Translator: dounai
Editor: mantouUnicode
ချက်ချင်းလက်ငင်းပင် ကျန့်စစ်မှာတော့ "သူဘယ်လိုလုပ်ပြီး ငါ့အကြောင်းတွေဒီလောက်သိနေရတာလဲ" ဆိုသည်နှင့် "ယောကျာ်းတစ်ယောက်အပေါ် ဒီနတ်ဘုရားအဆင့်အီစီကလီစကေးကြီးကဘယ်လိုတွေတောင်လား" ဆိုသည့်ကြား ရှော့ရနေ၏။ သူ့စိတ်သူတောင်မစုစည်းနိုင်လိုက်ပေ။
ဆိုလိုတာက ဒီလူကသူ့အပေါ် အလေးအနက်ထားခဲ့တယ်ပေါ့? အဲ့ဒီ 'အချက်အလက်'တွေအကုန် ဘယ်ကရတာလဲ? သူအလုပ်သင်ဆင်းခဲ့တဲ့ဌာနက လုပ်ဖော်ကိုင်ဖက်တွေဆီကလား?
အဲ့ဒီတော့ ဒီလူလည်း ရက်အနည်းငယ်အချိန်ကုန်ခံပြီး ဒါတွေကိုအလွတ်ကျက်ခဲ့သေးတာပေါ့?
အဲ့ဒီတော့ သူလည်း သူလုံးဝမသိတဲ့လူတစ်ယောက်ကို တကယ်ပဲလက်မထပ်ချင်ဘူးပေါ့။
ကျန့်စစ်ခေါင်းထဲ ထိုအတွေးများပြည့်နှက်နေပြီး နှလုံးသားထဲသိမ်းဆည်းထားတဲ့ မသက်မသာခံစားမှုအများအပြားလည်း အငွေ့ပျံပျောက်ကွယ်ကုန်၏။
သူတို့ဟာ အချစ်အတွက်ကြောင့် အတူနေကြခြင်းမဟုတ်။
လက်ထပ်ပြီးရင်လည်း သူတို့ဘဝထဲဘာမျှော်လင့်ချက်မှထားနေစရာမလိုလောက်ဘူး။ ထိုသူက အချစ်စစ်ကိုရှာတွေ့သွားရင် သူတို့ကွာရှင်းကြလိမ့်မယ်။ တစ်နေ့မှာ သူ့ဘဝကြီးပျင်းရိငြီးငွေ့လို့စိတ်ဓာတ်ကျကောင်းကျလိမ့်မယ်။ ဒါပေမယ့် ယခုလက်ရှိမှာတော့ သူတို့ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတဲ့သူတွေလေ။
အဆင်ပြေသားပဲ။
ကျန့်စစ်က အဖေကျိုးပြန်ရန်အတွက် တာဝန်ကျသူနာပြုဆရာမကိုသွားခေါ်နေ၏။ အဖေကျိုးက ကျိုးပိုင်အားပြောလိုက်သည် "ငါ နှလုံးခွဲစိတ်ကုသမှုခံယူမယ်။ မင်းနဲ့ကျန့်စစ် အဆင်ပြေအောင်ရမယ်နော်"
ကျိုးပိုင် သဘောတူလိုက်သည် "အင်း" ။
"မင်းဒီမှာငါ့နဲ့အတူအဖော်ပြုပေးစရာမလိုဘူး။ မင်းတို့နှစ်ယောက်အပြင်လေးဘာလေးထွက်ပြီး ဒိတ်လုပ်ကြလေ"
"ဟုတ်ကဲ့ပါ" ကျိုးပိုင်က သူ့အဖေကို စောင်ကူခြုံပေးလိုက်သည်။ "ကျွန်တော် ဒါပြီးရင်သူနဲ့ရုပ်ရှင်သွားကြည့်မလို့။ သူလည်း လီယိုနာဒိုဒီကာပရီယို ကြိုက်တယ်တဲ့ ၊ ပြီးတော့ 'The Revenant' ဆိုတဲ့ကားကိုကြည့်ချင်တယ်ပြောတယ်"
YOU ARE READING
Jiang Jiu [ဘာသာပြန်] {Completed}