲ့ပါးစပ္နားကို တရိုတေသေတ့ေပးလိုက္ၿပီး "နည္းနည္းေလာက္ေသာက္ၾကည့္ပါလား? လန္းသြားတာေပါ့"

က်ိဳးပိုင္က စိတ္မပါလက္မပါ တစ္ငံုေသာက္လိုက္ၿပီး "ဘာႀကီးလဲ ခ်ိဳရဲေနတာပဲ!"

က်န္႔စစ္က လက္ကိုျပန္ရုတ္ကာ "အိုးး ဒါဆို ကြၽန္ေတာ္ဒီခြက္ကိုေသာက္လိုက္မယ္ေလ။ ေနာက္တစ္ခြက္က သိပ္မခ်ိဳဘူး"

ကားကေလးကေမာင္းထြက္သြား၏။ ေဘးတိုက္အေနအထားအရ က်ိဳးပိုင္က က်န္႔စစ္တစ္ေယာက္ တည္တည္ၿငိမ္ၿငိမ္ပဲ သူေသာက္ထားတဲ့ခြက္ကို ေသာက္ေနသည္ကိုျမင္ေနရ၏။ မေသာက္ရေသးတဲ့ခြက္က ခြက္ထားတဲ့အကန္႔မွာျဖစ္ေလာက္မည္...

ရုတ္တရက္ႀကီး သူဘာကိုေဒါသထြက္ေနမွန္း သတိမရေတာ့။

Jiang Jiu [ဘာသာပြန်] {Completed}Where stories live. Discover now