Translator: dounai
Editor: mantouတုပ်ကွေးသည် အချိန်အခါကောင်းမဟုတ်တွင် ရောက်ချလာ၏။
သူအဖျားတက် ခေါင်းကိုက်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ အက်ရှရှအသံကြားမှပင် အလုပ်မှအနားမယူနိုင်ခဲ့၊ ပိုင်ရှန်းဖလင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ထားသော ထိပ်တန်းရုပ်ရှင်ကြယ်ပွင့်တစ်ဦး၏စာချုပ်တွင် တစ်စုံတစ်ရာမှားယွင်းမှုဖြစ်ခဲ့သည်။
ဤသည်မှာ သူကိုယ်တိုင်တက်ရောက်ရမည့်ကိစ္စရပ်ဖြစ်သဖြင့် ကျိုးပိုင်သည် သူ၏လူမမာခန္ဓာကိုယ်ကိုတရွတ်တိုက်ဆွဲရင်း လေယာဉ်ပေါ်တက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ချေ။
ကျန့်စစ်က သူ့နာမကျန်းဖြစ်နေသောအသွင်အပြင်ကိုကြည့်ရင်း စိတ်ပူလာသည်။ ထိုမနက်စောစောတွင် သူသည် Mask နှင့် တုပ်ကွေးပျောက်ဆေးတစ်ချို့ကို စီစဉ်ထားခဲ့၏၊ သို့သော်လည်း ကျိုးပိုင်က မကျေမနပ်ဖြစ်ဆဲပင်။ ဆိုဖာကိုမှီရင်း နှုတ်ခမ်းဖျားလေးဖြင့်ပြောလိုက်သည် "ကျစ်စ် ပါးစပ်ထဲမှာ အနာပေါက်နေပြီ"
"ဘယ်နားမှာလဲ?" ကျန့်စစ်က *ဖရဲသီးနှင့်ပြုလုပ်ထားသည့်စပရေးကို သွားယူလိုက်သည်။ (*အပူငြိမ်းအောင် ဖျန်းတဲ့ဆေးရည်)
"သုံးနေရာတောင်..." ကျိုးပိုင်က ပါးစပ်ဟကာ "ဒီနား၊ ဒီနားနဲ့ လျှာပေါ်မှာ"
"တော်တော်ဆိုးတာပဲ၊ အပူတွေ ဘယ်လောက်များလို့ပါလိမ့်" ကျန့်စစ်က တလေးတယူပြောလိုက်သည်။
ကျိုးပိုင်က အသက်မဲ့သည့် မျက်နှာထားကိုဆင်မြန်းထား၏။
ဖရဲသီးစပရေးကိုအနည်းငယ်ဖျန်းပြီးနောက် ကျန့်စစ်က ကိုယ်အပူချိန်တိုင်းလိုက်သည် "၃၇.၈ ဒီဂရီ၊ ခင်ဗျားအိမ်မှာပဲနေလိုက်ပါလား"
"မရဘူး၊ သူတို့ဘာသာသူတို့ဆို ဖြေရှင်းနိုင်မှာမဟုတ်ဘူး" ကျိုးပိုင်က ယောက်ယက်ခတ်နေပြီ။
"အဲ့ဒါဆိုလည်း ပြီးတာပါပဲ" ကျန့်စစ်က မြည်တမ်းလိုက်၏ "ဥက္ကဌတစ်ယောက်အတွက်လည်း ပိုက်ဆံရှာရတာ ခက်ခဲသားနော်"
"ကိုယ်နဲ့လိုက်ခဲ့ပါလား" ကျိုးပိုင်က ရုတ်တရက်ထပ်ပြောလိုက်သည်။
VOUS LISEZ
Jiang Jiu [ဘာသာပြန်] {Completed}