Unicode
Translator: dounai
Editor: mantouဒီရက်ပိုင်းတွင် ကျန့်စစ်အလွန်ကိုအလုပ်များနေ၏။
သူအလုပ်လုပ်သည့်ကုမ္ပဏီက ကွန်ပျူတာဂိမ်းတစ်ခုထုတ်မည်ဖြစ်ပြီး သူ့ရဲ့အထက်လူကြီးကအချိန်မလောက်ဟုဆိုသောကြောင့် သူလည်း နေ့တိုင်းလိုလိုအချိန်ပိုဆင်းနေရသည်။ယခင်တုန်းက ကျိုးပိုင်ည၈နာရီ၉နာရီလောက်အိမ်ပြန်ရောက်လျှင် သူကအတော်နောက်ကျနေပြီဟုထင်ခဲ့သည်။ ယခုတော့ ကျန့်စစ်တစ်ယောက် ည၁၁နာရီသန်းခေါင်ယံလောက်မှ အလုပ်ဆင်းရပြီး သူအိမ်ပြန်ရောက်သည့်အခါ ကျိုးပိုင်ကအိပ်ပျော်နေလေပြီ။ သူလည်း ရေမိုးချိုးပြီးဆူညံသံမထွက်အောင်သတိထားပြီး စားသောက်ဖို့သာတတ်နိုင်တော့သည်။
သူညစာစားပြီးဖြစ်ပေမယ့် အခုလိုညအချိန်နောက်ကျသည့်အထိနေရသဖြင့် သူ့ဗိုက်လေးမှာဆာလွန်း၍တဂွီဂွီမည်နေတော့သည်။ နှစ်ရက်မျှအဆာလွန်ကာအိပ်မရဖြစ်ပြီးနောက် သူလည်းနာကျင်စွာသင်ခန်းစာယူပြီး ရေခဲသေတ္တာထဲအစားအစာတစ်ပုံကြီးဖြည့်ရန် စူပါမားကတ်သို့သွားလိုက်သည်။ သူညသန်းခေါင်အိမ်ပြန်ရောက်သည့်အခါ စားဖို့ရာတစ်ခုခုကြံစည်နိုင်မည်လေ။
ပုံမှန်အားဖြင့် အားလည်းသိပ်မစိုက်ရသလို သူများကိုနှောင့်ယှက်မည့်ဆူဆူညံညံသံမပေးသည့် ခေါက်ဆွဲနှင့်ဖက်ထုပ်အနည်းငယ်ကိုသာပြုတ်လေ့ရှိသည်။ သို့ပေမယ့် ဒီနေ့မှာတော့ သူ'ပျက်ဆီးခြင်းငါးပါးဆိုက်ပြီ'ဟုဆိုနိုင်ပေသည်။ နေ့လည်စာစားချိန် တဝကြီးသွပ်နေစဉ် သူ့ရဲ့အထက်လူကြီးမှသူ့ကိုခေါ်ကာ လုပ်ငန်းအဆိုပြုချက်ကဖြုတ်ချခံလိုက်ရပြီး အသစ်ထပ်လုပ်ရမည်ဟု ပြောလာသည်။ ညစာကတော့ ကျန့်စစ်တစ်ယောက် ဒီဇိုင်းရေးဆွဲသူနှင့်အငြင်းအခုံလုပ်ရင်း ပေါင်မုန့်တစ်ချက်သာစားခဲ့ရ၏။ ယခုအထိသည်းခံခဲ့ရပြီး သူ့မျက်လုံးများပင် ဆာလောင်မှုကြောင့်စိမ်းနေပြီ။
အစာအိမ်ထဲဆာလောင်မွတ်သိပ်မှုအပြည့် ဝမ်းတွင်းထဲနာကျည်းချက်အပြည့်တို့ဖြင့် ကျန့်စစ်သည်အေပရွန်တစ်ထည်ကောက်ဝတ်ကာ လက်ထဲရှိယောက်မကိုယမ်းလိုက်ပြီး – ဒီညတော့ တစ်ဝကြီးဆွဲပစ်မယ်! လောလောလတ်လတ်ချက်ထားတဲ့ဟင်း! လောလောလတ်လတ်တည်ထားတဲ့စွပ်ပြုတ်! လောလောလတ်လတ်ချက်ထားတဲထမင်း! ငါ့ရဲ့သနားစရာဗိုက်လေးကို အပြည့်အဝကျေနပ်တဲ့အထိဖြည့်ပစ်မယ်!
CITEȘTI
Jiang Jiu [ဘာသာပြန်] {Completed}