47

5.7K 864 14
                                    


Unicode

“ကြည့်ကြည့်လိုက်ပါ…” ကျန့်စစ်က တူညီ‌သောအဖြေကိုပင် ထပ်ပေးလေသည်။

"သူ့အကြောင်းဘာကြည့်စရာရှိလို့လဲ!" ကျိုးပိုင်က ဖုန်းကိုပိတ်လိုက်သည်၊ ပြီးနောက် သူ့အားသြဝါဒချွေလေ၏ "ကျန့်စစ် ကိုယ်ပြောမယ်၊ ဒါမျိုးက မကောင်းတဲ့အလေ့အထပဲ၊ လူတစ်ယောက်အကြောင်းပိုသိချင်ရင် Baidu ကိုကြည့်ရုံနဲ့ ဘယ်လိုလုပ်ရမှာလဲ? ကိုယ်က မင်းရှေ့မှာ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာရှိနေတယ်လေ၊ မင်းသိချင်တာရှိရင် ကိုယ့်ကိုသာမေး။ ကိုယ်မင်းကို လျစ်လျူရှုထားမှာမှမဟုတ်တာ"

အထူးသဖြင့် သူ့မွေးနေ့၊ စိတ်ဝင်စားမှု၊ ဝါသနာနှင့် ဝင်ငွေ၊ ထိုအရာများက Baidu မှာ ယုံရောယုံရလို့လား?

"ခင်ဗျားအနားယူတာကို မနှောင့်ယှက်ချင်လို့ပါ" ကျန့်စစ်က မလုံမလဲပြုံးလိုက်၏။

"ရပါတယ်၊ ကိုယ်အခုမအိပ်ချင်ပါဘူး" ကျိုးပိုင်ကသဘောထားကြီးစွာပြောလိုက်သည်။

"အမ်း.. ဒါဆိုလည်း မေးမယ်လေ" ကျန့်စစ်က သူဖတ်ထား‌သောအချက်အလက်များကို ပြန်တွေးကြည့်သည်။ "အဲ့ဒါလေ မစ်စတာချောင်ကျစ်ချီက အာဏာရှင်သူဌေးကြီးချောင်ကျန်းကောရဲ့သားလား။ ဒါပေမဲ့ သူလုပ်နေတဲ့ ဝူဝေ့အင်တာတိန်းမန့်က ချောင်မိသားစုလုပ်ငန်းထဲမပါဘူးမလား?"

"..."

ငါနဲ့ဆိုင်တာတွေကိုမေးဖို့ သဘောတူထားတာ‌လေ! ဘာလို့ ချောင်ကျစ်ချီပဲ ဖြစ်နေရတာလဲ! ချောင်ကျစ်ချီလေးပဲလေ၊ သူ့အကြောင်းသိလို့ ဘာများကောင်းမှာမို့လို့လဲ!

ကိုယ်တိုင်တူးထားတဲ့တွင်းကို ကိုယ်တိုင်ဖြည့်ရန်သာ.. ဒူးထောက်ခိုင်းရင်တောင်မှပင်။ ကျိုးပိုင်က ဒေါသကိုထိန်းပြီး “သူက ချောင်ကျန်းကောရဲ့မွေးစားသား။ ချောင်ကျန်းကောမှာ မိန်းမနှစ်ယောက်နဲ့ သူ့နံဘေးမှာပျိုးထောင်ခဲ့တဲ့သားအရင်းသုံးယောက်ရှိတယ်။ အခုတော့သူတို့တွေ မိသားစုအမွေဆက်ခံဖို့ တိုက်ခိုက်နေကြပြီ။ ချောင်ကျစ်ချီလို သက်တမ်းတစ်ဝက်လောက်လုပ်‌ကျွေးခဲ့ရတဲ့ မိဘမဲ့‌တစ်ယောက်က မိသားစုအမွေရလိမ့်မယ်ထင်လား?

Jiang Jiu [ဘာသာပြန်] {Completed}Hikayelerin yaşadığı yer. Şimdi keşfedin